0




တနေ့လုပ်ခ (၃၆၀၀) ကျပ်ကိုမပေးနိုင်တာကြောင့် ပဲခူးတိုင်း ကြို့ပင်ကောက်မြို့က တင်ဟော့အထည်ချုပ် (ဇာပန်ထိုး) စက်ရုံပိတ်သိမ်းလိုက်ရပြီး အလုပ်သမားတွေ အလုပ်လက်မဲ့ ဖြစ်ခဲ့ရပါတယ်။
တန့လုပ်ခ(၃၆၀၀)ကျပ် မပေးနိုင်တာရယ် အလုပ်သမားတွေရဲ့ အခွင့်အရေးတွေ သဘောတူညီမှုတွေကို အလုပ်ရှင်ဘက်က လစ်လျူရှု ဖောက်ဖျက်တာတွေကြောင့် အလုပ်ရှင်နဲ့အလုပ်သမား၊တွေ ပြသနာ တက်ခဲ့တဲ့အပြင် ဦးဆောင်သူ အလုပ်သမားခေါင်းဆောင်တယောက်ကို ပါ အလုပ်က ထုတ်ပစ်လိုက်တာတွေကြောင့် ခရိုင် အလုပ်ရုံနှင့် အလုပ်သမား စီစစ်ရေးဦးစီးဌာနနဲ့ ဒေသဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေက ၀င်ရောက်ညှိနှိုင်းပေးခဲ့ပြီး အလုပ်ရှင်ဘက်က တနေ့လုပ်ခ (၃၆၀၀)ကျပ်ကို မပေးနိုင်ဘူးဆိုပြီး အလုပ်ရုံကို ပိတ်သိမ်းလိုက်ဖို့ သဘောတူခဲ့ပါတယ်။
အခုစက်ရုံက ကြို့ပင်ကောက်မြို့မှာ ၂၀၁၄-နိုဝင်ဘာ (၁၉)ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး ဇီးကုန်းမြို့မှာလဲ အလုပ်သမား (၄၀၀)ကျော် နဲ့ နောက်ထပ် တလုံး ထပ်ဖွင့်ခဲ့ပါတယ်။ စဖွင့်စဉ်က စက်ရုံ(၂)ရုံစလုံးက တရားဝင် ခွင့်ပြုမိန့်မရှိ သေးပဲ ဖွင့်လှစ်နေခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့လကမှ တရားဝင်ခွင့်ပြုမိန့် လိုင်စဉ်ရရှိခဲ့တာဖြစ်တယ်လို့ ခရိုင် အလုပ်ရုံနှင့်အလုပ်သမားစီစစ်ရေးဦးစီးဌာန ဦးစီးမှူး ဦးမောင်မောင်ကပြောပါတယ်။
သတင်းဓာတ်ပုံ - မင်းညို
DVB TV News

Post a Comment

 
Top