0


ရဲလွင်
ရန်ကုန်၊ စက်တင်ဘာ 
အနည်းဆုံး အခကြေးငွေသတ်မှတ်ချက်ထွက်ရှိပြီး အလုပ်ထုတ်ခံလိုက်ရသည့် အလုပ်သမားပေါင်းနှစ်သောင်းကျော် ရှိပြီဖြစ်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းများထံမှ သိရသည်။
ယခုလ လဆန်းပိုင်းမှ စတင်ကာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ရှိလှိုင်သာယာ၊ရွှေပြည်သာစသည့် စက်မှုဇုန်များရှိစက်ရုံများတွင်အလုပ် သမား လျှော့ချမှုများ စတင်ဖြစ် ပွားခဲ့ပြီး ယနေ့အချိန်ထိ လျှော့ချ ခံလိုက်ရသည့် အလုပ်သမားပေါင်း နှစ်သောင်းကျော် ရှိလာပြီဖြစ် ကြော င်း၊ အတိအကျကိုမူ စစ်ဆေး ဆဲဖြစ်ကြောင်း မြန်မာနိုင်ငံတောင် သူလယ်သမားနှင့် စိုက်ပျိုးရေးအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (AFFM) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယင်းအလုပ်သမား လျှော့ချမှုများသည် ရန်ကုန်တိုင်းအတွင်းတွင် အများဆုံးဖြစ်ပွားနေခြင်းဖြစ်ပြီး လျှော့ချခံလိုက်ရသည့် အလုပ်သမားများ အား သက်ဆိုင်ရာ စက်ရုံများမှ ဥပဒေပါ အတိုင်း လျော်ကြေးပေး၍ လျှော့ချခြင်းများ ဖြစ်ကြောင်းလည်း သိရသည်။  လျှော့ချခံလိုက်ရသည့် အလုပ် သမား အများစုမှာ အထည်ချုပ် စက်ရုံ အလုပ်သမားများဖြစ်ပြီး အလုပ်သင်များ၊ လုပ်ငန်းကျွမ်းကျင်မှု မရှိသေးသည့်အစမ်းခန့် အ လုပ်သမားများမှာ အများဆုံးဖြစ်ကြောင်း သိရသည်။
”ဥပဒေအတိုင်းတော့ လျော်ကြေးငွေ တိတိကျကျရကြပါတယ်။ ဒါပေမဲ့ အလုပ်သမားတွေအတွက် ကတော့ အလုပ်သစ် ပြန်ရှာဖို့နဲ့ ကြားထဲမှာ စားဝတ်နေရေးအတွက် နည်းနည်းတော့ အခက်အခဲရှိမှာပဲ။ အလုပ်သမားလျှော့ချမှု ပိုများလာ နိုင်သေးတယ်” ဟု (AFFM) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ ဒုတိ ယညွှန်ချုပ် ဦးအောင်ဌေးဝင်းက အလုပ်သမားလျှော့ချမှုပြုလုပ်မည့် စက်ရုံများသို့သွားရောက်၍ အလုပ် သမား လျှော့ချမှုပြုလုပ်သည့် အ ကြောင်းအရင်း၊ အခက်အခဲများ ကို မေးမြန်းစစ်ဆေး၍ အကြောင်း မဲ့အလုပ်သမားလျှော့ချခြင်း မဖြစ်ပွားစေ ရန် ဆောင် ရွက်နေကြောင်း ပြောသည်။
”ကျွန်တော်တို့ ဘက်ကတော့ လျှော့ချခံလိုက်ရတဲ့ အလုပ်သမားတွေကို သက်ဆိုင်ရာစက်မှုဇုန်ထဲ မှာပဲအလုပ်သမားလိုတဲ့စက်ရုံတွေ ရှိရင် ပြန်ပြီး အစားထိုးအလုပ်ရဖို့ ဆောင်ရွက်ပေးနေပါတယ်။အလုပ် သမားလျှော့ချမှုစာရင်းနဲ့ လုပ်ငန်း ခေါ်ယူမှု စာရင်းတွေ အားလုံး ကိုတော့ သက်ဆိုင်ရာရုံးတွေမှာ တောင်းထားပါတယ်။ အဲ့ဒါတွေ အားလုံး ရရင်တော့ ကြေညာချက် တစ်စောင်ထုတ်ပြန်သွားဖို့ ရှိပါတယ်”ဟု ပြောသည်။ သြဂုတ်လ ၂၈ ရက်နေ့ အနည်းဆုံး အခကြေးငွေ သတ် မှတ်ချက် ထွက်ရှိပြီးနောက်တွင် လုပ်ခ လစာပေးရန် မတတ်နိုင် ခြင်းဟူသည့် အကြောင်းဖြင့် ထုတ် ပယ် ခံလိုက်ရသော အလုပ်သမား များကို အလုပ်အကိုင် အစားထိုး ပြန်လည်ပေးအပ်ရန် ရန်ကုန်တိုင်း အတွင်းတွင်ပင် အလုပ်အကိုင် နေရာပေါင်းတစ်သောင်းငါးထောင် ကျော် ရှိနေပြီဖြစ်သော်လည်း  ထုတ်ပယ်ခံရသော အလုပ်သမား များက လာရောက်ဆက်သွယ်ခြင်း မရှိသေးသည့်အတွက် အလုပ်အ ကိုင် အစားထိုးပြန်လည်ပေးအပ် နိုင်ခြင်း မရှိသေးကြောင်း မြန်မာ နိုင်ငံ တောင်သူလယ်သမားနှင့် စိုက်ပျိုးရေးအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (AFFM) မှ အထွေထွေအတွင်းရေးမှူးချုပ် ဦးဇာနည်သွေးက ပြောသည်။
အနည်းဆုံး အခကြေးငွေ ကြောင့် အလုပ်သမား လျှော့ချမှုများ ဖြစ်ပွားနေသော်လည်း ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်း စက်မှုဇုန်မှ အလုပ်သမားအသစ် ၇ဝဝဝ ခန့်၊ တောင်ဒဂုံစက်မှုဇုန်မှ  ၃ဝဝဝ ခန့်နှင့် ပျဉ်းမပင်စက်မှုဇုန်မှ  ၅ဝဝဝ ခန့် ခေါ်ယူမှုရှိကြောင်း (AFFM) ၏ စာရင်းများအရ သိရသည်။ ”ထုတ်ခံရတဲ့ အလုပ်သမားတွေအတွက် အလုပ်နေရာတွေက အသင့်ဖြစ်နေပြီ။ ဒါပေမဲ့ အလုပ်သမားတွေက မသိလို့ဘဲလား မသိဘူး ကျွန်တော်တို့ဆီကို မဆက် သွယ်ကြဘူး။ သူတို့ကို ပြန်ပြီးဆက်သွယ်ဖို့ကလည်း ခက်တယ်။ ဘာလုပ်ပေးမယ် ဆို တာကိုလည်း သူတို့ မသိလို့ဘဲလားမသိဘူး။ သူတို့ စားဝတ်နေရေးအတွက် အလုပ်နေရာတစ်ခုကို ချက်ချင်းလိုအပ်နေမှာပဲ။ အလုပ်ထုတ် ခံရ ပြီးတာနဲ့ ချက်ချင်းလာပြီး ဆက် သွယ်စေချင်တယ်။ ဒီမှာအလုပ်က အဆင်သင့်ရှိတယ်”ဟု ဦးဇာနည်သွေးက ပြောသည်။
http://popularmyanmar.com/

Post a Comment

 
Top