သူသူထက်လွင် ရေးသားသည်။
မြန်မာနိုင်ငံမှာ လူမှုကွန်ရက်သုံးစွဲသူငါးသန်းခန့်ရှိပြီး အများစုက ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ကိုအသုံးပြုနေတာပါ။ နည်းပညာကိုအကျိုးရှိစွာအသုံးပြုနေသူတွေရှိ သလိုနည်းပညာကိုအသုံးချပြီး အကျိုးမဲ့အောင် ဆောင်ရွက်နေသူတွေရှိနေတာလည်း တွေ့မြင်နေရပါတယ်။
ဖေ့စ်ဘွတ်ခ်ကနေတစ်ဆင့်အငြင်းပွားဖွယ်၊ ပဋိပက္ခ ဖြစ်စေမယ့်သတင်းမှားတွေ၊ ဓာတ်ပုံအမှားတွေကို ဖန်တီး ဖြန့်ဝေမှုတွေလည်းရှိလာပါတယ်။ ပြည်သူတွေအနေနဲ့ လည်း လက်ကိုင်ဖုန်းတွေအပါအဝင် နည်းပညာမျိုးစုံနဲ့ အင်တာနက်အသုံးပြုမှုတွေရှိလာပေမယ့် လူမှုကွန်ရက် တွေမှာဖော်ပြတဲ့ ဘယ်သတင်းတွေက စိတ်ချယုံကြည်ရ တယ်၊ ဘယ်ဟာတွေက စိတ်မချရဘူးဆိုတာ များသော အားဖြင့် ဝေခွဲမတတ်သေးတာတွေလည်း တွေ့ရပါတယ်။ ဥပမာအားဖြင့် တစ်လောကဖြစ်ခဲ့တဲ့ကမ္ဘောဇဘဏ်နဲ့ ပတ်သက်တဲ့ကောလာဟလတွေ လူမှုကွန်ရက်မှာ ထွက် ပေါ်လာပြီး ဘဏ်တွေလှုပ်လှုပ်ခတ်ခတ်ဖြစ်သွားတာက သက်သေပါပဲ။
ပြည်သူတွေအနေနဲ့ လူမှုကွန်ရက်မီဒီယာတွေနဲ့ပတ် သက်လို့ဇဝေဇဝါဖြစ်နေချိန်မှာပဲ မကြာသေးခင်ကာလ မှာ ရွေးကောက်ပွဲက ကျင်းပတော့မှာပါ။ အစိုးရတာဝန် ရှိသူတွေကလည်း လူမှုကွန်ရက်ကနေတစ်ဆင့် လှုံ့ဆော်မှု တွေကြောင့် ပဋိပက္ခတွေမဖြစ်လာအောင်ကြပ်မတ်ဖို့အ စီအစဉ်တွေဆောင်ရွက်နေတာလည်းရှိပါတယ်။ သို့သော် လည်း နည်းပညာပိုင်းဆိုင်ရာထိန်းချုပ်မှုအားနည်းသေး တာတွေကြောင့် ဘယ်လောက်ထိရောက်မယ်ဆိုတာ မပြော နိုင်သေးပါဘူး။ ပြီးခဲ့တဲ့နှစ်အတွင်းက အွန်လိုင်းပေါ်မှာ ပျံ့နှံ့ခဲ့တဲ့ကောလာဟလတွေကြောင့် မန္တလေးမြို့မှာ အ ကြမ်းဖက်မှုတွေဖြစ်ပွားခဲ့ဖူးတာလည်း အားလုံးအသိပါပဲ။ အရေးအကြီးဆုံးက လူထုအနေနဲ့ လူမှုကွန်ရက်မီဒီယာ တွေကို အကျိုးရှိရှိအသုံးချတတ်ဖို့ဆောင်ရန်ရှောင်ရန်တွေကိုနားလည်ဖို့ ကောလာဟလနဲ့ အမုန်းစကားတွေကို ထပ်မံဖြန့်ဝေတာတွေမလုပ်မိဖို့က အခုလိုအခြေအနေမှာ အင်မတန်မှ အရေးပါနေတာပါ။
