0

မန္တလေး စက်တင်ဘာ ၂၂
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် ၂ဝ၁၆ အိုလံပစ်အမျိုးသမီး ဘောလုံးပြိုင်ပွဲ အာရှဇုန်ဒုတိယအဆင့် ခြေစစ်ပွဲ နောက်ဆုံးနေ့ပွဲစဉ်များကို ယနေ့ ညနေပိုင်းက မန္တလာသီရိကွင်း၌ ကျင်းပရာ ဗီယက်နမ်အသင်းတတိယ အဆင့် ခြေစစ်ပွဲသို့ တက်ရောက်သွား သည့် နောက်ဆုံးပွဲတွင် မြန်မာအသင်း ကတရုတ်(တိုင်ပေ)အသင်းကို သုံးဂိုး- တစ်ဂိုးဖြင့်အနိုင်ရခဲ့သည်။
မြန်မာအသင်းမှာ ခြေစစ်ပွဲ အောင်မြင်ရန် မျှော်လင့်ချက်မရှိတော့ သော်လည်း ဂုဏ်သိက္ခာပိုင်းအရ နိုင်ပွဲရယူခဲ့သည်။ တရုတ်(တိုင်ပေ)အသင်းမှာ ယခုပွဲ အနိုင်ရရှိလျှင် နောက်တစ်ဆင့် တက်ရောက်နိုင် မည်ဖြစ်သော်လည်း မြန်မာအသင်းကို ရှုံးနိမ့်ခဲ့၍ မျှော်လင့်ချက်များ အဆုံး သတ်ခဲ့ရသည်။ ယင်းအတွက်ကြောင့် ထိုင်းကို အနိုင်ကစားထားသည့် ဗီယက်နမ်အသင်းမှာ ရမှတ်ကိုးမှတ် ဖြင့် တတိယအဆင့် ခြေစစ်ပွဲသို့ တက်ရောက်သွားခဲ့သည်။
မြန်မာအသင်းအတွက် ဂိုးများကို ၆၆ မိနစ်တွင် ခင်မိုးဝေ၊ ၇၈ မိနစ် တွင် သန်းသန်းထွေး၊ ၈၃ မိနစ်တွင် ရီရီဦး ကန်ချက် တိုင်ပေနောက်ခံလူ နှင့်ထိကာ ဂိုးရရှိခဲ့သည်။ တိုင်ပေ အတွက် ပွဲပြီးခါနီး၌ လီစုချင်က သွင်းယူပေးသည်။
ပထမပွဲတွင် ဗီယက်နမ်အသင်း က ထိုင်းအသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ နိုင်ပွဲဆက်နေသည့် ဗီယက်နမ်အသင်းမှာ နာမည်ကြီး ထိုင်းအသင်းကို ခြေစွမ်းပြအနိုင်ယူ ခဲ့ခြင်းဖြစ်ပြီး အနိုင်ဂိုးများကို တိုက်စစ်မှူး ငုယင်သီမင်က ၄ဝ၊ ၈၄ မိနစ်တို့တွင် သွင်းယူပေးခဲ့သည်။ သုံးပွဲဆက် ရလဒ်ကောင်းများရယူနိုင် ခဲ့သည့် ထိုင်းအသင်းမှာ မထင်မှတ်ပဲ ရှုံးပွဲကြုံတွေ့ကာ ဒုတိယအဆင့်ခြေစစ် ပွဲမှ ထွက်ခဲ့ရ သည်။
ဒုတိယအဆင့် ခြေစစ်ပွဲ ပွဲစဉ် များအပြီးတွင် ဗီယက်နမ်အသင်းက သုံးပွဲနိုင်၊ တစ်ပွဲရှုံး၊ ကိုးမှတ်ဖြင့် တတိယအဆင့်သို့ တက်ရောက်နိုင်ခဲ့ သည်။ ခုနစ်မှတ်စီ ရရှိခဲ့သည့် ထိုင်း နှင့် တရုတ်(တိုင်ပေ)အသင်း၊ ခြောက် မှတ်ရရှိသည့် မြန်မာအသင်းနှင့် လေးပွဲစလုံးရှုံးခဲ့သည့် ဂျော်ဒန်အသင်း တို့ ဒုတိယအဆင့်မှ ထွက်ခဲ့ရ သည်။
သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ကြည်စိုး(MFF)


Myanmaalinn

Post a Comment

 
Top