မဲစာရင်း တွင် လက်ရှိအစိုးရအား မဲပေးနိုင်မည့်သူများ သာ အဓိကပါဝင်နေ ကြောင်း စောင့်ကြည့်အဖွဲ့အစည်းများ သုံးသပ်
၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် မဲပေးနိုင်ရေးအတွက် မဲစာရင်း များ ရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန်ရာတွင် အကြိမ်ကြိမ် မှားယွင်းမှု များ ဖြစ်ပေါ်ခဲ့ပြီး လက်ရှိအစိုးရအား မဲပေးနိုင်မည့်သူ အများ စုသာ အဓိက ပါဝင်လာသည်ကိုတွေ့ရကြောင်း ရွှေဝါရောင်သံဃာတော်များ ကွန်ရက်မှ ဦးစန္ဒာသီရိမှ ရှစ်နှစ်ပြည့် ရွှေဝါရောင် နှစ်ပါတ်လည် အခမ်းအနားတွင် ထည့်သွင်းမိန့်ကြားခဲ့သည်။
”ရွေးကောက်ပွဲ ကော်မရှင် က ၃၀ ရာခိုင်နှုန်းပဲ အာမခံမယ်ဆိုတော့ ကျန်တာ အာမမခံဘူးဆိုတဲ့ သဘောလေ။ ဒါဟာ တရားဝင်မဲခိုးတဲ့ သဘောဖြစ်နေတယ်။ နောက် ၁၀ ရာခိုင်နှုန်းနဲ့ ၅ ရာခိုင်နှုန်းက ပယ်မဲ ရှိမယ်။ ဒီမိုကရေစီ အင်အားစုက ၇ ရာခိုင်နှုန်းနဲ့ ၅ ရာခိုင်နှုန်းပဲ ရှိတယ် ဆိုတော့ မဲစာရင်း မှာ လက်ရှိ အစိုးရကို မဲပေးနိုင်မယ့်သူတွေပဲ ပါနေတယ်။ ဒါကြောင့် ဒီရွေးကောက်ပွဲက သန့်ရှင်းပါ့မလား ဆိုတာကိုတော့ ဦးဇင်း တို့ စောင့်ကြည့်သွားပါမယ်” ဟု အရှင် စန္ဒာသီရိမှ မိန့်ကြားသည်။
ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ၂၀၁၅ ဇူလိုင်လမှ စတင်ကာ မဲစာရင်း များ ထုတ်ပြန်ခဲ့သော်လည်း အမှားအယွင်းများ ကြောင့် ပြန်လည်ပြင်ဆင်မှု များ ပြုလုပ်ခဲ့ရကာ စက်တင်ဘာ ၁၄ ရက်တွင် နောက်ဆုံးအကြိမ် အဖြစ် ပြန်လည် ထုတ်ပြန်ခဲ့သည်။ သို့သော် နောက်ဆုံးထုတ်ပြန်ခဲ့သည့် မဲစာရင်း တွင်လည်း အမှားများ လျက်ပင်ဖြစ်သည်။
”အရင် တစ်ခေါက်တုန်းက မပါလို့ သွားပြင်ထားတာ။ ဒီတစ်ခေါက်မှာနေတာ့ ပါလာတယ်။ ဒါပေမယ့် အရင်က ပါခဲ့ပေမယ့် ခုတစ်ခေါက်မှာ ပါမလာ တာတွေ တွေ့နေရတယ်။ လူတွေက အရင်ကကြည့်ထားတာပါတယ် ဆိုပြီး သွားထပ်မကြည့်ကြဘူး။ တကယ်တော့ ကိုယ့်အခွင့်အရေးအတွက် သွားကြည့်ကြပါ။” ဟု မဲစာရင်း ပညာပေးရေး လုပ်ကိုင်နေသည့် စမ်းချောင်း အခြေစိုက် CSO တစ်ခုမှ ပြောသည်။
မဲစာရင်း ကြည့်ရှုပြင်ဆင်ရမည့် ကာလကို စက်တင်ဘာလ ၁၄ ရက်မှ ၂၇ ရက်နေ့အထိ သတ်မှတ်ပေးထားသည်။ ””မဲစာရင်း မှာ မပါပေမယ့် ဒီမြို့နယ် ဒီရပ်ကွက်မှာနေထိုင်ကြောင်း ထောက်ခံပေးရင် မဲပေးခွင့်ရမှာပါ။ ဥပဒေမှာ ပါတဲ့အတိုင်းပါပဲ။ မဲပေးတဲ့ ပုံစံအနေနဲ့လည်း ဘယ်လိုဆိုရင် ပယ်မဲ ဆိုတာ သတင်းစာတွေကနေတစ်ဆင့် ဖော်ပြပေးနေပါတယ်။”” ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် မှ ညွှန်ကြားရေးမှုး ဦးဝင်းခိုင် မှ ပြောကြားထားသည်။
သတင်း - မင်းဝသာန်
The Ladies News Journal
Post a Comment