ရွေးကောက်ပွဲကျင်းပရန် တစ်လကျော်သာ လိုတော့သည့်အချိန် တွင် ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်ကြမည့် ပြည်ထောင်စု ဝန်ကြီး၊ ဒုဝန်ကြီး၊ တပ်မတော်အ ငြိမ်းစားအရာရှိဟောင်းများအပါ အဝင် ကိုယ်စားလှယ်လောင်းအ များစုသည် လူမှုကွန်ရက်စာမျက်နှာ ကို အသုံးပြု၍ မဲဆွယ်စည်းရုံးရေး နှင့်ပတ်သက်သည့် ဓာတ်ပုံ၊ စာ သားများလွှင့်တင်ပြီး လူထုနှင့်ထိ တွေ့မှုများ လုပ်ဆောင်လာကြ ကြောင်း သတင်းရရှိသည်။
ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်မည့် ပြည်ထောင်စုဝန် ကြီးအချို့သည် ယခင်က ၎င်းတို့ ၏ဖေ့စ်ဘွတ်ခ်ကို အမည်မှန်ဖြင့် သုံးစွဲခြင်းမပြုဘဲ လက်ရှိ မဲဆွယ် ကာလရောက်ချိန်တွင်မူ အမည် မှန်၊ Profile Picture အမှန်ဖြင့်ပြောင်းလဲသုံးစွဲခြင်း၊အသစ်ပြု လုပ်သုံးစွဲလာကြသည်။
ယခင်က Justin Min အမည်ဖြင့် ဖေ့စ်ဘွတ်ခ်သုံးစွဲခဲ့သည့်မွေး မြူရေး၊ ရေလုပ်ငန်းနှင့်ကျေးလက် ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနပြည် ထောင်စုဝန်ကြီး ဦးအုန်းမြင့်သည် လက်ရှိတွင် Ohn Myint အမည် သို့ပြောင်းလဲကာ ၎င်း၏ဓာတ်ပုံ အမှန်ဖြင့် ပြောင်းလဲအသုံးပြုနေ ပြီဖြစ်သည်။
အမျိုးသားစီမံကိန်းနှင့်စီး ပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးဒေါက် တာ ကံဇော်သည် ၎င်း၏ဓာတ်ပုံကို အသုံးပြု၍ ဦးကံဇော် အမည်ဖြင့် စက်တင်ဘာ ၁၆ ရက်၌ အကောင့် အသစ်ဖွင့်လှစ်ထားကြောင်း တွေ့ ရသည်။ အဆိုပါဝန်ကြီးဌာနမှ ဒုတိ ယဝန်ကြီး ဒေါ်လဲ့လဲ့သိန်းသည် လည်း စက်တင်ဘာ ၁၀ ရက်တွင် အကောင့်ဖွင့်လှစ်ခဲ့ပြီး ၎င်း၏လှုပ်ရှားမှုများနှင့် မဲဆွယ်စည်းရုံးရေး လုပ်ငန်းစဉ်များကို လွှင့်တင်မှုများ ပြုလုပ်နေသည်။
ထို့အတူ အမျိုးသားဒီမိုက ရေစီအဖွဲချုပ်ပါတီအပါအဝင် နိုင် ငံရေးပါတီများမှ ကိုယ်စားလှယ် လောင်းများနှင့် တစ်သီးပုဂ္ဂလအ ဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့်ကိုယ် စားလှယ်လောင်းအချို့လည်း ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်တွင် အကောင့်အသစ်များဖွင့်လှစ်၍ လည်းကောင်း၊ Fan Page စာမျက် နှာများဖွင့်လှစ်၍လည်းကောင်း မဲ ဆွယ်စည်းရုံးရေးနှင့်ပတ်သက်၍ သတင်းလွှင့်တင်မှုများပြုလုပ်နေ ကြသည်ကိုတွေ့ရသည်။
ဖြူးမြို့နယ်မှ ပြည်ခိုင်ဖြိုးပါ တီကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင် မည့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် Office of H.EThura U Shwe Mann အမည်ရှိ ဖေ့စ်ဘွတ်ခ်စာမျက်နှာတစ်ခုကို အသစ်ဖွင့်လှစ်ခဲ့ပြီး ယင်းစာမျက် နှာမှတစ်ဆင့် ၎င်း၏မဲဆွယ်စည်း ရုံးရေးခရီးစဉ်၊ လှုပ်ရှားမှုနှင့်သ တင်းဌာနများမှ ရေးသားထား သည့် အကြောင်းအရာများကို မျှ ဝေခြင်းများ ဆက်တိုက်ပြုလုပ်နေ သည်။
http://www.7daydaily.com/story/46971
Post a Comment