‘‘အဓိကအရေးကြီးဆုံးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းတွေ လွှတ်တော်ထဲများများရောက်ဖို့ပါပဲ’’
Byနန္ဒOn
ဒီချုပ်ကိုယ်စားလှယ်လောင်း ဦးပြုံးချို (ဓာတ်ပုံ−နန္ဒ)
မြန်မာ့ဒီမိုကရေစီရေးတွင် ရှေ့ တန်းမှ အစဉ်တစိုက်ဆောင်ရွက် ခဲ့သည့် အင်အားစုနှစ်ခုဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှင့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူး ပေါင်း၍ ၂၀၁၅ ရွေးကောက်ပွဲဝင် ရန် ဟန်ပြင်ခဲ့ကြသည်။
မြန်မာ့ဒီမိုကရေစီရေးတွင် ရှေ့ တန်းမှ အစဉ်တစိုက်ဆောင်ရွက် ခဲ့သည့် အင်အားစုနှစ်ခုဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှင့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူး ပေါင်း၍ ၂၀၁၅ ရွေးကောက်ပွဲဝင် ရန် ဟန်ပြင်ခဲ့ကြသည်။
သို့သော် NLD ၏ သမ္မတ လောင်းအထိပင် ထင်ကြေးပေးခံ ရသော ဦးကိုကိုကြီးအပါအ၀င် ၈၈ မျိုးဆက်ခေါင်းဆောင် ၁၈ ဦး အနက် ဦးပြုံးချိုတစ်ယောက်သာ NLD အမတ်လောင်းစာရင်းတွင် ပါဝင်လာခဲ့သည်။ ၈၈ ခေါင်း ဆောင်အများစုကို NLD မှ ကိုယ်စားလှယ်လောင်းအဖြစ် မရွေးချယ်ခဲ့သည့်အတွက် အင်န်အယ်လ်ဒီနှင့် ၈၈ မျိုးဆက်တို့၏ ကတ္တီပါလမ်းခွဲအဖြစ် တင်စားခဲ့ကြသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအပါအ ၀င် မြန်မာ့ဒီမိုကရေစီလှုပ်ရှား မှုဖြစ်စဉ်တွင် လွှတ်တော်တွင်း၊ လွှတ်တော်ပြင်ပ အတွဲညီခဲ့သော အဖွဲ့အစည်းနှစ်ခု တကယ်ပဲကွဲပြဲခဲ့ပြီလားဆိုသည်ကို ယခု အင်တာဗျူးတွင် ဦးပြုံးချို၏ အဖြေမှတစ်ဆင့် မှန်းဆကြည့်နိုင်ပါ သည်။ သို့သော် ယင်းကိစ္စနှင့် ပတ်သက်၍ ဦးပြုံးချိုက များများ စားစား ဖြေကြားလိုခြင်း မရှိပေ။ဒေါပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဌေးဝင်းအောင်(ခေါ်) ဦးပြုံးချိုနှင့်လက်ရှိရွေးကောက်ပွဲဝင်ရောက်မည့် ကိုယ်စားလှယ်လောင်း တစ်ဦးအနေဖြင့် ရွေးကောက်ပွဲ ကြိုကာလ ပြင်ဆင်မှုများ၊ မဲဆန္ဒရှင် ပြည်သူများအတွက် ဆောင်ရွက်ပေးမည့်ကိစ္စအပါအ၀င် မျက်မှောက်ရေးရာတို့ကို 7Day Daily က တွေ့ဆုံမေးမြန်းပြီး ဖော်ပြ လိုက်ရပါသည်။
၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းမှာ လွှတ်တော် ပြင်ပနိုင်ငံရေးကို တောက်လျှောက်လုပ်လာပြီးမှ လွှတ်တော်နိုင်ငံရေးဘက် ခြေဦးလှည့်လိုက် တဲ့အခါ တာဝန်ယူမှု ဘယ်လိုကွာ ခြားတယ်လို့ ခံစားရသလဲ။
ကျွန်တော်တို့ နိုင်ငံရဲ့ နိုင်ငံ ရေးပြုပြင်ပြောင်းလဲရေးကို သွား ကြတဲ့အခါ လွှတ်တော်အတွင်း မှာ ဆောင်ရွက်ကြတာ ရှိသလို တခြားလွှတ်တော်ပြင်ပ အင်အား စုတွေ ဆောင်ရွက်နိုင်တဲ့ ကိစ္စ တွေလည်း အများကြီးရှိပါတယ်။ လွှတ်တော်တွင်း နိုင်ငံရေးဖြစ်စေ၊ လွှတ်တော် ပြင်ပနိုင်ငံရေးဖြစ်စေ နိုင်ငံ့ကောင်းကျိုးကို ရှေးရှုကြတဲ့ လုပ်ငန်းတွေဆို ပေါင်းစပ်ပြီးသွား လို့ ရမှာပါ။ ဒါကြောင့် ကျွန်တော် အနေနဲ့ကျတဲ့နေရာမှာ ကျတဲ့တာ ၀န်ကို ကျေကျေပွန်ပွန် ပေါင်းစပ်ပြီး လုပ်နိုင်အောင် ဆက်ပြီးကြိုးစားသွားမှာပါ။ ကွာခြားတယ်လို့ မခံစားရပါဘူး။ ကျွန်တော်တို့လုပ်ဖော်ကိုင်ဖက်တွေလည်း ကျတဲ့နေရာမှာ လုပ်နိုင်အောင် ကြိုးစားကြတာ ရှိတယ်။ လွှတ်တော်တွင်း နဲ့ လွှတ်တော်ပြင်ပ ပေါင်းစပ်နိုင် ခြင်းက နိုင်ငံ့ကောင်းကျိုးအတွက် အဓိကကျပါလိမ့်မယ်။
အရေးကြီးလှတဲ့ ရွေး ကောက်ပွဲကာလမှာ ပြည်သူတွေ ကို ပေးချင်တဲ့ သတင်းစကားက ဘာများ ဖြစ်ပါသလဲ။
နိုင်ငံသား တစ်ယောက်က သူ့ဘ၀ကို လုံခြုံမှုရှိရှိ၊ အာမခံမှုရှိ ရှိ နေထိုင်နိုင်ဖို့ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်အောင်လုပ်ဖို့ ကျွန်တော် တို့မှာ အများကြီးနောက်ကျနေခဲ့ ပြီ။ အဲဒီလို အချိန်တွေကုန်ဆုံးခဲ့ တာနဲ့ ယှဉ်လိုက်ရင် ပြုပြင်ပြောင်း လဲရေးလုပ်ဖို့ အချိန်တွေကလည်း တော်တော်ကို ကျော်လွန်ခဲ့ပြီ။ ဒီအနေအထားမှာ ရွေးကောက်ပွဲ တစ်ခုကို ဖြတ်သန်းရမယ့်အခါကျ တော့ ပြည်သူလူထုတစ်ရပ်လုံးက ထိုက်သင့်တဲ့ အစိုးရတစ်ရပ်ကို ရွေးချယ်နိုင်ဖို့အတွက် အခွင့်အ လမ်းပဲ။ ဒီအခွင့်အရေးကို လူ တိုင်းပါဝင်စေချင်တယ်။ ပြည်သူ ရဲ့ အဆုံးအဖြတ်နဲ့ ပေါ်ပေါက် လာမယ့် အစိုးရမျိုးကသာ ပြည် သူ့အကျိုးသယ်ပိုးပြီး တိုင်းပြည် ပြုပြင်ပြောင်းလဲရေးကို ဆက်လုပ်နိုင်လိမ့်မယ်။ ဒီအချိန်မှာ မှန်မှန် ကန်ကန် မဲပေးရွေးချယ်နိုင်ရေး ကသာ အဓိကကျတဲ့အချက်ပါပဲ။
