By ဇော်မင်း
ဈေးထဲက ဈေးဝယ်ပြီးပြန်ထွက်လာတဲ့ အသက်(၅၀)ကျော် ဇနီးမောင်နှံတို့ကို ဆိုင်ကယ်တစ်စီးက ပွတ်တိုက်သွားခဲ့ပါတယ်။ ဆိုင်ကယ်မောင်းသူက အသက် (၂၀) ဝန်းကျင် လူငယ်ကလေးတစ်ဦး။ ဆိုင်ကယ်ပွတ်တိုက်မှုကြောင့် အမျိုးသမီးကြီးက အလန့်တကြား ဟစ်အော်ပါတယ်။ ကြည့်မောင်းမှပေါ့ ဘာညာစသဖြင့်လည်း အော်လိုက်ပါတယ်။ အမျိုးသမီး ကြီးရဲ့ ခင်ပွန်းဖြစ်သူကတော့ ဘာမှဝင်မပြောပါ။ သို့သော် ဆိုင်ကယ်မောင်းသူ လူငယ်ကိုဒီ အတိုင်းကြည့်လို့သာနေပါတယ်။ ဆိုင်ကယ်မောင်းတဲ့လူငယ်က အမျိုးသမီးကြီးအော်သံကြောင့် ဆိုင်ကယ်ကိုချက်ချင်းရပ်လိုက်ပါ တယ်။ လူငယ်လေးက သူမှား သွားတာကြောင့် တောင်းပန်မယ် ထင်လို့ အဆိုပါဇနီးမောင်နှံစုံတွဲ နဲ့ရပ်လိုက်တဲ့ ဆိုင်ကယ်ပေါ်မှာ ခွလျက်သားရှိနေတဲ့လူငယ်လေး ကိုပါ ဘေးလူများက ဝိုင်းကြည့် နေပါတယ်။ ဒီအချိန်မှာ လူငယ် လေးရဲ့တုံ့ပြန်မှုက မယုံနိုင်စရာ ကောင်းလှပါတယ်။ သူ့ကိုစိုက် ကြည့်နေတဲ့ အမျိုးသမီးကြီးရဲ့ ခင်ပွန်းကို ဒီလိုလှမ်းပြောလိုက်ပါ တယ်။ ‘‘ဘိုးတော် ဘာကြည့်တာ လဲ နာချင်လို့လား’’တဲ့။ ပြီးတော့ ခပ်တည်တည်ပဲ သူ့ဆိုင်ကယ်ကို မောင်းထွက်သွားပါတော့တယ်။ တကယ်လို့များ အမျိုးသမီးကြီးရဲ့ ခင်ပွန်းက မခံချင်စိတ်နဲ့ တစ်ခုခု ပြောလိုက်ရင် ဆိုင်ကယ်ပေါ်က ဆင်းရိုက်သွားမယ့် သဘော တောင်ရှိပါတယ်။
တန်ဖိုးတွေအကြောင်း ပြော တယ်ဆိုတော့ တန်ဖိုးဆိုတာတွေ ဟာ နယ်ပယ်ပေါင်းစုံ၊ ကဏ္ဍ ပေါင်းစုံမှာ အလွှာလိုက်တည်ရှိပါ တယ်။ လူမျိုးတစ်မျိုးနဲ့တစ်မျိုး၊ နိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံ တန်ဖိုး တွေဟာ တူချင်မှတူပါလိမ့်မယ်။ သို့သော်လည်း လူသားတွေနေ ထိုင်တဲ့ ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံ က ဘယ်လူမျိုးပဲဖြစ်ဖြစ် လူ့အဖွဲ့ အစည်းအတွင်းမှာ အခြေခံတည် ရှိနေတဲ့တန်ဖိုးတွေကတော့ ကွာ ခြားမှုသိပ်မရှိပါ။ ဥပမာ မခိုးရ၊ မဝှက်ရ၊ လူမသတ်ရ၊ အဓမ္မမပြု ကျင့်ရ၊ အပြန်အလှန်လေးစားမှုရှိ ရ၊ ဖိနှိပ်မှုမရှိစေရ အစရှိသဖြင့် နောက်ထပ်လည်း မြားမြောင်လှ တဲ့ တန်ဖိုးများရှိပါသေးတယ်။
