ရန်ကုန်၊ စက်တင်ဘာ ၁၈
ရန်ကုန်တိုင်း ကိုကိုကျွန်းမြို့နယ်တွင် ၀င်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးရန် ကိုကိုကျွန်းသို့ မသွားရသေးကြောင်းသိရသည်။
"မနေ့က သွားခွင့်ရပြီး၊ ဒီနေ့မနက် ငါးနာရီခွဲ သဘောင်္နဲ့ ဗိုလ်တထောင်ဆိပ်ကမ်းကထွက်မယ်ဆိုလို့ သွားပါတယ်။ ဒါပေမယ့် သင်္ဘောမထွက်ဖြစ်လို့ ထွက်မယ့်ရက်ကို အကြောင်းကြားမယ်လို့ပြောပါတယ်" ဟု ကိုကိုးကျွန်းပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာအတွက် ၀င်ရောက်ယှဉ်ပြိုင်မည့် ဦးဝင်းမင်းက ပြောပါသည်။
ဦးဝင်းမင်းနှင့်အဖွဲ့သည် ကိုကိုကျွန်းသို့သွားရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုချက်လိုအပ်သဖြင့် သွားခွင့်ကို စက်တင်ဘာ ၉ ရက်နေ့ကတည်းကပင်လျှင် အစိုးရအဖွဲ့ရုံးသို့ တင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ကိုကိုကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အငြိမ်းစား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်(ရေ) သူရဦးသက်ဆွေကလည်း ပြည်ခိုင်ဖြိုးပါတီမှ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
PNews
Post a Comment