0



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီအား ထောက်ခံမဲပေးခြင်းသည်
အခြေခံဥပဒေပြင်ဆင်လိုပါသည်ဟု ပြည်သူ့ဆန္ဒထုတ်ဖော် ခြင်းပင်ဖြစ်ကြောင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြော
ကြားလိုက်သည်။
အခြေခံဥပဒေပါ ပုဒ်မ ၄၃၆ အားပြင်ဆင်ရန် ပြည်သူ ၅ သန်းက ဆန္ဒပြုခဲ့သော်လည်းကျန်ရှိသည့် ပြည်သူ များဆန္ဒမပါဝင်ဟု ဆိုကာ အခြေခံဥပဒေပြင်ဆင်ရန်ငြင်းဆန်နေသူများအား NLD ကို ထောက်ခံခြင်းဖြင့် အခြေခံ ဥပဒေပြင်ဆင်ရန်ပြည်သူအများစုက ဆန္ဒရှိသည်ကို ထုတ်ဖော်ပြသခြင်းပင်ဖြစ်ကြောင်းဒေါ်အောင်ဆန်းစုကြည် ကယနေ့တွင် ခန္တီးမြို့၌ ပြုလုပ်သည့် ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးဟောပြောပွဲတွင်
ပြောကြားခဲ့သည်။
ဓာတ်ပုံ - ဂျေမောင်မောင် (အမရပူရ)
7Day Election

Post a Comment

 
Top