0

စစ်တွေမြို့မှာရှိတဲ့ ကယ်ဆယ်ရေးစခန်းနှစ်ခုမှ ဘင်္ဂါလီတွေကို ရန်ကုန်မြို့ထဲ ခိုးသွင်းခဲ့တဲ့ မော်တော်ယာဉ်သုံးစီးအနက် လွတ်မြောက်သွားတဲ့ မော်တော်ယာဉ်နှစ်စီးကို မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်ဈေးအနီးနဲ့ တိုက်ကြီးမြို့နယ် ကံကုန်ကျေးရွာ အနီးမှာ ပိုင်ရှင်မဲ့တွေ့ရှိ သိမ်းဆည်းနိုင်ခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရပါတယ်။
“ဖမ်းမိထားတဲ့ ပရိုဘောက်ယာဉ်မောင်းရဲ့ ထွက်ဆိုချက်အရ လွတ်သွားတဲ့ ကားနှစ်စီးကို သိမ်းမိတာ၊ ယာဉ်ပိုင်ရှင်တွေနဲ့ ဆက်သွယ်မေးမြန်းနေတယ်”လို့ အဲ့ဒီရဲတပ်ဖွဲ့မှူးရုံးမှ အကြီးတန်းအရာရှိတစ်ဦးက ပြောပါတယ်။
သြဂုတ်လ ၂၂ ရက်နေ့ညပိုင်းက ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် အမှတ် ၄ လမ်းဆုံရှိ ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ တိုက်ကြီးဘက်မှ ရန်ကုန်ဘက်ကို မောင်းလာတဲ့ ပရိုဘောက်အဖြူရောင် အငှားယာဉ်တစ်စီးကို တားဆီးစစ်ဆေးခဲ့ရာမှ ရခိုင်မှ ခိုးဝင်လာတဲ့ အမျိုးသမီးငါးဦး အပါအဝင် ဘင်္ဂါလီလူမျိုး ၁၀ ဦးကို ဖမ်းမိခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရပါတယ်။
အဲ့ဒီဖမ်းမိခဲ့တဲ့ ယာဉ်မောင်းရဲ့ ဘင်္ဂါလီ ၁၉ ဦးကို မော်တော်ယာဉ်သုံးစီးနဲ့ ခွဲဝေ သယ်ဆောင်ခဲ့တယ်ဆိုတဲ့ ထွက်ဆိုချက်အရ လွတ်မြောက်သွားတဲ့ မော်တော်ယာဉ်နှစ်စီးကို လိုက်လံစုံစမ်းရာမှ ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့တာ ဖြစ်တယ်လို့ အဲ့ဒီရဲတပ်ဖွဲ့ ထံမှ သိရပါတယ်။
“သြဂုတ်လ ၂၆ ရက်နေ့က လွတ်သွားတဲ့ ယာဉ်နှစ်စီးက မတ်တူးအဖြူရောင် ကားတစ်စီးကို ထောက်ကြန့်ဈေးနားမှာ တွေ့တာ၊ စက်တင်လာလ ၄ ရက်နေ့က တိုက်ကြီးမှာ နောက်တစ်စီးထပ်မိပြီး ယာဉ်ပိုင်ရှင်တွေကို စုံစမ်းမေးမြန်းနေတယ်” လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးထံမှ စုံစမ်းသိရှိရပါတယ်။

The Voice Weekly

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top