ရန်ကုန်၊ စက်တင်ဘာ ၈
-ရွေး ကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် အ မည်စာရင်းတင်ထားသည့် ကိုယ်စား လှယ်လောင်းများတွင် ရန်ကုန် တိုင်း ဒေသကြီးအတွင်း အရည်အချင်းနှင့် မကိုက်ညီသည့် ၃၄ ဦး ပယ်ချခံရ ကြောင်း ရန်ကုန်တိုင်း ရွေးကောက် ပွဲကော်မရှင်အဖွဲ့မှ သိရှိရသည်။
''ကိုယ်စားလှယ်လောင်းအမည် စာရင်းကနေပယ်ချခံရတဲ့ ကိုယ်စား လှယ်လောင်း ၃၄ ဦးမှာ အယူခံဆက် တက်တဲ့ ကိုယ်စားလှယ်လောင်း ၂၀ ကျော်ရှိတယ်။ နိုင်ငံသားဖြစ်ရမယ်ဆို တဲ့အချက်နဲ့မကိုက်ညီလို့ ကိုယ်စား လှယ်လောင်းအမည်စာရင်းကနေ ပယ်ဖျက်ခံရတာပါ''ဟု ရန်ကုန်တိုင်း ဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ လက်ထောက်ညွှန်ကြားရေး မှူး ဦးတင်ဝင်းက ပြောသည်။
ပယ်ချခံရသည့် ကိုယ်စားလှယ်လောင်းများသည် အမျိုးသားဒီမိုက ရေ စီအင်အားစုပါတီ၊ ဒီမိုကရေစီ နှင့် လူ့အခွင့်အရေးပါတီ၊ အမျိုးသား ညီညွတ်ရေးကွန်ကရက်ပါတီနှင့် အ မျိုးသားဒီမိုကရေစီပါတီသစ်တို့မှ ကိုယ်စာလှယ်လောင်းများပါဝင်သည်။
''ကျွန်တော်တို့ပါတီက ကိုယ်စား လှယ်လောင်းတစ်ဦး အမည်စာရင်း ပယ်ချခံရတဲ့ထဲ ပါဝင်ပါတယ်။ မိဘ က နိုင်ငံသားမဟုတ်ဘူးဆိုတဲ့ လဝက မှတ်ချက်နဲ့ပယ်ချခံရတာပါ။ အယူခံ ကို ဗဟိုအထိဆက်တက်သွားမှာပါ အမျိုးသားဒီမိုကရေစီအင်အားစုပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြော သည်။
ပယ်ချခဲ့သည့် ကိုယ်စားလှယ် လောင်းများတွင် ရန်ကုန်အရှေ့ပိုင်း ခရိုင် အတွင်းမှ ကိုယ်စားလှယ်လောင်း ၁၈ ဦး၊ အနောက်ပိုင်းခရိုင်မှ ကိုယ် စားလှယ်လောင်း ၁၂ ဦး၊ မြောက်ပိုင်း ခရိုင်မှ ကိုယ်စားလှယ်လောင်း သုံးဦး နှင့် တောင်ပိုင်းခရိုင်မှ ကိုယ်စားလှယ် လောင်းတစ်ဦးတို့ဖြစ်ရာ စာရင်းထုတ် ပြန်ပြီးခုနစ်ရက်အတွင်း အယူခံဝင် နိုင်သော်လည်း အယူခံမဝင်သည့် ကိုယ်စားလှယ်လောင်း ၁၀ ဦးရှိနေ ကြောင်းကိုလည်း သိရသည်။
AMA(MMK)
#Democracytoday
#Democracytoday
Post a Comment