0


 မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင် တစ်ဦးဖြစ်ပြီး ဘာသာတရား အပေါ် အလေးအမြတ်ထား ယုံကြည် ကိုးကွယ်မှုပြုနေတဲ့ လူငယ် တစ်ဦး ကတော့ သရုပ် ဆောင် နေယံ ပဲဖြစ်ပါတယ်။ သရုပ်ဆောင်နေယံက စက်တင်ဘာ ၂၃ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ သူ့ရဲ့ မွေးနေ့မင်္ဂလာ ရက်မြတ် အတွက် အဲဒီနေ့မနက်အစော ပိုင်းမှာတော့ မိမိရဲ့ နာမည်ပါဝင်တဲ့ မွေးနေ့ကိတ် ကို ရွှေတိဂုံဘုရား အလယ်ပစ္စယံ မှာရှိတဲ့ ပတ္တမြား မျက်ရှင်တော် ဘုရားကို သွားရောက် ကပ်လှူပူဇော်ခဲ့ပြီး ရေချမ်း ကပ်လှူခြင်း နဲ့အတူ  ဆီမီးပူဇော်ခြင်းတွေ ကိုလည်း ပြုလုပ် ခဲ့တာဖြစ်လို့ဘာသာ တရားနဲ့ပတ်သက်ပြီး လူငယ်တစ်ဦး ရဲ့ သက်ဝင် ယုံကြည်မှုများ ထပ်ဆင့် ကုသိုလ်ပွားများ ရအောင် စု စည်းဖော်ပြပေး လိုက်ပါတယ်။
ဗုဒ္ဓဘာသာလူငယ်တစ်ဦးပီပီ မွေးနေ့ရက်မြတ်မှာ ပြုလုပ်ဖြစ်တဲ့အရာများ
မွေးနေ့ ၂၃ ရက်နေ့ မနက် အစောကြီး ထပြီးတော့ ရွှေတိဂုံစေတီ အလယ်ပစ္စယံ မှာရှိတဲ့ ပတ္တမြား မျက်ရှင်တော် ဘုရား မှာ မွေးနေ့ ကိတ် ရေချမ်း၊ ဆီမီးတွေကို ကပ်လှူပူ ဇော်တယ်။ ပြီးတော့မွေးနေ့ မတိုင်ခင် တစ်ရက် ၂၂ ရက်နေ့ကတော့ ဆရာ တော် အရှင်ဆန္ဒာဓိက ဆီမှာ ကျွန်တော် ရဲ့ လှူဒါန်းမှု အပါအဝင် ယူအက်စ်အေ နဲ့ နော်ဝေးနိုင်ငံ က ကျွန်တော့် သူငယ် ချင်းတွေရဲ့ လှူဒါန်းမှုတွေ အပါအဝင် စုစုပေါင်း အလှူငွေ ၁၁၁၂၈၅ဝ ကျပ် တိတိကို လှူဒါန်းဖြစ်ခဲ့တယ်။ အဲဒါက တော့ ဆရာတော် ရဲ့ရေဘေးပြန်လည် ထူထောင်ရေး ကိစ္စရပ်တွေ အတွက် လှူဒါန်းတာပေါ့။ စက်တင်ဘာ ၂၆ ရက်နေ့ မှာတော့ သန်လျင်ဘက်က ခွေးလေခွေးလွင့်တွေ ကို မွေးမြူထား တဲ့ဂေဟာကို သွားပြီးတော့ ခွေးတွေ အားလုံးကို အစာကျွေးဖို့လုပ်ဖြစ်ပါ တယ်။ တတ်နိုင်သလောက်နဲ့ ဒါန ပြုဖြစ်တာပေါ့။
ဘာသာတရားအပေါ် လူငယ်တစ်ဦး အနေနဲ့ ယုံကြည်မှု
ငယ်စဉ်တုန်း ကတော့ မိရိုးဖလာ ဗုဒ္ဓဘာသာ ဆိုတာကိုပဲ အဖေ၊အမေ၊ အဘိုး၊ အဘွားတွေ ကိုးကွယ်လို့ လိုက် ပြီးတော့ ကိုယ်တိုင် လည်း ဦးချဖြစ် တယ်။ ဘုရား၊တရား ဆိုတာကိုတော့ သိနေခဲ့တယ်။ ဒါပေမဲ့ သရဏဂုံနဲ့ တကွ မြတ်စွာဘုရားရဲ့ ဟောပြောတဲ့ တရားတွေကို သိတတ်တဲ့ အရွယ် ရောက်လာတဲ့အခါမှာ ပိုပြီးတော့ ရင်ထဲက လှိုက်လှိုက်လှဲလှဲ လေးလေး နက်နက်နဲ့ကို ယုံကြည် သက်ဝင် လာ တယ်။ အမြဲတမ်းစိတ်ထဲမှာ ဘယ်ကို သွားနေ၊ သွားနေ သရဏဂုံကို ရွတ် ဖတ်ပြီးတော့ သွားရာကနေ အခု အချိန်မှာ ဆိုရင် အကျင့် တစ်ခုလို ဖြစ် သွားပြီ။ ဘုရားတရား ကို ယုံကြည် ဆည်းကပ်နေတော့ အန္တရာယ် မဖြစ် နိုင်ဘူး ဆိုတာ ကိုလည်း သိလာ တယ်။ ကံကံ၏ အကျိုး ကိုလည်း ယုံကြည် တယ်။ အခု