0


ယနေ့ကမ္ဘာ့စီးပွားရေးဇာတ်ခုံပေါ်တွင် ကြည့်လိုက်ပါက အောင်မြင်ကြီးပွားချမ်းသာရန် အမြန်ဆုံးနယ်ပယ်မှာ IT နယ်ပယ်ဖြစ်သလို စွန့်ဦးတီထွင် လုပ်ငန်းရှင်များအများဆုံးပေါ်ထွက်သည့်နယ်ပယ်လည်းဖြစ်သည်။ ထို့အတူ အကူးအပြောင်းကာလတွင် တံခါးဖွင့်မူဝါဒကြောင့် နိုင်ငံတကာနှင့် ပြန် လည်ကူးလူးဆက်ဆံခဲ့သည့်မြန်မာနိုင်ငံတွင်လည်း IT လုပ်ငန်းများပိုမိုဖွံ့ဖြိုးတိုးတက်လာခဲ့သလို စွန့်ဦးတီထွင်လုပ်ငန်းရှင်များ လည်း အောင်မြင် မှုရလာခဲ့သည်။ ထိုသို့ IT လောကမှာအောင်မြင်မှုရလာသည့် စွန့်ဦးတီထွင်လုပ်ငန်းရှင်များထဲကတစ်ဦးမှာ ဦးထွန်းထွန်းနိုင်ဖြစ်သည်။ သူနှင့် ပါမောက္ခဒေါက်တာအောင်ထွန်းသက်တွေ့ ဆုံခိုက်မှာတော့ သူဖြတ်သန်းခဲ့ရသည့် စွန့်ဦးတီထွင်လုပ်ငန်းရှင် တစ်ဦး၏ အတွေ့ အကြုံ များကို ယခုလို ပြောဖြစ်ခဲ့ကြပါသည်။
ပါမောက္ခဒေါက်တာအောင်ထွန်းသက် ။ ။ Harvard Business Review မှာကြည့်လိုက်ရင် သူတို့က တစ်ကမ္ဘာလုံးမှာရှိတဲ့ Business Leader Profile တွေထည့်တယ်။ ဆရာလည်းမြန်မာနိုင်ငံ မှာလည်းဒီလိုလူတွေရှိတာပဲဆိုပြီး B2B Cover Story လုပ်တယ်။ အဲဒီလိုလုပ်တဲ့အခါ ဆရာအခု Cover Story မှာမေးတာသုံးပိုင်း ပေါ့။ အခုလက်ရှိလုပ်နေတဲ့အနေအထားရယ်။ ဒုတိယပိုင်းက ဘယ်ကစလဲ Journey ပေါ့။ ပြီးတော့မှ Future အကြောင်းပေါ့။ အဲဒီတော့လက်ရှိအခြေအနေစမပြောခင် ဦးထွန်းထွန်းနိုင်အနေနဲ့ ဆုနှစ်ခုရထားတယ်။ တစ်ခုက နိုင်ငံတော်သမ္မတကြီးကပေးတဲ့ဆု၊ နောက်တစ်ခုက အာဆီယံကပေးတဲ့ဆုပေါ့။
ဦးထွန်းထွန်းနိုင် ။ ။ အာဆီယံမှာနှစ်ဆုပါဆရာ။ တစ်ဆုက Business Award ပါ။ နောက်တစ်ဆုက ICT Award ပါ။
အဲဒီအခုရလာတဲ့သုံးဆုပေါ့။ သမ္မတကြီးကချီးမြှင့်တဲ့ဆုနဲ့စကြည့် ရအောင်။
ပထမဆုံးအနေနဲ့ ကျွန်တော်တို့က ASEAN BUSINESS AWARD ရပါတယ်။ The Most Admired Entreprise ပေါ့နော်။ အဲဒီမှာ ကျွန်တော့်အနေနဲ့ Young Entrepreneur ဆု ကိုရပါတယ်။ မြန်မာနိုင်ငံကခြောက်ယောက်ရွေးတယ်။ ဒါပေမဲ့ အာဆီယံLevel ကျတဲ့အခါ မြန်မာပြည်ကိုယ်စားကျွန်တော်တစ် ယောက်ပဲရပါတယ်။ တခြားနိုင်ငံတွေကတော့ စင်ကာပူကလေး ယောက်၊ ဖိလစ်ပိုင်ကတစ်ယောက်ရတယ်။ သူက