မြို့ကြီးပြကြီးတွေမှာ အသက် ရှင်သန်အောင်လှုပ်ရှားရုန်းကန် နေရတော့ လူတွေဟာ စိတ်ရှည် သည်းခံမှုတွေလျော့ပါးလာတယ် လို့ဆိုပါတယ်။ အတော်အတန် ကိစ္စလေးတွေကိုတောင် ပျော့ ပျော့ပျောင်းပျောင်း၊ ယဉ်ယဉ် ကျေးကျေးဖြေရှင်းတာမျိုးမလုပ် တော့ဘဲ ဒေါသနဲ့တုံ့ပြန်လာကြ တယ်၊ ဖြေရှင်းလာကြပါတယ်။ လိုင်းကားတိုးစီးတဲ့အခါမှာလည်း ကိုယ့်ထက်အားနည်းသူ ဒါမှ မဟုတ် သက်ကြီးရွယ်အိုတွေကို စာနာတာမျိုး၊ နေရာပေးတာမျိုး လည်း မရှိကြတော့တာကို မြင်ရ ပြန်ပါတယ်။ ထိုင်ခုံရအောင် အလုအယက်တိုးတိုက်နေရာယူ ကြပါတယ်။ လက်မှတ်ရောင်းက လည်း ရိုင်းရိုင်းပျပျ အော်ဟစ်ပါ တယ်။ ဒါကြောင့် ဩော်.. မြို့ကြီး ပြကြီးတွေမှာ လူတွေဟာ အဲ ဒီလောက်တောင် ဖြစ်ကုန်ပြီကိုး လို့ မှတ်ရပါတော့တယ်။ ဒါပေမဲ့ စောစောကပြောတဲ့ ဆိုင်ကယ်နဲ့ ပွတ်တိုက်တဲ့ လူငယ်လေးနဲ့ ဆိုင် ကယ်အပွတ်ခံလိုက်ရတဲ့ ဇနီး မောင်နှံတို့ ဖြစ်ခဲ့တဲ့နေရာဟာ တောမြို့တစ်ခုမှာ ဖြစ်ခဲ့တာပါ။ မြို့ကြီးပြကြီးမှာဖြစ်ခဲ့တာမဟုတ် ပါဘူး။ စိတ်ရှည်သည်းခံမှု၊ လေး စားမှု၊ ယဉ်ကျေးသိမ်မွေ့မှုနဲ့ ကူညီတတ်မှု ခေါင်းပါးလာတာ ဟာ မြို့ကြီးပြကြီးတွေမှာသာ ဖြစ် နေတာမဟုတ်တော့ပါဘူး။ တော နယ်တွေကို အခုဆိုရင် ကူးစက် လာနေပါပြီ။
လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ဆယ်၊ အစိတ်လောက်တုန်းက ဘိုးတော် ဘာကြည့်တာလဲ နာချင်လို့လား ဆိုတဲ့အပြုအမူ၊ အပြောအဆိုမျိုး ဟာ တောမြို့လေးတွေ မဆိုထား နဲ့ မြို့ကြီးပြကြီးတွေမှာတောင် မရှိသေးပါဘူး။ ဒါဟာ ယေဘုယျ အားဖြင့် ပြောတာပါ။ လူငယ် အချင်းချင်း လမ်းပေါ်မှာ၊ လက် ဖက်ရည်ဆိုင်မှာ ကတောက်ကဆ ဖြစ်တာမျိုးကို လူကြီးတွေက ဝင် ရောက်တားမြစ်ရင် တားမြစ်တဲ့ လူကြီးပိုင်းအရွယ်တွေကို သိသိ၊ မသိသိ လေးစားသမှုနဲ့ ခိုက်ရန် ဖြစ်ပွားမှာမျိုးကို ရှောင်ကြဉ်ကြပါ တယ်။ လူကြီးသူမပြောတဲ့စကား ကို နားထောင်ကြပါတယ်။ အခု အချိန်ကာလကတော့ ပြောင်းပြန် ဖြစ်လို့သွားပါပြီ။