ဝါတွင်းသုံးလ ပတ်လုံး မှာလည်း ကျွန်တော် အဓိဋ္ဌာန်ဝင် ထားတယ်။ ဝါတွင်း မှာ လုံးဝ အရက် သေစာ မသောက်စားပါဘူး။ မေတ္တ သုတ်၊ ပဋ္ဌာန်း အကျယ်တွေ ကို နေ့စဉ် ရွတ်ပါတယ်။ ကျွန်တော်ဘုရား၊ တရား လုပ်တယ် ဆိုပေမယ့် အခုချိန် ထိ လိုချင်တဲ့ ဆုတွေကို မတောင်းဖူး ဘူး။ ဆုတောင်းတာ ကတော့ ကိုယ့် ပြုတဲ့ ကုသိုလ်ကောင်းမှု သည် နိဗ္ဗာန် သို့ အထောက်အပံ့ ဖြစ်ပါစေလို့သာ ဆုတောင်းတယ်။ ဒီဘဝမဟုတ်ရင် လည်း နောင်ဘဝတွေမှာ ဒီပြုခဲ့တဲ့ ကုသိုလ် အထောက် အပံ့လေးတွေ ရပါစေ လို့သာ ဆုတောင်းတယ်။
ဘာသာတရားကို ယုံကြည်ခြင်းက လူတစ်ယောက်ရဲ့စိတ်ကိုလုံခြုံစေတယ်
ဘာသာ တရားကို ယုံကြည် သက်ဝင်ခြင်းက လူတစ်ယောက် ရဲ့ စိတ်ကို လုံခြုံစိတ်ချမှု ရှိစေပါတယ်။ ဘာသာတရား ကို ယုံကြည်ခြင်း အား ဖြင့် ကျွန်တော်တို့ ဗုဒ္ဓဘာသာ အရ ဆို ရင် ဘယ်သွားသွား ကိုယ်ကဘုရား၊ တရားကို ယုံကြည် သက်ဝင်မှု ရှိနေ တယ်ဆိုရင် စိတ် က သူ့အလိုလို တည်ငြိမ်နေပြီးတော့ လုံခြုံနေ တာပေါ့။ ကျွန်တော်နေ့တိုင်း ဘုရား မှာ ဆွမ်းကပ် လှူဒါန်းတယ်။ ရေချမ်း ကပ်တယ်။ ကျွန်တော်တို့ အိမ်မှာ ထမင်း ၊ဟင်းချက် ပြီးတာနဲ့ ဘုရားကို အရင် ဆက်ကပ်လှူဒါန်းတယ်။ နေ့စဉ်နေ့တိုင်း မပျက်မကွက် ဒီနေ့ အထိ အမြဲလုပ်ဖြစ်နေပါတယ်။
ဗုဒ္ဓတရားတော်များနဲ့ ဗုဒ္ဓဘာသာ လူငယ်တစ်ဦးရဲ့ သဘောထား
ဗုဒ္ဓမြတ်စွာ ဘုရားဟောကြားခဲ့ တဲ့ တရားတော်တွေဟာ လေးလေး နက်နက်နဲ့ တွေးတောရင် အမှန်တရား ဆိုတာတွေချည်းသာ ထွက်ပေါ်နေ တာပါ။ ဗုဒ္ဓဘုရား ဟောကြားခဲ့တဲ့ အရာတွေဟာ ဒီကနေ့ လက်ရှိခေတ် မှာလည်း အမှန်တရားတွေ ချည်းပါ။ ဗုဒ္ဓမြတ်စွာ ဘုရားကတော့ ဟိုးနှစ် ပေါင်းများစွာ ကတည်းက ဟောကြား ခဲ့တာပါ။ ဒီအချိန်မှာ တအားကို မှန် ကန်ပါတယ်။ နက်နက်နဲနဲ တန်ဖိုး ထား ပြီးတော့ ဘုရား စာအုပ်တွေပဲ ဖြစ်ဖြစ်၊ အသိဥာဏ် ကြွယ်ဝပြည့်စုံတဲ့ သံဃာတော်တွေ ဟောပြောတာ ကိုပဲ နားထောင်၊ နားထောင် အသိဥာဏ် ဗဟုသုတတွေက အင်မတန် တိုးပွား လာပြီးတော့ ဘဝအတွက် ဆင်ခြင် တုံတရားတွေ နဲ့အတူ မဇ္ဈိမပဋိပဒါ အလယ် အလတ်ဖြစ်အောင် ဘဝမှာ နေထိုင် သွားနိုင်တယ်။ ပုထု ဇဉ်လူသား တစ်ယောက် အနေနဲ့ အဆိုးအကောင်းတွေ ဆိုတာ လာနေ စမြဲဖြစ်တဲ့ အတွက် အလယ်အလတ် လမ်းစဉ်နဲ့ အရာ အားလုံးကို ကျင့်သုံး ပြီးတော့ ချင့်ချိန်တွေးတောစွာ နေ ထိုင်နိုင်ဖို့ က မြတ်စွာ ဘုရားဟောကြား တဲ့အထဲမှာ ဘုရား စာအုပ်တွေအထဲ မှာ  အများကြီး ပါတယ်။ အဲဒါတွေကို ဖတ်ရှုခြင်း အားဖြင့် တကယ့် ဘဝထဲ မှာ ငြိမ်းချမ်းစွာ နေထိုင်နိုင်မယ်လို့  ယုံကြည်ပါတယ်။
ထက်လူ
http://popularmyanmar.com/afpopular/archives/6017

Post a Comment

 
Top