0



စင်ကာပူ၊ စက်တင်ဘာ ၁၀
စင်ကာပူတွင် မြူများဆိုင်းနေခြင်းမှာ ကျန်းမာရေးကိုထိခိုက်သည့် အဆင့်သို့ရောက်နေပြီဖြစ်ကြောင်းသိရသည်။
လေထုညစ်ညမ်းမှုကို ၃ နာရီတစ်ကြိမ်တိုင်းတာခြင်းအရ ယခုရောက်ရှိသည့် လေထုညစ်ညမ်းမှုစံညွှန်းကိန်းမှာ ၁၆၀ မျှရှိနေပြီဖြစ်ပြီး ယခုနှစ်အတွင်း အများဆုံးဖြစ်ကြောင်း စင်ကာပူနိုင်ငံ အမျိုးသားသဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးအဂျင်စီကဆိုသည်။
ထို့ကြောင့် သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်များနှင့် ကလေးသူငယ်များတို့အနေဖြင့် မိမိတို့အိမ်ပြင်ပသို့ ကြာရှည်စွာ ထွက်မနေကြရန် နှိုးဆော်ထားကြောင်းသိရသည်။
PN
Popular News Journal

Post a Comment

 
Top