ရွေးကောက်ပွဲမတိုင်မီ ကာလ၊ ရွေးကောက်ပွဲကာလနဲ့ ရွေးကောက်ပွဲ အလွန်အာဏာ အလွှဲအပြောင်း ကာလတည်ငြိမ် ရေးအတွက် စိန်ခေါ်မှုတွေက ဘာတွေဖြစ်နိုင်မလဲ။
တရားမျှတစွာ အကာအ ကွယ်ပေးနိုင်တဲ့ အုပ်ချုပ်ရေးစနစ် တစ်ခုရှိဖို့ လိုတယ်။ ဒီလိုစနစ် တစ်ခုကိုတည်ဆောက်နိုင်ရင် ရွေးကောက်ပွဲကာလတင်မကဘဲ နောင်လာမယ့် ကာလတွေအထိ ပါတည်ငြိမ်မှု ရှိမှာပါ။
ကျွန်တော်တို့ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်က ရွေးကောက် ပွဲအနိုင်ရအောင် ကြိုးစားပြီး အဲဒီ လိုမျိုးအစိုးရယန္တရားတစ်ခုလည် ပတ်နိုင်အောင် ကြိုးစားသွားမှာပါ။
ရွေးကောက်ပွဲကို လွတ်လပ် ပြီး တရားမျှတမယ်လို့ ယုံကြည် ပါသလား။
ပါတီတွေထဲမှာရော အဖွဲ့ အစည်းတွေထဲမှာပါ ဒီကိစ္စကို ပြောဖြစ်ကြတယ်။ ဒီမိုကရေစီ စနစ်မှာ ရွေးကောက်ပွဲက ဖြတ်ကို ဖြတ်သန်းရမယ့် ကွေ့ကြီးတစ် ကွေ့ဖြစ်တယ်။ တိုင်းပြည်ရဲ့ အ ပြောင်းအလဲကို ဒီကနေ အဖြေ ထုတ်ကြရမှာ ဖြစ်တယ်။ ၁၉၉၀ ရွေးကောက်ပွဲကို ကော်မရှင်က လွတ်လပ်ပြီး တရားမျှတစွာ ကျင်းပပေးခဲ့တယ်။ ရွေးကောက် ပွဲတစ်ခု လွတ်လပ်ပြီးတရားမျှတ ဖို့ဆိုတဲ့နေရာမှာ ရွေးကောက်ပွဲ ကော်မရှင်သာမက ရွေးကောက် ပွဲ ခုံရုံးတွေကပါ အရေးပါတဲ့အနေ အထား ဖြစ်တယ်။ အဲဒီအနေအ ထားတွေကို သတိကြီးကြီးထား ပြီး ကျော်ဖြတ်နေရတယ်ဆိုရင် ရလဒ်အမှန်တွေ ထွက်ဖို့ သံသယ များစရာ ဖြစ်လာမယ်။ ဒီတော့ တာဝန်ရှိသူတွေအနေနဲ့ ဘက် လိုက်မှုကင်းကင်းနဲ့ ဆောင်ရွက် သွားစေချင်တယ်။ ဒါ့အပြင် ရွေး ကောက်ပွဲအပြီး အငြင်းပွားမှုတွေ ဆုံးဖြတ်ပေးမယ့် ခုံရုံးတွေအနေနဲ့ လည်း ဘက်လိုက်မှုကင်းကင်းနဲ့ ဆောင်ရွက်သွားစေချင်တယ်။
လက်ရှိမှာ အမှားအယွင်း များနေတဲ့ မဲစာရင်းကိစ္စကို ဘာ များပြောချင်ပါသလဲ။
