0


ပြီးခဲ့တဲ့လက ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် ကာတာနဲ့ကစားခဲ့တဲ့ပွဲမှာ ဟောင်ကောင်ပရိသတ်တွေဟာ တရုတ်နိုင်ငံတော်သီချင်းကို လှောင်ပြောင်အော်ဟစ်ခဲ့ကြလို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) က ဟောင်ကောင်ဘောလုံးအဖွဲ့ချုပ် (HKFA) ကို ဟောင်ကောင်ဒေါ်လာ ၄၀ ၀၀၀ ဒဏ်ရိုက်ခဲ့တယ်လု့ သိရပါတယ်။
၁၉၉၇ခုနှစ်က ဟောင်ကောင်ကို အမေရိကန်လက်ကနေ တရုတ်ထိန်းချုပ်မှုအောက်ပြန်ထားရှိပြီးနောက်ပိုင်းကတည်းက တရုတ်နိုင်ငံ တော်သီချင်းကို ဟောင်ကောင်ရော၊ ပြည်မကြီးတရုတ်ပါ ဘုံအဖြစ်အသုံးပြုလာခဲ့ကြတာဖြစ်ပါတယ်။
အလားတူလှောင်ပြောင်အော်ဟစ်တဲ့ဖြစ်ရပ်မျိုးတွေအတွက် ဖီဖာက ဟောင်ကောင်အဖွဲ့ချုပ်ကို အရင်ကလည်း သတိပေးခဲ့ဖူးပါတယ်။
ပြီးခဲ့တဲ့နှစ်က ဖြစ်ခဲ့တဲ့ ဒီမိုကရေစီအရေးလှုပ်ရှားတဲ့ လူထုဆန္ဒပြပွဲတွေရဲ့ အရှိန်ကြောင့် ဟောင်ကောင်မှာ ဘေဂျင်းဆန့်ကျင်ရေးစိတ် တွေ တိုးပွားလားခဲ့ပါတယ်။
ဟောင်ကောင်အသင်းဟာ နိုဝင်ဘာ ၇ ရက်နေ့မှာ မြန်မာအသင်းနဲ့ ယှဉ်ပြိုင်ကစားဖို့ရှိပြီး နိုဝင်ဘာ ၁၇မှာတော့ တရုတ်အသင်းကို အိမ်ကွင်းမှာ ဧည့်ခံရမယ်လို့ သိရပါတယ်။
Ref: BBC


Kumudra

Post a Comment

 
Top