Category ခြောက်ခုပေါ့။ နောက်တစ်ဆုကတော့ ကျွန်တော့်အနေနဲ့ ASEAN ICT Award ပါ။ အဲဒါက ICT Industries ကိုပေးတာပေါ့။ အဲဒီမှာ တော့ Category ရှစ်ခုရှိပါတယ်။ အဲဒီရှစ်ခုမှာ ကျွန်တော့် Category က CSR Category နဲ့ ၂၀၁၄ ခုနှစ်မှာဝင်ပြိုင်ထားပါ တယ်ခင်ဗျ။ ၀င်ပြိုင်တော့ အဲဒီမှာပထမဆုအနေနဲ့ရပါတယ်ခင်ဗျ။ ဘန်ကောက်မှာပြုလုပ်ကျင်းပခဲ့တဲ့ အာဆီယံ Telecom Minister တွေ အစည်းအဝေးမှာ သူတို့ခမ်းခမ်းနားနားနဲ့ ၂၀၁၄ ခုနှစ် ASEAN ICT Award ကိုပေးပါတယ်ခင်ဗျ။ နောက်ဆုံးရတဲ့ဆုက တော့ နိုင်ငံတော်သမ္မတရဲ့နိုင်ငံ့စွမ်းဆောင်ရည်ဆုပေါ့။ ဒီနှစ်မှာမှ Service Industry ကိုထည့်ပါတယ်။ အဲဒီမှာမှ နိုင်ငံ့စွမ်းဆောင် ရည်ဆုသမ္မတကြီးကိုယ်တိုင်ပေးတာပထမရတာပေါ့။ ပထမရတဲ့ လူတွေကိုပေးတာပေါ့။ အဲဒါနောက်ဆုံးရတဲ့ဆုပါ။
Category ဘယ်လောက်ရှိပါသလဲ။
CATEGORY က သူက Business CATEGORY ဆိုရင် ခုနစ်ခုရှိပါတယ်ခင်ဗျ။ အသင်းအဖွဲ့အစည်းတွေပါတယ်။ Nan Profit ပါတယ်။ Profit ပါတယ်။ အဲဒီမှာ မွေးမြူရေးပါတယ်။ စိုက်ပျိုးရေးပါတယ်။ Manufacturing ပါတယ်။ Services ပါတယ်။ အဲဒါတွေလည်းပါတယ်။ လူမှုဆိုင်ရာဆုတွေလည်းပါပါတယ်။ နောက်တစ်ခါ သာသနာရေးဆိုင်ရာဆုတွေလည်းပါပါတယ်။ ကျွန်တော်တို့က စီးပွားရေးဆိုင်ရာလုပ်ငန်းရှင်ဆုမှာ ၀န်ဆောင်မှု လုပ်ငန်းပိုင်းမှာရတာပါ။
အာဆီယံပထမဆု BusinessAward ကျတော့ကော CATEGORY ကဘယ်လိုနေလဲ။
အဲဒါက Young Entrepreneur ပါ။ နောက်တစ်ခါ ICT ကကော။ အဲဒါက ICT ပါ။
CSR ကိုနည်းနည်းရှင်းပြပေးပါဦး။
ကိုယ်ကိုယ်တိုင်စိတ်ဝင်စား တယ်။ ကျွန်တော်တို့အလုပ်စလုပ်ကတည်းက Call Center စတည်ထောင်ကတည်းက လူတွေအဆင်ပြေဖို့အတွက်ဦးစားပေးပြီး စီးပွားရေးကိုစလုပ်ပါတယ်။ အဓိကကတော့ လူတွေ Information အခက်အခဲဖြစ်နေတာတွေကို အလွယ်တကူဖြေနိုင်ဖို့အတွက် ကျွန်တော်တို့က Target ထားလုပ်တာပေါ့။ လုပ်ရင်းကနေ ဘာတွေ စိတ်ဝင်စားလာလဲဆိုတော့ လူတွေအတွက်အကျိုးပြုအောင်ဘယ် လိုလုပ်ရမလဲဆိုတဲ့ ကျွန်တော့်ရဲ့ Operation ပိုင်းကို ကျွန်တော် အမြဲတမ်းစဉ်းစားတယ်။ စဉ်းစားတဲ့အခါ ကျွန်တော်က ပထမဦးဆုံး ဘာသွားတွေ့လဲဆိုတော့ အမြန်လမ်းမကိုသွားတွေ့တယ်။ အမြန် လမ်းမှာကား Accident တွေခဏခဏဖြစ်တယ်။ ကားတွေ ပြဿနာဖြစ်တယ်ပေါ့။ သူတို့က နိုင်ငံခြားမှာဆိုရင် Hotline တွေ ရှိတယ်။ လိုင်းကောက်ကိုင်လိုက်တာနဲ့ Emergency Rescue ရောက်တယ်ပေါ့။ ဒီမှာဆက်စရာနံပါတ်တွေ အများကြီးပေးထာတယ်။ တော်ရုံတန်ရုံ Pacnic ဖြစ်တဲ့အချိန်မှာမဆက်နိုင်ကြဘူး။ အဲဒါနဲ့ ကျွန်တော်က MRTV-4 နဲ့ပေါင်းပြီး အဲဒါဆိုရင် ဒီနံပါတ် တစ်ခုကိုပေးပါမယ်။ 1880 ဆိုပြီးတော့ပေးပါတယ်။ နောက်ပိုင်း Back-end Operation တွေအကုန်လုံးကိုဖြေပေးပါတယ်။ 1880 ကိုဆက်လိုက်ရင် ကျွန်တော်တို့ဆီမှာတော့ဘာမှမရှိဘူး။ ဒါပေမဲ့ ကျွန်တော်တို့ဘာရှိလဲဆိုတော့ အဲဒီမိုင်တိုင်နားမှာရှိတဲ့သက်ဆိုင်ရာ Agency တွေရဲ့ Contact Number တွေအကုန်ရှိတယ်။ အဲဒီ မိုင်တိုင်မှာတာဝန်ကျတဲ့ရဲက နံပါတ်ဘယ်လောက်၊ ကြက်ခြေနီက နံပါတ်ဘယ်လောက်၊ Medical Unit တွေကဘယ်လောက်။ တစ်ခုခုဖြစ်တာနဲ့ ကျွန်တော့်ဆီမှာရှိတဲ့လူဆယ်ယောက်ကတစ်ပြိုင် နက် အဲဒီပတ်ဝန်းကျင်မှာရှိတဲ့လူတွေကိုဆက်လိုက်တယ်။ ဆက် တဲ့အခါအရင်တုန်းသူ Rescue Time က မိနစ် ၃၀-၄၅ မိနစ် လောက်ကြာပါတယ်။ အခု Recue Time ကငါးမိနစ်အတွင်း မှာအရင်ဆုံးရောက်သွားတယ်။ Response Rete ကအရမ်းမြန် ပါတယ်ခင်ဗျ။ အနီးစပ်ဆုံးလူကို Inform လုပ်လိုက်တဲ့အတွက် အနီးစပ်ဆုံးလူကချက်ချင်းသွားပါတယ်။ သူကတစ်ဆင့်လိုတဲ့ဟာ ပေါ့နော်။ Ambulance ဆိုလည်း Ambulance ပေါ့။ ရဲဆိုလည်း ရဲပေါ့။ အဲဒါကိုဆက်တယ်ခင်ဗျ။ အဲဒီမှာကျွန်တော်တို့က Accident Rate၊ အသေအပျောက်နှုန်းက တဖြည်းဖြည်းကျလာပါတယ်။ ဆေးရုံမြန်မြန်ပို့နိုင်တယ်။ အဲဒီလိုဟာမျိုးတွေပေါ့။ နောက်တစ်ခုက 1880 ကနေသွေးလှူပါတယ်။ ကျွန်တော်တို့ဆီမှာလည်းဝန်ထမ်းက ခြောက်ရာ၊ ခုနှစ်ရာ၊ Part Time နဲ့ဆိုရင် ရှစ်ရာလောက်ရှိတဲ့ အတွက် ကိုယ်ကိုယ်တိုင်သွေးလှူတဲ့ Team လေးတွေဖွဲ့ထားတယ်။ 1880 Emergency သွေးလိုအပ်ရင် ကျွန်တော်တို့ဆီဆက်တယ်။ ကျွန်တော်တို့ဆီမှာရှိတဲ့ဝန်ထမ်းတွေက ဘယ်သူလှူနိုင်လဲ၊ လှူနိုင် ရင်မင်းတို့အရင်သွားလှူ၊ တကယ်လို့ကိုယ့်ဆီမှာက သွေးလှူတဲ့ဟာ ရက် ၄၀ နား၊ ရက် ၅၀ နားတယ်။ အဲဒါတွေပြည့်သွားပြီဆိုမှ သူများအသင်းကို ကျွန်တော်တို့ချိတ်ပေးတယ်ပေါ့။ အဲဒါလေးအခု ကျွန်တော်တို့လုပ်လာတာခြောက်လလောက်ရှိပါပြီ။ ဒီမှာဝန်ထမ်း တွေကလည်း ပျော်ပျော်ရွှင်ရွှင်နဲ့ပူးပေါင်းပါဝင်ကြပါတယ်ခင်ဗျ။ ကျွန်တော်တို့ကဘာတွေလုပ်လဲဆိုတော့ ဘုန်းတော်ကြီးစာသင် ကျောင်းတွေမှာ အဓိကကတော့ သူများတွေအကုန်လုံးကလိုအပ် တဲ့ဟာတွေလှူပါတယ်။ ကျွန်တော်တို့က Medical Check Up ကိုပုံမှန်လုပ်ပေးတယ်။ ဘုန်းကြီးကျောင်းသားလေးတွေ၊ ကလေး တွေရဲ့ Medical Check Up လေးတွေပါ။ တစ်နှစ်ကိုအနည်း ဆုံးနှစ်ခေါက်၊ သုံးခေါက်တော့ ပုံမှန်သွားမေးပါတယ်။ ကျွန်တော် တို့ဆီမှာလည်း ဆရာဝန်တွေရှိပါတယ်။ တော်တော်များများဆိုရင် သူတို့ကအစားအသောက်ကို လူတွေကလာလှူနေကြပါတယ်။ ကျန်းမာရေးကမလုပ်ပေးနိုင်ကြဘူး။ အဲဒီလိုမျိုးလေး ကျွန်တော် တို့သွားပါတယ်။ သစ်ပင်စိုက်တဲ့အလုပ်လည်း တစ်နှစ်ကိုသစ်ပင် သုံးထောင်နဲ့လေးထောင်ကြားမှာစိုက်မယ်ဆိုပြီး Target ထားပါ တယ်။ သစ်ပင်တွေပြန်စိုက်ပါတယ်။ တော်တော်များများလုပ်ပါ တယ်။ နောက်တစ်ခုက Medical Help လိုင်းပေါ့။ Medical Help လိုင်းဆိုရင် 1877 ပေါ့။ အဲဒီမှာ ဆရာဝန်တွေကို Stand By 24 Hours ထားတယ်။ သူ့မှာ ကျန်းမာရေးနဲ့ပတ်သက်လို့ ပြဿနာပေါ်တိုင်း ဖုန်းဆက်မေးပါတယ်။ ဘယ်နေရာဝေးလံခေါင် ဖျားပဲဖြစ်ဖြစ် ဘယ်နေရာကမဆိုပေါ့နော်။ အနည်းဆုံးကတော့ ဘယ်အန္တရာယ်ကနေကင်းသွားလဲဆိုတော့ စပ်ဆေးရောင်းမယ့်သူ အန္တရာယ်ကဝေးသွားတယ်။ ဒေါက်တာရမ်းကုအန္တရာယ်ကဝေး သွားတယ်။ တကယ် MBBS ရတဲ့ ဆမလက်မှတ်ကိုင်ဆောင်ခွင့် ရှိတဲ့လူတွေကမှတစ်ဆင့် သူဖြေပေးတယ်ပေါ့။ ရောဂါအတိမ် အနက်ပေါ်မူတည်ပြီး ဘာဆေးသောက်ပါဆိုပြီးတော့ ကုလိုရတဲ့ နည်းကိုပြောပေးပါတယ်။ တကယ်လို့ Serious Case တွေဆိုရင် လည်း ဘယ်ဆေးရုံမှာ ဘယ်ဆရာဝန်နဲ့တော့ ပြသင့်ပါတယ်။ ဘယ်သူတွေနဲ့တော့တိုင်ပင်သင့်ပါတယ်။ X-Ray ရိုက်သင့်ပါတယ် ဆိုတဲ့အကြံလေးတွေကို ကျွန်တော်တို့ကအကြံပေးပါတယ်။ အဲဒါ တွေလုပ်ခြင်းအားဖြင့် အဲဒီပရောဂျက်တွေကိုတင်ပေးလိုက်တဲ့ အတွက် CSR အနေနဲ့ဆုရပါတယ်ခင်ဗျ။

http://myanmarb2bmagazine.com/

Post a Comment

 
Top