0


တစ်နိုင်ငံလုံးအပစ်အ ခတ်ရပ်စဲရေးစာချုပ် (NCA) အ တွက် သမ္မတ ဦးသိန်းစိန်နှင့် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များ ၏ ထိပ်သီးခေါင်းဆောင်များတွေ့ ဆုံပွဲကို စက်တင်ဘာ ၉ ရက် နံနက်၉ နာရီတွင် နေပြည်တော်၌ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ (၂) တွင် ပြု လုပ်မည့် ထိုညှိနှိုင်းပွဲသည် ယခု အစိုးရသက်တမ်းအတွင်း အင်န်စီ အေကို လက်မှတ်ရေးထိုးနိုင်ခြင်း ရှိ၊ မရှိအဆုံးအဖြတ်ပေးမည့်ပွဲဟု သတ်မှတ်ထားကြသည်။
 အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ နှစ်ဖက်အလုပ်အဖွဲ့များသည် NCA မူ ကြမ်းကို ၂ နှစ်နီးပါးမျှကြာအောင် ရေးဆွဲပြီးနောက်တွင် လက်နက် ကိုင်အဖွဲ့အရေအတွက်မည်မျှက ယင်းစာချုပ်ကို ပါဝင်လက်မှတ် ရေးထိုးကြမည်နည်းဆိုသည့်အ ပေါ် နှစ်ဖက်မူဝါဒကွဲနေ၍ ယခု နေပြည်တော်ထိပ်သီးတွေ့ဆုံပွဲ ပေါ်ပေါက်လာရခြင်း ဖြစ်သည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များဘက်က အားလုံးပါဝင်လက် မှတ်ရေးထိုးလိုပြီး အစိုးရက လက်နက်ကိုင်အဖွဲ့ ၁၅ ဖွဲ့နှင့်သာ လက်မှတ်ရေးထိုးမည်ဆိုသော မူဝါဒအပေါ် ရပ်တည်နေခဲ့သည်။

နှစ်ဖက်အလုပ်အဖွဲ့များဖြစ် သော UPWC နှင့် SD ကြား (၉) ကြိမ်မြောက်အစည်းအဝေးအပြီး အထိ သဘောတူညီမှုမရှိသေး သော ထိုမူဝါဒကို အစိုးရဘက်မှ သမ္မတ၊ တပ်ချုပ်တို့ ဦးဆောင် သော  ထိပ်သီးများနှင့်  တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များ ဘက်မှ ဥက္ကဋ္ဌ၊ စစ်ဦးစီးချုပ်တို့ ဦးဆောင်သော  ထိပ်သီးခေါင်း ဆောင်များ နောက်ဆုံးထိပ်တိုက် ညှိနှိုင်းကြရန်သာရှိတော့ကြောင်း အလုပ်အဖွဲ့များက ဆုံးဖြတ်ခဲ့ကြ သည်။
ယခုအစိုးရဘက်က ပြည် ထောင်စုငြိမ်းချမ်းရေးဖော်ဆောင် ရေးဗဟိုကော်မတီ (UPCC) ဥက္ကဋ္ဌသမ္မတ ဦးသိန်းစိန်နှင့် တိုင်းရင်း သားလက်နက်ကိုင်ခေါင်းဆောင် များတွေ့ဆုံရန်မှာ သေချာသော် လည်း တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှာ အစ္စရေးနိုင်ငံ သို့ ခရီးသွားရောက်လျက်ရှိသည်။ တပ်ချုပ် ပါဝင်ဆွေးနွေးရန် မသေ ချာသေးခြင်းနှင့် ပတ်သက်၍ တွေ့ဆုံပွဲကိုစီစဉ်သည့် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ‘‘တပ်ချုပ်မရှိလည်း ဒုတပ်ချုပ်ရှိတာပါပဲ’’ဟု ပြောသည်။
 တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များဘက်မှ SD ခေါင်း ဆောင် သုံးဦး၊ ကရင်အမျိုးသား  အစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ် ချုပ်ကြီး မူတူးဆေးဖိုး၊ ကချင် လွတ်မြောက်ရေးအဖွဲ့ (KIO) ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ၊ ရှမ်းပြည်နယ်တိုးတက်ရေးပါတီ- ရှမ်းပြည်တပ်မတော် (SSPP/SSA)နာယက ဗိုလ်ချုပ်ကြီး ဆေ ထင်၊ မွန်ပြည်သစ်ပါတီ (NMSP) ဥက္ကဋ္ဌ နိုင်ထောမွန်၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဥက္ကဋ္ဌ ခူးရ်အေဘယ်တွိဒ်နှင့် တစ် နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) အဖွဲ့ဝင် ဖဒိုစောကွယ်ထူးဝင်းတို့ တက်ရောက် ညှိနှိုင်းကြမည်ဖြစ် သည်။
စက်တင်ဘာ ၈ ရက်တွင် နေ ပြည်တော်၌ UPWC ဒုဥက္ကဋ္ဌပြည် ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များအကြိုညှိနှိုင်း ကြရန် စီစဉ်ထားသည်။ တစ်ချိန် တည်းမှာပင် UPCC ၏ သီးသန့် အစည်းအဝေးလည်း ပြုလုပ်ရန် ရှိကြောင်း သိရသည်။

7Day News Journal

Post a Comment

 
Top