0


ယခုနောက်ပိုင်း စီးပွားရေးလောကတွင် ရေပန်းစားလာသည့် စကားလုံးမှာ CSR (Corporate Social Responsibility) ပင် ဖြစ်သည်။ စီးပွားရေးလုပ်သည့်အခါ ကိုယ်အမြတ် ရရုံသက်သက်မဟုတ်ဘဲ ရသည့် အကျိုးအမြတ်ထဲက အများအတွက် အကျိုးရှိအောင် ဆောင်ရွက်ရင်း လူမှုရေးတာဝန်ပါ ကျေပွန်အောင် လုပ်ဆောင်လိုလာကြသည်။ သို့သော် CSR ခေါင်းစဉ် အမျိုးမျိုးတပ်ကာ ပိုက်ဆံအကုန်ခံပြီး အလှူအတန်းလုပ်တိုင်း လူမှုရေးတာဝန်ကျေပြီ၊ CSR ဖြစ်ပြီဟု သတ်မှတ်လို့ မရနိုင်ပေ။ ထို့ကြောင့် CSR ၏ သဘောသဘာဝ၊ အနှစ်သာရနှင့် အကျိုးတရားများကို သိနိုင်ရန် “စီးပွားရေးလုပ်ငန်းများနှင့် လူမှုရေးတာဝန်” ဆိုသည့် စကားဝိုင်းကို တင်ဆက်လိုက်ရပါသည်။

ပါမောက္ခဒေါက်တာအောင်ထွန်းသက် ။ ။ အားလုံးမင်္ဂလာပါ။ ဒီလ B2B Talk တစ်မူထူးအောင်လို့ လုပ်ငန်းတွေအပေါ်မှာ အခြေခံတာမဟုတ်ဘဲနဲ့ အကြောင်းအရာတစ်ခုကို အခြေခံပြီး စကားဝိုင်း ဆွေးနွေးဖို့ ဖြစ်ပါတယ်။