''ထိုင်းနိုင်ငံမှာဖြစ်နေတာတွေကို မြန်မာနိုင်ငံမှာဖြစ် သလိုမျိုးတွေလွန်ခဲ့တဲ့ငါးနှစ်လောက်ကဖြစ်ခဲ့တာကို အခု လက်ရှိပဲဖြစ်နေသလိုမျိုးတွေတင်တယ်။ မြန်မာစစ်သား တွေက ရခိုင်လူမျိုးတွေကိုအစုလိုက်အပြုံလိုက်သတ်သွား တယ်ဆိုတာက တကယ်တမ်းက မြန်မာနိုင်ငံက ပုံမဟုတ် ဘူး။ အခြားနိုင်ငံကပုံတွေပေါ့။ အဲဒါမျိုးတွေ Google image Search နဲ့သာပြန်ရှာလိုက်ရင် ချက်ချင်းပြန်ပေါ် လာတာပဲ''ဟု အိုင်တီပညာရှင်ကိုနေဘုန်းလတ်က ပြောပြ တယ်။
နည်းပညာခေတ်ဖြစ်တဲ့အတွက် နိုင်ငံတော်သမ္မတ ရုံးအပါအဝင် ဝန်ကြီးဌာနတွေ၊ လွှတ်တော်ကိုယ်စားလှယ် တွေ၊ နိုင်ငံအကြီးအကဲတွေအားလုံး ကိုယ်ပိုင်အကောင့် တွေ၊ Page တွေလုပ်ပြီးသတင်းတွေကို အချိန်နဲ့တစ်ပြေး ညီထုတ်ပြန်ပေးကြပါတယ်။
အဲဒီလိုထုတ်ပြန်ပေးတဲ့အတွက် သိသင့်သိထိုက်တဲ့ သတင်းအချက်အလက်တွေ ပြည်သူတွေရရှိကြပေမယ့် အဲဒီအကောင့်တွေကိုမသမာသူတွေကအတုလုပ်တာ မျိုးဟက်ကာတွေကဟက်တာမျိုးတွေ၊ အကောင့် အခိုးခံ ရတာတွေ၊ ပုဂ္ဂိုလ်ရေးအရတိုက်ခိုက်တာမျိုးတွေ၊ တိုက် ခိုက်တဲ့ Comment တွေရေးသားတာမျိုးတွေကြုံတွေ့နေ ရပါတယ်။
ရွေးကောက်ပွဲနီးလာတော့တစ်ဦးကိုတစ်ဦး၊ တစ်ဖွဲ့ ကိုတစ်ဖွဲ့အယူအဆမတူတဲ့သူတွေအချင်းချင်းသော် လည်းကောင်း၊ ကြားထဲမှ မလိုသူတွေကလည်းကောင်း ခိုက်ရန်ဖြစ်စေမယ့်စကားတွေနဲ့ လူမှုကွန်ရက်ပေါ်မှ ထိုး နှက်မှုတွေများလာတယ်လို့လူမှုကွန်ရက်မီဒီယာတွေကို စောင့်ကြည့်လေ့လာနေသူတွေကဆိုကြပါတယ်။
''ဒီနေ့လဲ အပြန်အလှန်တိုက်ခိုက်နေတာတွေကိုတွေ့ နေရတယ်။ တိုက်ခိုက်မှုတွေကတော့ နိုင်ငံတိုင်းမှာရှိတယ်။ ရွေးကောက်ပွဲနီးလာပြီဆိုတော့ပိုဖြစ်လာနိုင်စရာများတယ်။ သက်ဆိုင်ရာအဖွဲ့တွေကအချင်းချင်း လုပ်တာတွေရှိသ လိုကြားလူက ဝင်လုပ်တာမျိုးတွေလဲရှိနိုင်တယ်''ဟု ဧရာ ဝတီတိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းဥက္ကဋ္ဌ ဦးမောင်မောင်ဦးကပြောပါတယ်။
ယုံကြည်စိတ်ချရတဲ့သတင်းမီဒီယာမဟုတ်တဲ့ ဖေ့စ် ဘွတ်ခ်မှသတင်းတွေကိုကြည့်ရှုသူတွေအနေနဲ့သတင်း မှန်တွေရရှိနိုင်ဖို့ခဲယဉ်းပါတယ်။
