0


(ဝါရှင်တန်၊ စက်တင်ဘာ ၂၂)
 နိုင်ငံပိုင် ဓနဥစ္စာများကို အရင်း တည်၍ ကိုယ်ကျိုး သုံးသည်ဟု စွဲ ချက်ဖြင့် အမေရိကန် တရားရေး ဌာနက မလေးရှား လက်ရှိ ဝန်ကြီး ချုပ် နာဂျစ်ရာခမ် အား တရားစွဲ မည်ဖြစ်သည်။
 နိုင်ငံပိုင် ငွေကြေးဟု ယုံကြည် ရသည့် ကန်ဒေါ်လာသန်း ၆ဝဝကို ၄င်း၏ ကိုယ်ပိုင်ငွေစာရင်းတွင် တွေ့ရှိပြီး နောက်ပိုင်း ငွေကြေး အလွဲ သုံးစား လုပ်မှုဖြင့် စွပ်စွဲခံနေရသည့် ဝန်ကြီးချုပ် နာဂျစ် အတွက် ယခု အကြိမ်မှာ အပြင်းအထန်ဆုံး ထိုး နှက်ချက် တစ်ရပ်ဖြစ်သည် ဟု အကဲ ခတ်များ ကဆိုသည်။ အမေရိကန် တရားရေး ဌာန အဖွဲ့ခွဲ တစ်ခု က နိုင်ငံတကာ ငွေကြေး အလွဲသုံးစား မှုတစ်ခုကို စုံစမ်း စစ်ဆေးနေရာ မှ ယင်းအမှုတွင် ဝန်ကြီးချုပ် နာဂျစ် အပါအဝင် ၄င်းနှင့် နီးစပ်သူနှစ်ဦး ပါဝင်နေသည် ဟု တွေ့ရသည်။ ၄င်း၏ မယား ပါသား ရှယ်ယာ အများစု ပိုင်သည့် ရှဲကုမ္ပဏီက အမေရိကန် ပြည်ထောင်စုတွင် အိမ်ခြံမြေ အများအပြား ဝယ်ယူခဲ့ ရာ ထိုသို့ဝယ်ယူမှု တွင် အဆိုပါ သားသာမက မိသားစုနှင့် နီးစပ်သူ တစ်ဦး ပါဝင်နေကြောင်း အမည် မဖော်လိုသူ ဝန်ကြီးချုပ် အသိုင်း အဝိုင်းမှ ပုဂ္ဂိုလ် တစ်ဦးက ဆိုသည်။
အဆိုပါ ဝယ်ယူသူများ အတွက် ဝန်ကြီးချုပ် ကိုယ်ပိုင်ငွေ စာရင်းမှ အမေရိကန်သို့ လွှဲပြောင်းခဲ့သည့် ကန်ဒေါ်လာ ၆၈၁ သန်း ကို ဖော်ပြ ပါအတိုင်း စစ်ဆေးနေခြင်း ဖြစ် သည်။
၎င်းမှာ မလေးရှားနိုင်ငံတွင် လည်း စုံစမ်း စစ်ဆေးခံနေရပြီး သီးခြား တရားရုံးနှစ်ခုမှ စုံစမ်းတွေ့ ရှိချက် များကို နိုင်ငံတော် ရှေ့နေ ချုပ်ထံ သို့ ယမန်နေ့က လွှဲအပ်ခဲ့ပြီး ဖြစ်သည်။ ဗဟိုဘဏ်ခွဲ၌ ထားရှိသည့် ဝန်ကြီးချုပ်၏ ဘဏ်စာရင်း ကို ဖော်ပြပါ တရားရုံးများက စစ်ဆေး နေခြင်းဖြစ်သည်။ မလေးရှား တရားရေး ဌာန အဆိုအရ စုံစမ်း စစ်ဆေးမှုများမှာ အချိန် ကြာမည် ဖြစ်ပြီး ပြည်ထောင်စု တရား ဥပဒေ ကို အမှန်တကယ် ချိုးဖောက်ခြင်း ရှိ၊ မရှိကို ဆုံးဖြတ်ရန် နှစ်နှင့်ချီ အချိန်ယူရမည် ဟု ဆိုသည်။ နယူး ယောက်၊ မင်ဟက်တန် ရပ်ကွက် ရှိ ကမ္ဘာကျော် ‘တိုင်းဝါနာစင်တာ’ ပိုင်ဆိုင်မှု နောက်ကွယ် တွင် ဖော်ပြ ပါ ရှဲကုမ္ပဏီ ရှိကြောင်း သိခဲ့ကြရာမှ ယခုကဲ့သို့ အရှုပ်တော် ပုံပေါ်ပေါက် လာခြင်းဖြစ်သည်။
အဆိုပါ စင်တာကို ကန်ဒေါ် လာ ၄ ဒသမ ၅ သန်းဖြင့် အိုင် ဆန်လူး ဆိုသူက ဝယ်ယူခဲ့ရာမှ ၄င်းမှာ ဝန်ကြီးချုပ် နာဂျစ်နှင့် နီး စပ် သူဖြစ်ကြောင်း အများသိပြီး နောက် ယခုကဲ့သို့ ပြဿနာပေါ် လာခြင်းဖြစ်သည်။
ယခုဖြစ်စဉ်မှာ ဝန်ကြီးချုပ် ဟောင်း မဟာသီယာမိုဟာမက် ဆယ်စုနှစ် များစွာ နိုင်ငံကို အုပ်ချုပ်ခဲ့ပြီး နောက်ပိုင်း အဆိုးရွားဆုံး အလွဲ သုံးစား မှု ဖြစ်သည်။
 TTBT
Ref: International Herald Tribune/ Wikipedia
http://popularmyanmar.com/afpopular/archives/5898

Post a Comment

 
Top