       အဲဒီအကြောင်းအရာကလည်း ခုခေတ်မှာ တော်တော်လေးခေတ်စားတဲ့၊ အများသိတဲ့၊ မကြာခဏ တီဗီတွေမှာရော၊ ဂျာနယ်တွေမှာရော၊ သတင်းစာတွေမှာရောပါတဲ့ CSR ဆိုတဲ့ ကိစ္စဖြစ်ပါတယ်။ အဲဒီတော့ ဆရာနဲ့အတူတူ ဆွေးနွေးမယ့် ပုဂ္ဂိုလ်သုံးဦးကို ဖိတ်ထားပါတယ်။ သူတို့နဲ့ မိတ်မဆက်ခင် CSR ကို ပရိသတ်တွေအနေနဲ့ သဘောပေါက်အောင် ဆရာတို့ တင်ပြစေချင်ပါတယ်။ CSR ကို အင်္ဂလိပ်လိုကတော့ Corperate Social Responsibility အဓိပ္ပာယ်ကတော့ စီးပွားရေးလုပ်တဲ့ လုပ်ငန်းရှင်တွေမှာ လူမှုရေး တာဝန်ရှိတယ်ဆိုတာကို အသိအမှတ်ပြုတာ ဖြစ်ပါတယ်။
       CSR လို့ ပြောပေမဲ့ CSR ရဲ့နောက်ကွယ်မှာ အင်မတန် အရေးကြီးတဲ့ ကိစ္စတွေ ရှိပါတယ်။ ဒါကြောင့် ခုခေတ်မှာ ထူးခြားတဲ့ ပြုပြင်ပြောင်းလဲမှု လုပ်တဲ့အခါ အခြေခံတစ်ခုက စီးပွားရေး လုပ်တဲ့အခါကျရင် စနစ်တကျ လုပ်ဖို့လိုတယ်။ ပြုပြင်ပြောင်းလဲမှုမှာ သမ္မတကြီးက Good Governance လို့ ပြောသွားပါတယ်။ စီးပွားရေးလုပ်ငန်းမှာကျတော့ Good Governance မဟုတ် Good Corperate Governance စီးပွားရေးလုပ်ငန်း တစ်ခုကို၊ ကုမ္ပဏီတစ်ခုကို စီမံတဲ့အခါမှာ၊ အုပ်ချုပ်တဲ့အခါမှာ မှန်ကန်တဲ့၊ ထိရောက်တဲ့ စီမံခန့်ခွဲမှု လိုတယ်။ အဲဒီတော့ Good Corperate Governance ခေါင်းစဉ်အောက်မှာ အခုက CSR ဆိုတာ ကုမ္ပဏီတွေအနေနဲ့ ကောင်းမွန်တဲ့ စီးပွားရေးလုပ်ငန်းကို စီမံအုပ်ချုပ်တာကို ပြောပါတယ်။ အဲဒီတော့ အခြေခံအနေနဲ့ စပြောရရင် စီးပွားရေးလုပ်ရင် အခြေခံဦးတည်ချက်က အမြတ်ရရှိဖို့ လိုပါတယ်။ တစ်နည်းအားဖြင့် Profit ၊ ဒါပေမဲ့ ဒီဘက်ပိုင်းမှာ ဆရာတို့လက်ခံလာတာ ကုမ္ပဏီတစ်ခုဟာ ရေရှည်တည်တံ့ဖို့ဆိုရင် အမြတ်တစ်ခုတည်းနဲ့ မလွယ်တော့ဘူး။ ဒါကြောင့် ကုမ္ပဏီတိုင်းလိုလို၊ နိုင်ငံခြားကုမ္ပဏီ၊ အထူးသဖြင့် မြန်မာကုမ္ပဏီတွေမှာလည်း စပြီးတော့ 3P လို့ခေါ်တဲ့ ပီသုံးလုံးကို ပြောလာပါတယ်။
အဲဒီတော့ P သုံးလုံးဟာ နံပါတ်တစ်ဖြစ်တဲ့ Profit အမြတ်ရဖို့၊ နံပါတ် ၂ ဖြစ်တဲ့ People မိမိဝန်ထမ်းတွေ၊ မိမိဖောက်သည်တွေ၊ မိမိနဲ့ပတ်သက်တဲ့ လူတွေအားလုံးရဲ့ အရေးကို ကြည့်ဖို့ လိုတယ်လို့ လက်ခံထားပါတယ်။ နောက်ဆုံးကတော့ ခေတ်စားတဲ့ Planet ပေါ့။ ပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်စောင့်ရှောက်မှုဟာ အရေးကြီးတယ်။
       ဒါကြောင့် P သုံးလုံးရဲ့အောက်မှာ၊ အဲဒီဘောင်အတွင်း မှာ CSR ကို လုပ်နေတာ ဆရာတို့ တွေ့ရပါတယ်။ CSR ကို တစ်ဖက်က ကြည့်ပြန်ရင်လည်း ကိုယ်ကိုယ်တိုင်လည်း ဟောပြောပွဲတွေ ခဏခဏလုပ်ပါတယ်။ ဒါဟာ Citizenship နိုင်ငံကြီးသား ပီသမှု။ နိုင်ငံကြီးသားပီသမှုဆိုတာ တစ်ဦးချင်း တစ်ယောက်ချင်းစီမှာ တာဝန်ရှိသလို Corporate Citizenship လုပ်ငန်းရှင်တွေမှာလည်း လုပ်ငန်းမှာ တာဝန်ယူတဲ့ သူတွေမှာလည်း နိုင်ငံကြီးသား ပီသတဲ့ စိတ်ရှိဖို့ လိုတယ်လို့ ပြောပါတယ်။ တစ်ဖက်ကလည်း ဆရာတို့ ဘာစဉ်းစားလာလဲဆိုရင် CSR လုပ်တာဟာ မြန်မာပြည်မှာ ပြောရတဲ့အခါမှာ စကတည်းက လွန်ခဲ့တဲ့ ခြောက်နှစ်လောက်က စပြောတဲ့အချိန်မှာ အခက်အခဲ တစ်ခုတွေ့ရတယ်။ မြန်မာပြည်မှာ CSR ကို နားလည်တာက အလှူပေးတာကို CSR လို့ နားလည်ပါတယ်။ လူတွေလှူရင် ကိုယ့်တာဝန်ကျေပြီ၊ လူမှုရေးတာဝန်ကျေပြီ။ အမြတ်ကို အရင်ရအောင် လုပ်မယ်။ ရတဲ့အမြတ်ထဲကနေ အများအတွက် ခွဲဝေပေးမယ်။ ဆေးရုံတွေ ဆောက်တယ်။ ကျောင်းတွေ ထောင်ပေးတယ်။ မိဘမဲ့ကလေးတွေကို စောင့်ရှောက်တယ်။ ဒါတွေကတော့ ကောင်းပါတယ်။
       ဒါပေမဲ့ CSR ရဲ့ အနှစ်သာရက အဲဒါမဟုတ်ပါဘူး။ ပြီးတော့မှ နောက်ဆုံးအချက်အနေနဲ့ ပြောချင်တာက CSR ဟာ အင်္ဂလိပ်လိုပြောရင် Doing Good ကောင်းတာလုပ်တာ။ ဒါပေမဲ့ Doing Well?၊ တစ်ဖက်ကလည်း ကောင်းတာလုပ်တယ်။ တစ်ဖက်ကလည်း ကိုယ့်ကုမ္ပဏီအတွက် အခြေအနေကောင်းအောင်၊ အကျိုးရှိအောင် လုပ်တာဖြစ်ပါတယ်။ အဲဒါကြောင့် CSR ခေါင်းစဉ်ကို ဆရာနဲ့အတူတူ ယနေ့စကားဝိုင်းမှာ ရောက်ရှိနေတာကတော့ မစ္စတာမာတင်ပန် (Chairman Myanmar Business Coalitions on Aid ) ၊ ဒေါ်မေမြတ်သူ (GM ? Ayeyarwady Bank ) ၊ ဦးဇော်မျိုးလှိုင် (Country Director ? Unilever Myanmar) တို့ပဲ ပါတယ်။ ဒါလည်း ဆရာတို့ တမင်တကာ အခုလို ဖိတ်တာကို လာတဲ့အတွက် အများကြီး ၀မ်းသာပါတယ်။ ဆရာတို့ နိုင်ငံမှာ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကြောင့် ပြည်တွင်း လုပ်ငန်းတွေ တင်မကဘဲ နိုင်ငံခြားကုမ္ပဏီတွေ ရောက်လာတယ်။ နိုင်ငံခြားကုမ္ပဏီတွေတင်မကဘဲ Unilever တို့ တစ်ကမ္ဘာလုံးမှာ စီးပွားရေးလှုပ်ရှားမှုတွေရှိတဲ့ နယ်သာလန် အခြေစိုက်တဲ့ ကုမ္ပဏီကြီးရောက်လာတာ ဆရာတို့က အများကြီး ကြိုဆိုပါတယ်။
       ဒါကြောင့် ဆရာ့အနေနဲ့ မစ္စတာမာတင်ပန်ရယ်၊ ဒေါ်မေမြတ်သူရယ်၊ ဦးဇော်မျိုးဟန်ရယ် ဒီသုံးဦးနဲ့ ဆွေးနွေးသွားပါမယ်။ အကြောင်းအရာမေးခွန်းကတော့ လေးခု ရွေးထားပါတယ်။ ပထမတစ်ခုကတော့ မိမိလုပ်ငန်းတွေအနေနဲ့ လက်ရှိ CSR ဘာတွေလုပ်နေလဲ။ ဒါတွေကို အသေးစိတ် ရှင်းပြပေးပါ။ အဲဒါ ရှင်းပြပြီးတဲ့အခါမှာ ဒုတိယအနေနဲ့ အဲဒီလို ဆောင်ရွက်တဲ့အခါမှာ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ ဘာတွေရှိလဲ ဒါလေး သိချင်ပါတယ်။ ပြီးတော့မှ နံပါတ်သုံးမေးခွန်းကတော့ ဆရာထင်တယ်၊ ဒါ ပရိသတ်တွေအတွက် CSR ကို မသိသေးတဲ့ ပရိသတ်တွေအတွက် အကျိုးရှိမယ်။ CSR လုပ်တဲ့အတွက် ကိုယ့်ကုမ္ပဏီအတွက် ဘယ်လောက် အကျိုးရှိမလဲ။ နောက်ဆုံးမှာတော့ အခုခေတ်မှာတော့ ဒါ မစ္စတာမာတင်ပန်ရော၊ ဒေါ်မေမြတ်သူရော၊ ဦးဇော်မျိုးလှိုင်ရော ဆရာတို့နဲ့ အတူတူ လုပ်နေပါတယ်။ Global Compact Beyound CSR က CSR တင် ဆရာတို့ မကျေနပ်တော့ဘူး။ Beyound CSR ထက်ပိုပြီး စဉ်းစားတာ ရှိပါတယ်။ အခု ဒီစကားဝိုင်းမှာ ဒီမေးခွန်းလေးခုနဲ့ ပြောကြဖို့ ဆွေးနွေးကြဖို့ ရှိပါတယ်။ အဲဒါကြောင့် မစ္စတာမာတင်ကို ပထမဦးဆုံးစစေချင်တာက မစ္စတာမာတင်ပန်ရဲ့လုပ်ငန်းတွေအကြောင်း ရှင်းပြပေးပါ။ ကိုယ့်လုပ်ငန်းမှာ CSR လုပ်ငန်းတွေ ဘာတွေလုပ်နေလဲဆိုတာ ရှင်းပြပေးပါ။