''ဖေ့စ်ဘွတ်ခ်က တကယ်တမ်းကျတော့ လူမှုကွန် ရက်ပဲ၊ မီဒီယာမဟုတ်ဘူး။ ကျွန်တော်တို့ဆီမှာကခက်တာ ကသတင်းငတ်ခဲ့တဲ့အခါကျတော့ဂျာနယ်တွေ သတင်းစာ တွေထွက်နေရုံမလုံလောက်တော့ဘဲ ဖေ့စ်ဘွတ်ခ်ပေါ်က ဟာတွေပဲသတင်းလုပ်နေကြတာလေ။ တကယ်တမ်းကျ တော့ ဖေ့စ်ဘွတ်ခ်ကမီဒီယာမဟုတ်ဘူး။ ဘယ်သူမဆိုကိုယ် ရေးချင်တာရေးလို့ရတဲ့နေရာတစ်ခုပဲ။ ကျွန်တော်တို့က မြန်မာစာနဲ့ဆိုတော့ပိုဆိုးတာပေါ့။ သတိထားဖို့လိုတယ်။ ဖေ့စ်ဘွတ်ခ်ကရတဲ့ဟာတွေအကုန်လုံးသတင်းလို့ ယူဆ လို့မရဘူး''ဟု ကိုနေဘုန်းလတ်က ဆက်ပြောပါတယ်။
သတင်းမှားတွေကို တင်တဲ့နေရာမှာ နာမည်ကျော် ကြားနေတဲ့မီဒီယာတွေရဲ့အကောင့်တုတွေလုပ်ပြီး သတင်း မှားတွေကိုရေးတင်နေကြတာမျိုးတွေရှိနေပါတယ်။
နာမည်ကျော် မီဒီယာများတွင်ပါဝင်သော 7 Day ၊ အကောင့်အပါအဝင်အခြားသောမီဒီယာတချို့၏ အကောင့် များကိုလည်း အတုပြုလုပ်လာ ကြပြီး သတင်းမှားတွေတင် လာကြတာတွေလည်းရှိပါတယ်။ ပါတီတွေနိုင်ငံရေးအရ ထင်ရှားသူတွေရဲ့ ဖေ့စ်ဘွတ်ခ်အကောင့်တွေကအစ အတု လုပ်ခံရတာတွေရှိနေတာပါ။
''ဖေ့စ်ဘွတ်ခ်ရဲ့သဘောက သူလဲစီးပွားရေးလုပ်နေ တာမဟုတ်ဘူး။ လူမှုရေးလုပ်နေတာမဟုတ်ဘူးဗျ။ အဲဒီ တော့ခိုင်မာတဲ့ဟာတစ်ခုကို ဘယ်တော့မှမဖျက်ပေးဘူး။ တော်တော်ဆိုးဆိုးရွားရွားဘာသာရေးပဋိပက္ခတွေဖြစ် အောင်လုပ်နေတဲ့အကောင့်က like တစ်သိန်းလောက်က ရနေပြီး တော်ရုံတန်ရုံဘယ်လောက် Report ထုထု ဘာမှ မဖြစ်ဘူး။ မဖျက်ပေးဘူးဗျ။ သူ့ရဲ့ Big Customer ဖြစ် နေတော့ သူကမဖျက်ပေးဘူးဗျ။ တဖြည်းဖြည်းနဲ့အယောင် ဆောင်ထားတဲ့အကောင့်က Like တွေတက်လာပြီးအဲ ဒီအကောင့်ရဲ့ Like ကများသွားရင် ကိုယ့်အကောင့်က တောင်အတုဖြစ်သွားနိုင်တယ်။ သူကReport ပြန်ထုရင် တောင်ကိုယ်ကပျက်သွားနိုင်တယ်။ အန္တရာယ်များတယ်။ အကောင့်တုလုပ်ခံရတာသိပြီဆိုတာနဲ့ ချက်ချင်း Report အလုပ်ပါ''လို့ အိုင်တီပညာရှင်တစ်ဦးက အကြံပြုပြောပြ ပါတယ်။
ရွေးကောက်ပွဲကာလနီးလာပြီဖြစ်လို့ အဲဒီလိုပဋိပက္ခ ဖြစ်စေမယ့် လူမှုကွန်ရက်မီဒီယာလှုံ့ဆော်သူတွေ၊ သတင်း မှားတင်သူတွေကိုပြန်ကြားရေးဝန်ကြီးဌာနမှ တည်ဆဲဥပ ဒေအရအရေးယူသွားမယ်လို့ဆိုပါတယ်။
