0

အိန္ဒိယနိုင်ငံတာ့ခ်ျမဟာအဆောက်အဦးပေါ်မှာ ဆဲလ်ဖီဓါတ်ပုံရိုက်ယူနေစဉ်ဂျပန်ခရီးသွားတစ်ဦးပြုတ်ကျသေဆုံးမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။တာ့ခ်ျမဟာရဲ့ ရွိုင်ရယ်ဂိတ်ပေါ်ဆဲလ်ဖီရိုက်နေတုန်းတာ့ခ်ျမဟာရဲ့ ရွိုင်ရယ်ဂိတ်ပေါ်ကနေပြုတ်ကျခဲ့တာလို့ မျက်မြင်သက်သေတစ်ဦးက ဘီဘီစီ ဟင်ဒူသတင်းဌာနကိုအတည်ပြု ပြောကြားခဲ့ပါတယ်။ ပြုတ်ကျတဲ့အရိုန်နဲ့ ခေါင်းကိုရိုက်မိလို့ သတိလစ်သွားပြီး ဆေးရုံပေါ်မှာ သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့ ဘက်က လဲအတည်ပြုခဲ့ပါတယ်။
၁၇ရာစုခေတ်အဆောက်အဦးတာ့ခ်ျမဟာကိုခရီးသွားတစ်သောင်း နှစ်ထောင်ေ ကျာ်နေ့  စဉ်လာရောက်လည်ပတ်လျက်ရှိပါတယ်။ လတ်တလောနှစ်များအတွင်းဆဲလ်ဖီပုံရိုက်တာနဲ့ ဆက်နွယ်တဲ့သေဆုံးမှုအချို့ ဆက်တိုက်လိုဖြစ်ပွားခဲ့ပါတယ်။အန္တာရာယ်များတဲ့အခြေနေတွေမှာဆဲလ်ဖီရိုက်တာတွေသတိထားလုပ်ကြဖို့ ရုရှားအစိုးရကိုယ်တိုင်က ယခုနှစ်အစောပိုင်းမှာ ထုတ်ပြန်ကြေညာခဲ့ရ ပါ တယ် ။မေလတုန်းက ရုရှားနိုင်ငံမော်စကိုမြို့ တော်မှာ အသက်၂၁နှစ်အရွယ်အမျိုးသမီးတစ်ဦး ခေါင်းကိုသေနတ်ချိန်ပြိးဆဲလ်ဖီရိုက်တုန်းမတော်တဆကျည်ဆံထွက်သွားတဲ့ဖြစ်ရပ်ဖြစ်ပွားခဲ့ဖူးပါတယ်။ကံကောင်းလို့ အမျိုးသမီးအသက်မသေခဲ့တာပါ။သြဂုတ်လတုန်းကလည်း စပိန်နိုင်ငံ ဗာလက်စကာမြို့ နွားရိုင်းပြေးပွဲ တစ်ခုမှာလည်းဆဲလ်ဖီရိုက်နေ တုန်း နွားရိုင်း နောက်ကနေခွေ့ ခံရပြီးအမျိုးသားတစ်ဦးသေဆုံးခဲ့ပါသေးတယ်။
BBC Burmese

Post a Comment

 
Top