      မစ္စတာမာတင်ပန် ။ ။ ကျေးဇူးပါပဲ ဆရာ။ ဒီနေ့ ကျွန်တော့်ကို ဖိတ်ပြီး လာစကားပြောခွင့်ရတာ ကျေးဇူးတင်ပါတယ် ဆရာ။ CSR အနေနဲ့ ပြောရင် သူ့ရဲ့ Foundation အောက်ခြေရင်းမြစ်ကတော့ Corporate Governance ပါပဲ။ ခုနက ဆရာပြောတဲ့ PPP ပေါ့။ Profit ? People ? Planet ဒီနှစ်ခုကို အခြေခံပြီး စကားပြောလိုက်ရင် ကုမ္ပဏီရဲ့ကိုယ်လုပ်စေချင်တဲ့ အလုပ်ကို အစကနေ အဆုံးထိ ဒီစကားလုံးနှစ်လုံးနဲ့ တိုင်းပြီးတော့ စပြီးတော့ စဉ်းစားလိုက်ရင် မှားစရာ သိပ်မရှိတော့ဘူး။ Good Governance ဆိုတာက ၀န်ထမ်းကျန်းမာရေး၊ ၀န်ထမ်းစောင့်ရှောက်မှု၊ ကုမ္ပဏီ ကိုယ့်ဟာကိုယ် မှန်မှန် ကန်ကန်လုပ်ဖို့၊ ဘာကြောင့်လဲဆိုရင် ကိုယ့်ကုမ္ပဏီ အောင်မြင်ဖို့က ပေါ်လစီရှိရမယ်။ Standard ရှိရမယ်။ ဒီဟာတွေ ရှိသွားခဲ့တဲ့ တစ်ချိန်မှာ ဘယ်သူပဲဖြစ်ဖြစ် အဆုံးအဖြတ်ကို မလိုတော့ဘူး။ ဒါ Good Governance ရှိသွားတဲ့တစ်ချိန်မှာ Governance အထဲမှာ Profit ? People ? Planet ပါသွားပြီ။ ပါသွားတော့ ဒီနှစ်ခုကို စဉ်းစားရင် ဘာကိစ္စဖြစ်ဖြစ်၊ ဘယ်လိုပရောဂျက် လုပ်ချင်တယ်။ ဒီပရောဂျက် လုပ်သင့်လား မလုပ်သင့်ဘူးလား။ ဒီကိစ္စကို ဘယ်လို ဆုံးဖြတ်မလဲ။ ဒီနှစ်ခုနဲ့ သွားပြီးတော့ တိုင်းလိုက်ရင် သိပ်ပြီးတော့ ပင်ပန်းစရာ မရှိတော့ဘူးဆရာ။ အများကြီး လွယ်သွားတာပေါ့ဆရာ။
      ကုမ္ပဏီမို့ Managemnt စီမံအုပ်ချုပ်မှုတွေ၊ သင်တန်းတွေ ပေးတာတို့၊ ၀န်ထမ်းတွေကို အဆင့်မြင့်အောင် ပညာပေးတာတို့ ဒါတွေဟာ အကုန်လုံး Automatic လွယ်သွားတယ်။ မဟုတ်ရင် အစကနေအဆုံးထိ သင်ပြရတာ ခက်တယ်။ နောက်သင်ပြတဲ့ လူကလည်း ဆယ်ယောက်၊ ၁၅ ယောက်၊ ၂၀ လောက် သင်လိုက်ရင်လည်း နည်းနည်းပျင်းသွားတယ်။ ဆိုတော့ ဒီပေါ်လစီနဲ့ သွားလိုက်ရင် အများကြီး လွယ်သွားတယ်။ ကုမ္ပဏီအနေနဲ့လည်း အများကြီး အကျိုးရှိပါတယ်။ နောက်ပြီးတော့ ဘာလုပ်နေလဲဆိုရင် ကျွန်တော်တို့ Myanmar Business Coalition on Aid ကတော့ ဟိုတစ်နေ့ကတော့ မန္တလေးမှာ လူ ၂၄ ယောက်ကို သင်တန်းလုပ်လာပါတယ်။ ဒီ CSR ဘာအဓိပ္ပာယ်လဲဆိုတာကို သူတို့ကို သင်တန်းပေးနေပါတယ်။ သူတို့ အတွေ့အကြုံရရင်ပြီးရင် သူတို့က ခြောက်မြို့နယ်က လာတယ်။ ရန်ကုန်ကလည်းပါတယ်။ မုံရွာလည်းပါတယ်။ ပခုက္ကူလည်းပါတယ်။ မန္တလေးပါတယ်။ ပြည်၊ လားရှိုးလည်းပါတယ်။ ဒီလူတွေကို ပြန်သွားပြီးတော့ သူတို့စီးပွားရေးသမားတွေကို SME တွေကို CSR ရှင်းပြဖို့။ Awareness က ဖြန့်တာ။ ဘာတွေလုပ်ရမယ်။ ဘာလို့လဲဆိုတော့ လိုတယ်။ လှူတာတွေနဲ့ မလုံလောက်ပါဘူး။