ဘာကြောင့် လူငယ်တွေ အဲဒီလောက် ရိုင်းစိုင်းသွားရတာလဲ၊ ဘာကြောင့် ယဉ်ကျေးမှုတွေ လျော့ရဲကုန်ကြတာလဲ။
လူ့အဖွဲ့အစည်းအတွင်း အဲဒီလိုဖြစ်လာရတဲ့အပေါ်မှာ ထောက်ပြစရာတွေကတော့ အများကြီးရှိလာပါတယ်။ လက် သည်ကတော့ ဆင်းရဲနွမ်းပါးမှုပါ။ ဆင်းရဲနွမ်းပါးမှုကြောင့် ပညာရေး မှာ ထိခိုက်လာပါတယ်။ ဆင်းရဲ နွမ်းပါးမှုကြောင့် ကျောင်းပညာ ရေးဟာ စာမေးပွဲအောင်ဖို့ အတွက်သာ ဖြစ်လာပါတယ်။ ဆရာ၊ ဆရာမများအနေနဲ့လည်း ကျောင်းတွေမှာ ကိုယ်ကျင့်တရား၊ လူမှုကျင့်ဝတ်နဲ့သက်ဆိုင်တဲ့ အရာတွေကို သင်ကြားပေးတာ၊ ဆုံးမတာမျိုးလည်း မရှိတော့ပါ ဘူး။ ဆင်းရဲလို့ကျောင်းစောစော ထွက်ရသူတွေ များလာသလို၊ စာမေးပွဲမှာ အမှတ်ကောင်း ကောင်းနဲ့ အောင်မြင်တဲ့ကျောင်း သားများမှာလည်း ဂါရဝတရားဆို တာမျိုးကို နားမလည်တော့ပါ ဘူး။ အားနည်းသူကို ကူညီရမယ်၊ မိမိမှားယွင်းတဲ့ကိစ္စများအပေါ် ဝန်ခံရဲရမယ်၊ တောင်းပန်ရမယ် ဆိုတဲ့ လူကြီးလူကောင်း စိတ်ဓာတ်တွေလည်း ပျောက်ဆုံးလာခဲ့ပါတယ်။ ဆရာ၊ ဆရာမများကိုယ်တိုင်လည်း ရတဲ့လစာက မလောက်ငတော့ ဆင်းရဲနွမ်းပါး မှုအတွင်းက လွတ်မြောက်အောင် လာဘ်ပေးလာဘ်ယူတာတွေလုပ် လာကြပါတယ်။ တပည့်များက လည်း ရှေ့မှာတော့ လေးစားဟန် ပြပေမယ့် နောက်ကွယ်မှာတော့ ဆရာ၊ ဆရာမများကို လေးစားမှု လျော့ပါးလာပါတယ်။ စာမေးပွဲ မှာ အမှတ်ကောင်းကောင်းနဲ့ အောင်ဖို့အတွက် လာဘ်ပေးရ တာတွေရှိလာတော့ ဆီပေးလို့ ဆန်ရတယ်ဆိုတဲ့အမြင်က အား ကောင်းလာတော့တာကိုး။
ဆင်းရဲနွမ်းပါးမှု နက်သထက်နက်လာတာ ဘာကြောင့် လဲ။ နိုင်ငံရေးသိပ္ပံစကားနဲ့ပြောရ ရင် နှစ်ပေါင်း ၅၀ ကျော်ကြာတည် ရှိလာခဲ့တဲ့ မှားယွင်းနေတဲ့ နိုင်ငံ ရေးစနစ်ကြောင့်ပါ။ မြန်မာပြည် ဟာ ဆက်ကျူလာဒီမိုကရေစီနိုင်ငံ တော်ဖြစ်လာဖို့ အညွန့်ကလေး တက်လာတုန်း အညွန့်ချိုးခံခဲ့ရပါ တယ်။ စစ်အာဏာရှင်စနစ်က ဆက်ကျူလာ ဒီမိုကရေစီတိုင်း ပြည်ဖြစ်လာဖို့ ခွင့်မပြုခဲ့တာ ကြောင့်ပါ။ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ဖို့ စစ်ဗိုလ်ချုပ်များ ရေရှည်အာဏာစွဲကိုင်ဖို့ကလွဲလို့ တခြားသော တိုင်းပြည်ရေးရာ တွေကို တိုးတက်အောင်၊ ဖွံ့ဖြိုး အောင် ဘယ်လိုဆောင်ရွက်ရမယ် ဆိုတာကို နားမလည်ကြပါဘူး။ ဘယ်ကိစ္စပဲဖြစ်ဖြစ် စစ်အမြင်နဲ့ သာ ကြည့်လေ့ရှိတာကြောင့် တိုင်းပြည်တစ်ခုရဲ့ အရေးပါလှတဲ့ စီးပွားရေး၊ ပညာရေး၊ ကျန်းမာ ရေး၊ လူမှုရေးကဏ္ဍတွေဟာ စတေးခံလိုက်ရပါတယ်။ကိုင်း ... အခုတော့ သမ္မတကြီးဦးသိန်းစိန် ဦးဆောင်တဲ့ အရပ်သားအစိုးရ တက်လာပြီ။ ဆုံးရှုံးခဲ့ရတဲ့အရာ တွေ ပြန်လည်ရရှိဖို့ အလားအလာ ကောင်းတွေမြင်ရပြီလားလို့မေး တဲ့သူရှိရင် ပြန်ဖြေရတော့မှာပေါ့။ အဖြေကတော့ နေရာတိုင်းမှာ မှောင်မိုက်နေဆဲပါလို့ ပြောရမှာ ပါပဲ။
ဆုံးရှုံးနေရတဲ့ တန်ဖိုးတွေက တော့ များလှပါတယ်။ ရုပ်ပိုင်း ဆိုင်ရာအရ ဆုံးရှုံးမှုတွေများပြား လှသလို တစ်ချိန်တည်းမှာလည်း စိတ်ပိုင်းဆိုင်ရာကျင့်ဝတ်တန်ဖိုး တွေပါ လျော့ရဲလာနေပါတယ်။ ဆုံးရှုံးရတာတွေများနေရတဲ့ကြား ထဲမှာ လူ့အဖွဲ့အစည်းအတွင်း နောက်ထပ်ဆုံးရှုံးမှုတွေကို သယ် ဆောင်လာတဲ့ အရာကတော့ ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဖြစ်ပါတယ်။ နာဂစ်ဖွဲ့စည်း ပုံအခြေခံဥပဒေဟာ စစ်တပ်လူ တန်းစားတစ်ရပ်အတွက်ပဲ ရုပ် ပိုင်းဆိုင်ရာအောင်မြင်မှု၊ ကောင်း စားမှုကို ကျားကန်ပေးပါတယ်။ စစ်တပ်လူတန်းစားဆိုပေမယ့် တကယ်တမ်းတော့ အောက်ခြေ က ရဲဘော်တွေ၊ အရာရှိငယ်တွေ က ကောင်းစားမယ့်စာရင်းထဲမှာ မပါပါ။ ထိပ်ဆုံးက စစ်ဗိုလ်ချုပ် ကြီးများကောင်းစားရေးသာဖြစ် ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေဟာ စစ်တပ်လူတန်းစား အတွက် အာဏာမြဲဖို့၊ ချမ်းသာ အဆင်ပြေဖို့ အာမခံထားတဲ့ တန်ဖိုးတစ်ခုမျှသာဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းတစ်ခုလုံးအတွက် မှားယွင်းနေတဲ့ တန်ဖိုးတစ်ခုသာ ဖြစ်တယ်လို့လည်း ထောက်ပြလို ပါတယ်။
