0

နေခြည်(မြစ်မခ) ၊ မကွေး၊ စက်တင်ဘာ ၂၅
ပြည်ခိုင်ဖြိုး ပါတီမှ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပါတီဝင်အင်အား သိန်း ၆ဝ ကျော် ရှိနေ ပြီး မကွေးတိုင်းဒေသကြီးအတွင်း ပါတီဝင် ပေါင်း ခြောက်သိန်းကျော် ရှိနေခြင်းကြောင့် ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲကို အ လွယ်တကူပင် အနိုင်ရရှိမည်ဟု မျှော်လင့် ထားကြောင်း မကွေးတိုင်းဒေသကြီးမှ မကွေးမြို့ ပြည်ခိုင်ဖြိုးပါတီ၏ အတွင်းရေး မှူးက ပြောဆိုလိုက်သည်။
ပြည်ခိုင်ဖြိုးပါတီမှ စက်တင် ဘာ ၂၄ ရက် တီးဝိုင်းအလှပြယာဉ်ပါသော ယာဉ်တန်းများဖြင့် မကွေးမြို့တွင်း ပထမဦး ဆုံး စည်းရုံးရေးဆင်းခဲ့ကြောင်း၊ ထိုသို့ မဲ ဆွယ်စည်းရုံးရေးဆင်းခဲ့စဉ် ပါတီအတွင်း တိုင်းပြည်ကိုဦးဆောင်သူ အများအပြား ပါဝင်နေခြင်းကြောင့် ¤င်းတို့ပါတီကို မဲ ပေးရန် လိုအပ်ကြောင်း မဲဆွယ်စည်းရုံး ရေး ဆင်းခဲ့ကြောင်း သိရသည်။
''ကျွန်တော်တို့ ပါတီမှာတော့ တိုင်းပြည်ကို ဦးဆောင်နိုင်မယ့် လူကြီးတွေ အများကြီးရှိသလို နောက်မျိုးဆက်သစ် လူငယ်တွေလဲ အများကြီးရှိပါတယ်။ ဒါ ကြောင့် ကျွန်တော်တို့ရဲ့ကံကြမ္မာကို ဘယ် သူ့လက်ထဲ အပ်မလဲ။ ဒါလေးကို ပြည်သူ တွေအနေနဲ့ ချင့်ချိန်ပြီးမှ မဲထည့်ပေးကြ ပါလို့ ပြောချင်ပါတယ်''ဟု ပါတီ၏ တိုင်း ဒေသကြီး အတွင်းရေးမှူး ဦးကြည်ထွန်း က မဲဆွယ် ပြောကြားခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီမှ မကွေးတိုင်းဒေသကြီး အ တွင်း မဲဆန္ဒနယ်အမှတ်(၁)တွင် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဟန် မောင်၊ မကွေးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဇော်မင်း၊ မကွေး မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေ သကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်သိန်းကျော်၊ မကွေးမြို့နယ် မဲဆန္ဒ နယ် အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ် တော်ကိုယ်စားလှယ်လောင်း ဦးအန့်ဇော် တို့ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
''ကျွန်တော်တို့ပါတီက ရွေး ကောက်ပွဲနီးမှ စည်းရုံးရေးဆင်းတာ မ ဟုတ်ပါဘူး။ ၁၉၉၃ ခုနှစ်ကတည်းက တိုင်း ပြုပြည်ပြု အလုပ်တွေပဲလုပ်ပြီး ရပ်ရွာကောင်း ကျိုးအတွက် အမြဲမပြတ် လုပ်ပေးနေခဲ့တာ ပါ။ ပြည်သူတွေကို စဉ်းစားစေချင်တာက တိုင်းပြည်ရဲ့ အနာဂတ်နဲ့ ကျွန်တော်တို့ တစ်ဦးချင်းစီရဲ့ အနာဂတ်ကို ဘယ်သူတွေ လက်ထဲကို ထည့်မှာလဲဆိုတာပါ။ တစ်ခြား ပါတီတွေ မပြောလိုပါဘူး''ဟု ဦးကြည်ထွန်း က ပြောသည်။
၂ဝ၁၅ ပါတီစုံအထွေထွေ ရွေး ကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် ကျင်း ပမည်ဖြစ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် ပါတီပေါင်း ၉ဝ ကျော် ပါဝင်မည်ဖြစ် ပြီး ပြည်သူလွှတ်တော်တွင် ကိုယ်စားလှယ် ပေါင်း ၁၇၄၅ ဦး၊ အမျိုးသားလွှတ်တော် တွင် ၈၈၆ ဦး၊ တိုင်းဒေသကြီးနှင့် ပြည် နယ်လွှတ်တော်အသီးသီးတွင် ၃၄၄၃ ဦး စုစုပေါင်း ၆ဝ၇၄ ဦးတို့ ပါဝင်ယှဉ်ပြိုင်မည် ဖြစ်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီမှ ကိုယ်စားလှယ်လောင်း ၁ဝဝဝ ကျော် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
Yangon Media Group

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top