ပါမောက္ခဒေါက်တာအောင်ထွန်းသက် ။ ။ ဧရာဝတီဘဏ်ရဲ့ CSR လှုပ်ရှားမှုတွေကကော ဘယ်လိုလဲဆိုတာ ရှင်းပြပေးပါ။ ဘာကြောင့် လုပ်တယ်ဆိုတာကိုလည်း ရှင်းပြပေးပါ။

ပါမောက္ခဒေါက်တာအောင်ထွန်းသက် ။ ။ အခုမစ္စတာမာတင်နဲ့ ဒေါ်မေမြတ်သူပြောတာ ဦးဇော်မျိုးလှိုင်နဲ့ နည်းနည်းမဆွေးနွေးခင် ဆရာသတိထားကြည့်တာတစ်ခုကတော့ စကားလုံးနှစ်လုံး အရေးကြီးတာရယ်။

ပါမောက္ခဒေါက်တာအောင်ထွန်းသက် ။ ။ အခုလိုရှင်းပြတာကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ဆရာထပ်ဖြည့်ချင်တာက ဒီ Unilever လုပ်တဲ့ဟာကို ဆရာကိုယ်တိုင် ကြော်ငြာတာ။ ဘာကြောင့်လဲဆိုရင် ဆရာပြောမယ်ထင်တာ။

ပါမောက္ခဒေါက်တာအောင်ထွန်းသက် ။ ။ အဲဒီတော့ CSR ကို ခုလုပ်ပေးတဲ့ ကုမ္ပဏီအကြောင်းကို သိပြီ။ CSR အနေအထားကိုသိတော့ မစ္စတာမာတင်ကများ ဒုတိယမေးခွန်းကတော့ လုပ်တဲ့အခါမှာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုနဲ့ အခက်အခဲတွေအကြောင်း ရှင်းပြပေးပါ။