ဒီလိုဖြစ်နေတဲ့ တစ်ပြိုင် တည်းမှာ အကောင်းထက်အဆိုး ကို ပိုမိုဦးတည်စေတဲ့ တန်ဖိုး အမှားများကိုလည်း အမှန်ထင်ပြီး တွန်းတင်နေတာလည်း တွေ့ရ ပြန်ပါတယ်။ အဲဒါကတော့ အမျိုး၊ ဘာသာ၊ သာသနာဆိုတဲ့အမည် များကို အသုံးပြုပြီး တင်လာတဲ့ တန်ဖိုးများဖြစ်ပါတယ်။ လူမျိုး ရေးအမုန်းတွေပွားဖို့၊ ဘာသာ ရေးကို အကြောင်းပြုပြီး အမုန်း တွေတိုးတက်လာစေဖို့ လုပ် ဆောင်နေတာဟာ မှားယွင်းတဲ့ တန်ဖိုးသာဖြစ်ပါတယ်။ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေဖြစ်ပွား နေတဲ့တိုင်းပြည်တွေ တိုးတက် စည်ပင်လာတယ်လို့ ကြားဖူးပါ သလား။ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်နေတဲ့ တိုင်းပြည်တွေ မှာ ဒီမိုကရေစီရှင်သန်ဖွံ့ဖြိုးတယ် လို့ ကြားဖူးပါသလား။ လူမျိုးရေး၊ ဘာသာ ရေးပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ တိုင်းပြည်တွေမှာ တရားဥပဒေ ရှင်သန်စိုးမိုးတယ်လို့ ကြားဖူးပါသလား။မနေ့တစ်နေ့က မန္တလေးမှာဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေဟာ နောက်ကွယ်ကနေ ဖန်တီးနေတဲ့ အုပ်စုရှိနေတယ်ဆိုတာကို ရှင်း ရှင်းကြီးပြသနေပါတယ်။
အရှေ့တောင်အာရှဒေသ နိုင်ငံများအတွင်း အခုလက်ရှိ အခြေအနေက တယ်မကောင်းလှ ပါ။ ပဋိပက္ခမျိုးစုံကို ဆက်လက် ဖြစ်ပွားဖို့ တွန်းပို့နေတာမျိုးကို မြင်ရပါတယ်။ ဘရူနိုင်းနိုင်ငံမှာဆို ရင် အစ္စလာမ်ရှရီရာဥပဒေကို အသက်သွင်းပါတယ်။ စင်ကာပူ ဟာ စီးပွားရေးကောင်းပေမယ့် နိုင်ငံရေးအရ၊ ဒီမိုကရေစီရေးအရ လွတ်လပ်မှုမရှိတဲ့ တိုင်းပြည်တစ် ခုပါ။ မလေးရှားနိုင်ငံဟာလည်း အမည်ခံ ဒီမိုကရေစီနိုင်ငံပါ။ အာဏာရှိပြီးသားပါတီသာ ဆက် တိုက်အာဏာရနေတဲ့ တိုင်းပြည် တစ်ခုပါ။ ကမ္ဘောဒီးယားသည် လည်း အလားတူအမည်ခံဒီမို ကရေစီတိုင်းပြည်ပါ။ ရွေးကောက် ပွဲကရှိတယ်ဆိုပေမယ့် ဝန်ကြီး ချုပ်ဟွန်ဆန်ဟာ အာဏာရှင်လို့ ကျင့်သုံးပါတယ်။ ထိုင်းနိုင်ငံက တော့ စစ်တပ်အာဏာသိမ်းထား လို့ နောက်ထပ်ရွေးကောက်ပွဲပြု လုပ်ဖို့ အနည်းဆုံးတစ်နှစ်၊ တစ် နှစ်ခွဲလောက်ကြာဦးမယ်လို့ဆိုပါ တယ်။ ဗီယက်နမ်နိုင်ငံဟာ စီးပွား