ဒါပေမဲ့ အကောင့်အတုတွေများနေတာနဲ့ နည်းပညာ ပိုင်းဆိုင်ရာ အားနည်းချက်တွေရှိနေဆဲဖြစ်တာကြောင့် တချို့နေရာတွေမှာအခက်အခဲရှိနေဆဲပဲလို့ သမ္မတပြော ခွင့်ရဦးရဲထွဋ်က ပြောပါတယ်။
''အမုန်းစကားတွေအတွက် ဖေ့စ်ဘွတ်ခ်နဲ့ညှိပြီး သတင်းပို့စနစ်လေးလုပ်ထားတယ်။ တည်ဆဲဥပဒေအရ အရေးယူသင့်ရင်ယူမယ်။ အကောင့်ပုန်းတွေများနေတော့ ဖေ့စ်ဘွတ်ခ်ကို Report လုပ်ပြီးဖြုတ်ခိုင်းရတာ ဦးစား ပေးရတာပေါ့''ဟု ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင် စုဝန်ကြီးဦးရဲထွဋ်ကရန်ကုန်တိုင်း(မ်)ဂျာနယ်သို့ ပြောပါ တယ်။
နည်းပညာနဲ့ပြစ်မှုကျူးလွန်မှုတွေကို နိုင်ငံတကာမှာ ဆိုက်ဘာဥပဒေ၊ဆိုက်ဘာရဲတွေထားရှိပြီး နည်းပညာနား လည်ကျွမ်းကျင်သော တရားသူကြီး၊ ရှေ့နေများမှအရေး ယူဆောင်ရွက်ကြတယ်လို့သိရပါတယ်။
မြန်မာနိုင်ငံမှာ သီးသန့်အရေးယူနိုင်မယ့်ဥပဒေမရှိ သေးသော်လည်း အကောင့်များကိုပိတ်သိမ်းအရေးယူ နိုင်မှာဖြစ်ပါတယ်။
''ဆက်သွယ်မှုဥပဒေအရ Facebook Admin Team နဲ့ပေါင်းပြီး အရေးယူမှုတွေလုပ်လို့ရတယ်။ ပြန်ကြားရေး နယ်ပယ်ကလဲ ပြည်သူတွေကိုအသိပညာပေးဖို့လိုပါတယ်။ ဥပဒေအရတားမြစ်တာထက် အသိပညာလုပ်ကြတာအ ကောင်းဆုံးပဲ။ ပုဂ္ဂိုလ်ရေးအရတိုက်ခိုက်တာတွေကို အရေး ယူလို့ရတယ်။ သက်သေအထောက်အထားစုထားနိုင်တယ်။ အကောင့်ကဘယ်ကလာလဲဆိုတာFacebook Admin Team ရယ်၊ မြန်မာနိုင်ငံက လုံခြုံရေးအဖွဲ့တွေရယ်ဆက် သွယ်ရေးလုပ်တဲ့ အော်ပရေတာတွေပူးပေါင်းပြီး အရေး ယူနိုင်တယ်။ Admin က အကောင့်ပိတ်လိုက်လို့ရတယ်။ ဖျက်သိမ်းလို့ရတယ်။ ဆရာတို့အသင်းချုပ်အနေနဲ့အစိုးရ နဲ့ပေါင်းပြီးတော့ အသိပညာပေးတာမျိုးတွေလုပ်သွားဖို့ရှိ ပါတယ်''ဟု မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းချုပ် ရဲ့အမှုဆောင်တစ်ဦးကပြောပါတယ်။
အဲဒီလို နည်းပညာကို အသုံးပြုပြီးတိုက်ခိုက်သူတွေ၊ ပြစ်မှုကျူးလွန်သူတွေအတွက် အရေးယူနိုင်မယ့်ခိုင်မာတဲ့ ဥပဒေတွေလိုအပ်လာကြောင်းနဲ့ ဥပဒေတွေပြဋ္ဌာန်းမယ် ဆိုရင် နည်းပညာရှင်တွေရဲ့အကြံÓဏ်တွေယူပြီး ပြဋ္ဌာန်း ဖို့လိုအပ်တယ်လို့သိရပါတယ်။
