0

Friday, September 18, 2015
ဧရာဝတီတိုင်းရှိ ဧရာ ၀တီနှင့် င၀န်မြစ်ကမ်းဘေး မြို့ နယ်အားလုံးမှ ကျေးရွာများတွင် ရေဖုံး လွှမ်းမှုပြန်လည်ဖြစ်ပေါ်လာ ကြောင်း ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးသန်းစိုးက ပြော သည်။
ဟင်္သာတ၊ ရေကြည်၊ သာ ပေါင်း၊ မြန်အောင်၊ ညောင်တုန်း၊ ကြံခင်း၊ ဇလွန်၊ ငါးသိုင်းချောင်း၊ ပုသိမ်စသည့် မြစ်ကမ်းတစ် လျှောက်ရှိ မြို့နယ်များအားလုံး တွင် ရေများပြန်လည်တက်လာ ပြီး လက်ရှိအချိန်တွင် စိုးရိမ်ရ သည့် အနေအထားမရှိသေး ကြောင်း ၎င်းကပြောသည်။
‘‘မြစ်ကမ်းနဲ့နီးစပ်တဲ့ ရွာတွေ မှာ ရေတက်လာတာပေါ့။ မြစ်ရေ ကတက်လာတယ်လေ။ အဲဒီနေ ရာတွေက နှစ်တိုင်းရေတက်နေ ကျနေရာတွေဖြစ်လို့တက်တာပါ။ အရင်လက ရေကြီးသလိုတော့ မဖြစ်နိုင်ပါဘူး’’ဟု ဦးသန်းစိုးက ပြောသည်။
ယခုတစ်ကြိမ် ရေပြန်လည် တက်လာသဖြင့် ဇလွန်မြို့နယ်ရှိ ကျေးရွာများမှ စာသင်ကျောင်း လေးကျောင်း ခေတ္တပိတ်ထားရ ကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်ရီရီက ပြောသည်။ ယခင်နှစ် များတွင် ပုံမှန်ရေ၀င်သဖြင့် ခေတ္တ ပိတ်ရလေ့ရှိသည့် ကျောင်းများ ဖြစ်ကြောင်း ၎င်းကဆိုသည်။
မိုးရွာသွန်းမှု များလာသဖြင့် မြင့်တက်လာသည့် ချင်းတွင်းမြစ် ရေများသည် ဧရာဝတီမြစ်မှတစ် ဆင့် ဧရာဝတီတိုင်းဒေသကြီးအ တွင်းသို့ လွန်ခဲ့သည့် သုံးရက်ခန့် က စတင်ဝင်ရောက်လာသည့်အ တွက် ရေများပြန်လည်တက်လာ ခြင်းဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောသည်။
‘‘ဒီနေ့တော့ ရေပြန်ကျနေပါ ပြီ။ ဒါပေမဲ့ မြစ်ဝကျွန်းပေါ်ဒေသက ရေကျတာကကြာတယ်။ တစ် ရက်မှာ ၅ စင်တီမီတာလောက် ပဲကျတယ်’’ဟု ၎င်းက ပြောသည်။
မိုးဇလညွှန်ကြားမှုဦးစီးဌာန ၏ စက်တင်ဘာ ၁၇ ရက် ထုတ် ပြန်ချက်အရ ဧရာဝတီတိုင်းဒေသ ကြီးတွင် ဧရာဝတီမြစ်ရေသည် ဟင်္သာတမြို့တွင် ၁ ပေခွဲနှင့် ဇလွန်မြို့တွင် ၂ ပေခန့် ယင်းမြို့ များ၏ စိုးရိမ်ရေမှတ်အထက်သို့ အသီးသီးကျော်လွန်နေကြောင်း၊ နောက်သုံးရက်အတွင်း ၁ ပေခန့် ကျဆင်းနိုင်ပြီး စိုးရိမ်ရေမှတ်အ ထက် ဆက်လက်တည်ရှိနိုင် ကြောင်း သိရသည်။
ထို့ပြင် င၀န်မြစ်ရေသည် ငါးသိုင်းချောင်းမြို့တွင် စိုးရိမ်ရေ မှတ်အထက် ၂ ပေခွဲခန့်ကျော် လွန်နေပြီး လာမည့် ငါးရက်အ တွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အ ထက် ဆက်လက်ရှိနိုင်ကြောင်း ထုတ်ပြန်ထားကာ ဟင်္သာတခရိုင် (ဧရာဝတီမြစ်)အတွင်းနှင့် င၀န် မြစ်တစ်လျှောက်ရှိ မြစ်ကမ်းအနီး နှင့် မြေနိမ့်ပိုင်းနေထိုင်သူများ အထူးသတိပြုနေထိုင်ရန် လို ကြောင်း ထုတ်ပြန်ထားသည်။
ထို့ပြင် မြန်မာနိုင်ငံမှ ဆုတ် ခွာနေသည့် မုတ်သုံလေဦးသည် မြစ်ဝကျွန်းပေါ်ဒေသသို့ ရောက်ရှိ နေ၍ မြစ်ဝကျွန်းပေါ်၌မိုးရွာသွန်း မှုလည်း အားကောင်းနေကြောင်း၊ မုတ်သုံလေကြောင့် ကရင်၊ မွန် ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့ တွင် စက်တင်ဘာ ၁၉ရက် နံနက် အထိ မိုးကောင်းနိုင်ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာ ထွန်းလွင်က ပြောသည်။
သာပေါင်းမြို့ င၀န်မြစ်ကမ်းဘေးရှိ နေအိမ်များ ရေမြုပ်နေသည်ကို စက်တင်ဘာ ၁၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ − ဖြိုးဝေလင်း)
7Day Daily

Post a Comment

 
Top