ရေးကောင်းလာပေမယ့် ကွန်မြူ နစ်တစ်ပါတီတည်းက အုပ်ချုပ်တဲ့ စနစ်ကိုသာ ကျင့်သုံးပါတယ်။ မြန်မာပြည်သည်လည်း မထူးပါ။ စစ်အာဏာရှင်လူတန်းစားတွေ အရပ်ဝတ်လဲပြီးအုပ်ချုပ်တဲ့စနစ် ကို သက်ဆိုးရှည်ဖို့ ၂၀၀၈ အခြေ ခံဥပဒေကို ဖင်ခုထိုင်ထားပါ တယ်။ ဒီမိုကရေစီဖွံ့ဖြိုးလာပြီး စီးပွားရေးလည်း တိုးတက်လာလို့ လောလောဆယ်မှာ မဆိုးဘူးလို့ ပြောနိုင်တဲ့ နိုင်ငံနှစ်ခုပဲရှိပါတယ်။ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်တို့ဖြစ်ပါ တယ်။ အရှေ့တောင်အာရှဒေသ အတွင်းက နိုင်ငံတွေရဲ့ ရာသီ ဥတုများဟာ တယ်မကောင်းလှ ပါ။
မြန်မာနိုင်ငံမှာ တပ်မတော် က အမျိုးသားနိုင်ငံရေးမှာ ပါဝင် ခွင့်ရှိတယ်လို့ ပြဋ္ဌာန်းထားတာ ဟာ မှားယွင်းနေတဲ့ တန်ဖိုးတစ်ခု လို့ အတိအလင်းပြောလိုပါတယ်။ နိုင်ငံရေးထဲ ပါလိုတယ်ဆိုရင် တပ် ကထွက်ပြီး ဆောင်ရွက်သင့်တာ ပေါ့။ နောက်တစ်ချက်ကတော့ အမျိုးသားနိုင်ငံရေးဆိုတာကိုက တကယ်တမ်းတော့ အဓိပ္ပာယ် မရှင်းလင်းတဲ့၊ မတိကျတဲ့ အသုံး အနှုန်းဖြစ်ပါတယ်။ မြန်မာပြည် ဟာ ဘယ်နိုင်ငံကမှ ကျွန်ပြုထား တဲ့ ကိုလိုနီနောက်လိုက်နိုင်ငံတစ် ခုမဟုတ်တော့ပါ။ အဲဒါကြောင့် အမျိုးသားနိုင်ငံရေးဆိုတာ ဘယ် လိုတန်ဖိုးဖြစ်ပါသလဲ။ နိုင်ငံ့ အရေးကိုလုပ်တာ နိုင်ငံရေးပါ။ နိုင်ငံသားများအတွက် ဆောင် ရွက်တာလည်း နိုင်ငံရေးပါပဲ။
မြန်မာနိုင်ငံရဲ့ လူ့အဖွဲ့ အစည်းအတွင်းမှာ ဆုံးရှုံးနေတဲ့ တန်ဖိုးတွေပြန်လည်ဆယ်မနိုင် အောင်၊ မှားယွင်းလက်ခံကျင့်သုံး နေတဲ့ တန်ဖိုးအမှားတွေကို ရပ် တန့်သွားအောင် ဆောင်ရွက်ဖို့လို ပါတယ်။ လူမှုရေးမှာလည်း တန်ဖိုးတွေဆုံးရှုံး၊ နိုင်ငံရေးမှာလည်း တန်ဖိုးမှားတွေနဲ့လည်ပတ်၊ ဥပဒေကိုလည်း တန်ဖိုးမှားတွေနဲ့ ပြုစုစီရင်၊ စီးပွားရေးမှာလည်း ကိုယ်ရကိုယ်ယူစံနှုန်းတန်ဖိုးနဲ့ ဆက်သွားနေကြမယ်ဆိုရင်တော့ တိုင်းပြည်ဟာမဝေးတော့တဲ့အနာဂတ်မှာ ချုံးချုံးကျနိုင်ငံတော်ဖြစ်သွားလိမ့်မယ်ဆိုတာ သတိပေးလိုပါကြောင်း။
ACM Credit To: 7 Day Daily
Post a Comment