''စီးပွားရေးဆိုင်ရာအချက်အလက်တွေကို ကာကွယ် ပေးနိုင်မယ့်ဥပဒေမြန်မာနိုင်ငံမှာ မပြဋ္ဌာန်းထားသေးဘူး။ အကောင့်အတုလုပ်တာတွေက ဆိုက်ဘာမှုခင်းပါ။ အဲဒါ သတ်သတ်ရှိမယ်။ ကျွန်တော်တို့သိပ္ပံနဲ့ နည်းပညာဝန်ကြီး ဌာနအနေနဲ့ ဥပဒေလေးရပ်ပြဋ္ဌာန်းနိုင်ဖို့ လွှတ်တော်မှာ တင်ထားတယ်။ (၁)ကုန်ပစ္စည်းအမှတ်တံဆိပ်ဥပဒေ၊ (၂) တီထွင်မှုမူပိုင်ခွင့်ဥပဒေ၊ (၃)စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ၊ (၄)မူပိုင်ခွင့်ဥပဒေတို့ပြဋ္ဌာန်းဖို့ရှိပါတယ်''ဟု သိပ္ပံနှင့်နည်း ပညာဝန်ကြီးဌာန၊ အသိÓဏ်ပစ္စည်းမူပိုင်ခွင့်ဌာန၊ လက် ထောက်ညွှန်ကြားရေးမှူး ဦးကျော်ခိုင်လင်းကပြောပါတယ်။
တစ်ချိန်တည်းမှာလည်း ရွေးကောက်ပွဲနီးလာလို့ ပြိုင် ဆိုင်မှုတွေလည်း ပြင်းထန်လာနိုင်တဲ့အခြေအနေမှာ ဖေ့စ် ဘွတ်ခ်မှာတက်လာတဲ့သတင်းတွေကတာဝန်ယူမှုတွေမရှိ တဲ့အတွက် ဖေ့စ်ဘွတ်ခ်မှာတက်လာတဲ့ သတင်းတွေမှန် ကန်မှုရှိမရှိ သတင်းစာတိုက်၊ ဂျာနယ်တိုက်များသို့ ဖုန်း ဆက်မေးမြန်းဖို့လိုအပ်တယ်လို့ ပညာရှင်တွေကသုံးသပ် စကားပြောကြားပါတယ်။
''လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်မှာတော့ တွေ့ကရာကောက် ထည့်ရေးမှာပဲ။ အမှား၊အမှန်ခွဲခြားဖို့ခက်တယ်။ အဲဒါကို သတိထားဖို့လိုတယ်။ စဉ်းစားဆင်ခြင်သုံးသပ်နိုင်ရမယ်။ သတင်းသမားတွေရေးတဲ့ သတင်းတွေကတော့ ကာကွယ် ပြီးသားပါ။ ဘယ်သူကပြောတယ်ဆိုတာပါတယ်။ အရင်း အမြစ်တစ်ခုကပြောလိုက်တယ်ဆိုတာပါတယ်။ အဲဒါတွေမ ပါတဲ့ဖေ့စ်ဘွတ်ခ်မှာ သတိထားပြီးမှယုံရမယ်။ အကောင့် တုတွေသတိထားရမယ်။အဲဒါတွေကိုဥပဒေအရအရေး ယူလို့တော့ရပါတယ်''ဟု မြန်မာနိုင်ငံသတင်းစာဆရာအ သင်းဥက္ကဋ္ဌဦးသီဟစော က ပြောပါတယ်။
သတင်းမီဒီယာအစစ်အမှန်တွေမှာ ကျင့်ဝတ်တွေရှိ ပြီးဘယ်သူကပြောတယ်ဆိုတာတွေပါဝင်ကြောင်းနဲ့ တာဝန် ယူမှုတွေရှိတဲ့အတွက်ယုံကြည်သင့်တယ်လို့ဆိုပါတယ်။
YangonTimesJournal
Yangon Media Group
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.