ပါမောက္ခဒေါက်တာအောင်ထွန်းသက် ။ ။ ဒါက မစ္စတာမာတင် ပြောတဲ့ စိန်ခေါ်မှုတွေပေါ့။ ကိုယ်ကလည်း လူ့အခွင့်အရေးကို ထဲထဲဝင်ဝင်လုပ်နေတော့။ အစကတည်းက ဆရာတို့ သတိပေးနေတယ်။

ပါမောက္ခဒေါက်တာအောင်ထွန်းသက် ။ ။ အဲဒီတော့ ဆွေးနွေးပေးတဲ့ ဆရာနဲ့အတူတူ ပြောတဲ့အထဲမှာ သတိထားမိတာက ပထမမေးခွန်းနဲ့ ပတ်သက်တဲ့ CSR လုပ်တာဟာ မိမိကုမ္ပဏီရဲ့ Reputation ဂုဏ်သတင်းအမည်နာမ၊ Brand ကုန်ပစ္စည်းအမှတ်တံဆိပ် အဲဒါကိုလည်း လက်ခံဖို့လိုတယ်။

ပါမောက္ခဒေါက်တာအောင်ထွန်းသက် ။ ။ အဲဒီတော့ ဆရာတို့က ပထမနဲ့ ဒုတိယမေးခွန်း။ ကိုယ့်ကုမ္ပဏီမှာ လုပ်နေတဲ့ CSR လှုပ်ရှားမှုတွေမှာရှိတဲ့ စိန်ခေါ်မှု။ တတိယမေးခွန်းကတော့ ဒါလေးကိုတော့ ဖြေပေးပါ။

ပါမောက္ခဒေါက်တာအောင်ထွန်းသက် ။ ။ အဲဒီတော့ ဧရာဝတီဘဏ်မှာ လူကြီးတွေကို BOD ဒါရိုက်တာ ဘုတ်အဖွဲ့တွေပဲဖြစ်ဖြစ်၊ Senior Management ကို CSR လုပ်မယ်ဆိုရင် Cost ကုန်ကျမှုကတော့ ရှိရမယ်။ မစ္စတာမာတင်ပြောသလို ကုန်ကျမှုရှိတာ အရင်ပြောမယ်။

ပါမောက္ခဒေါက်တာအောင်ထွန်းသက် ။ ။ နိုင်ငံခြားကုမ္ပဏီဖြစ်တာမို့ Business Case ကတော့ Global Business Case တို့ဘာတို့ ဦးဇော်မျိုးလှိုင်တို့ ရန်ကုန်မှာလည်း ဘယ်လို Argue လုပ်နေတဲ့အပိုင်းတွေ ရှင်းပြပေးပါ။

ပါမောက္ခဒေါက်တာအောင်ထွန်းသက် ။ ။ အခု သုံးယောက်ပြောတာကို စဉ်းစားကြည့်ရင် ပေါ်လာတဲ့အချက်အလက်တစ်ခုက သတိထားစေချင်တာက ဘာပဲဖြစ်ဖြစ် CSR ကို သိပ်မရင်းနှီးရင် မသိနိုင်ဘူး။

ပါမောက္ခဒေါက်တာအောင်ထွန်းသက် ။ ။ ဧရာဝတီဘဏ်ကကော Beyond CSR အနေနဲ့ ဘယ်လိုမျိုးလုပ်နေပါလဲ။ ရှင်းပြပေးပါ။

ပါမောက္ခဒေါက်တာအောင်ထွန်းသက် ။ ။ Unilever အနေနဲ့ ကကော။

ပါမောက္ခဒေါက်တာအောင်ထွန်းသက် ။ ။ အဲဒီတော့ ဒီနေ့ပြောသွားတဲ့ မစ္စတာမာတင်ရော၊ ဒေါ်မေမြတ်သူရော၊ ဦးဇော်မျိုးလှိုင်ရော ကျေးဇူးတင်ပါတယ်။ အခုဒီနေ့ ဆရာတို့ စမ်းကြည့်တာပေါ့နော်။

http://myanmarb2bmagazine.com/

Post a Comment

 
Top