မဲစာရင်းတွေ အမှားအယွင်း များနေရင် ပြည်သူ့ဆန္ဒအစစ်အ မှန်ကို ရရှိဖို့ ခက်လိမ့်မယ်။ ဒီနေ ရာမှာ ပြောချင်တာတစ်ခုက ရပ် ကွက်ကော်မရှင်အဖွဲ့ခွဲဝင်တွေ က ရပ်ကွက်ထဲက လူကြီးတွေနဲ့ ဖွဲ့ထားတာ ရှိတယ်။ သူတို့က ရှေ့ကဦးဆောင်ပြီးတော့ကိုယ့် လမ်းထဲမှာ လူဦးရေဘယ်လောက် ရှိတယ်။ မဲပေးခွင့်ရှိသူ ဘယ် လောက်ရှိသလဲဆိုတာကို ဆွဲ ထုတ်ပေးနိုင်ရင် ပိုကောင်းမယ်။ အဲဒါဆို ရပ်ကွက်နေပြည်သူတွေ က ကိုယ့်လူကြီးတွေဆိုပြီး အား ကိုးကြည်ဖြူတာကို ခံရတာပေါ့။ အဲဒီလိုသာ လုပ်ပေးနိုင်ရင် သူတို့ အတွက်လည်း နာမည်ကောင်းရ နိုင်တာပေါ့။
ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံရရင် မဲဆန္ဒရှင်ပြည်သူ တွေအတွက် လုပ်ပေးချင်တဲ့ အပြင်းပြဆုံးဆန္ဒက ဘာလဲ။
ကျွန်တော်က ဒီနိုင်ငံရဲ့ နိုင်ငံရေးဖြစ်စဉ်မှာ တောက် လျှောက်ဖြတ်သန်းခဲ့တယ်။ ပြည် သူလူထုနဲ့ ထိတွေ့မှုတွေရှိသလို နိုင်ငံတကာ အတွေ့အကြုံတချို့ လည်း ရှိတယ်။ သို့သော်လည်း ကျွန်တော်က အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ် ကိုယ်စားပြုဝင်ရောက် ယှဉ်ပြိုင်တာ ဖြစ်တဲ့အတွက် ပါ တီရဲ့ မူဝါဒတွေနဲ့ ကျွန်တော်တို့ လုပ်ချင်တာ ပေါင်းစပ်နိုင်ဖို့ ကြိုး စားရမှာပါ။ အဓိကပိုင်းဖြတ်ထား တာက တကယ်ပဲ ပြည်သူလူထု ကို အနစ်နာခံ သစ္စာရှိရှိနဲ့ ပြည်သူ့ အကျိုးကို ဖော်ဆောင်ပေးဖို့သာ လျှင် အဓိကဆန္ဒပါ။ ရွေးကောက် ပွဲဝင်ပြိုင်ပြီး ပြည်သူ့အဆုံးအဖြတ် ကို ခံယူမယ်ဆိုကတည်းက ကိုယ့် စိတ်ထဲမှာ ကျန်တဲ့ပုဂ္ဂိုလ်ရေးတွေ ကို လျှော့ချပြီး ပြည်သူလူထုအ တွက် အချိန်ပေးမယ်လို့ ဆုံးဖြတ် ထားတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်ကလည်း ပြောထားတာ ရှိ တယ်။ ကျွန်တော်က ဘာတွေ လုပ်ပေးမယ်ဆိုပြီး ကတိတွေ အလွန်အကျွံပေးတာထက် သူ ပြောခဲ့တဲ့အတိုင်းပဲ မလုပ်သင့်တဲ့ အလုပ်ကိုမလုပ်ဘူး လုပ်သင့်တဲ့ အလုပ်ကို လုပ်သွားမယ်။
လွှတ်တော်ထဲရောက်သွား ရင်ကော ဦးစားပေးအနေနဲ့ ဘာ တွေလုပ်ဖို့ ဆန္ဒရှိသလဲ
လွှတ်တော်ထဲကို ကျွန်တော် တို့ ဘယ်လောက်များများ ရောက် သွားတယ်ဆိုတာ ပိုစိတ်ဝင်စားဖို့ ကောင်းတယ်။ လွှတ်တော်ထဲကို ကျွန်တော်တို့အများကြီး ရောက် ချင်တယ်။ မဏ္ဍိုင်သုံးရပ်စလုံးမှာ အပြောင်းအလဲလုပ်ချင်တယ်။ အစိုးရဖွဲ့နိုင်ဖို့ပဲ ဖြစ်ဖြစ်၊ ပြည်သူ လူထုကို အကျိုးပြုမယ့် ဥပဒေ တွေ ပြဋ္ဌာန်းနိုင်ဖို့ပဲ ဖြစ်ဖြစ် လွတ် လပ်ပြီး အမှီအခိုကင်းတဲ့၊ အကျင့် ပျက်ခြစားမှု ကင်းတဲ့ တရားစီရင် ရေးစနစ်ကို ဖော်ဆောင်နိုင်ဖို့ပဲ ဖြစ်ဖြစ်၊ အဓိကအရေးကြီးဆုံးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းတွေ လွှတ်တော်ထဲများများ ရောက်ဖို့ ပါပဲ။
၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တချို့ အမျိုးသားဒီ မိုကရေစီအဖွဲ့ချုပ် ကိုယ်စား လှယ်လောင်းအဖြစ် လျှောက် ထားခဲ့ပေမယ့် သူငယ်ချင်းတွေ ပါမလာခဲ့ဘဲ အစ်ကိုတစ်ယောက် တည်း ရွေးချယ်ခံရတဲ့အပေါ် ဘယ်လိုခံစားရလဲ။
ကျွန်တော်အကုန်လုံးနဲ့ ထိ တွေ့ပြီး လက်တွဲလုပ်ခဲ့တာပေါ့ နော်။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နဲ့ ၈၈ မျိုးဆက်ပွင့်လင်း လူ့အ ဖွဲ့အစည်းဆိုတာ ဖွဲ့စည်းပုံအခြေ ခံ ဥပဒေပြင်ဆင်ရေးအတွက် ပူး ပေါင်းဆောင်ရွက်ခဲ့ကြတယ်။ ပူး ပေါင်းပြီးတော့ ကြေညာချက်တွေ ထုတ်ခဲ့ကြတယ်။ ရွေးကောက် ပွဲမှာလည်း ဒီမိုကရေစီအင်အား စုတွေ အနိုင်ရဖို့ ပူးပေါင်းလုပ် ဆောင်နေတာကိုလည်း မြင်တွေ့ ကြမှာ ဖြစ်ပါတယ်။ အဲဒီတော့ ဘယ်သူမဆို ကျရာနေရာမှာ ကိုယ်ရွေးချယ်တဲ့အတိုင်း တာဝန် ထမ်းဆောင်နိုင်ဖို့က အဓိကကျ ပါတယ်။ ဒါကို သက်ဝင်ယုံကြည် တဲ့သူအားလုံးအတွက် ကွဲပြားတဲ့ ကွာဟချက် ဘာမှမရှိဘူး။ ရှေ့ ဆက်ပြီး ဘယ်လိုပေါင်းစပ်လုပ် ကိုင်သွားမလဲဆိုတာ၊ ဘယ်လို ကွာဟချက်တွေ ကျဉ်းမြောင်း အောင်လုပ်နိုင်မလဲဆိုတာ ပိုပြီး တော့ အလေးထားစရာ ကိစ္စဖြစ် ပါတယ်။
အဲဒီတော့ အစ်ကိုပြောတဲ့ ကွာဟချက်ပေါ့နော်။ တော်တော် များများက ဦးကိုကိုကြီးတို့ကို အင်န်အယ်လ်ဒီက ရွေးကောက် ပွဲမှာ ချန်လှပ်ထားခဲ့ပြီး နောက် ပိုင်း ၈၈ နဲ့ အင်န်အယ်လ်ဒီကို ကတ္တီပါလမ်းခွဲလို့ တင်စားကြ တယ်။ အစ်ကိုက နှစ်ဖက်စလုံးနဲ့ သက်ဆိုင်တဲ့တစ်ဦးတည်းသော သူ ဖြစ်နေတယ်။ ဒီအဖွဲ့အစည်း နှစ်ခုကြား အဟကျဉ်းမြောင်း အောင် ဘယ်လိုလုပ်မယ် စိတ် ကူးလဲ။
ကျွန်တော်တို့မှာ ရှေ့ လျှောက်လုပ်စရာတွေ အများကြီး ရှိသေးတယ်လေ။ အဲဒီလုပ်စရာ တွေ တော်တော်များများမှာလည်း သဘောထား အမြင်တွေ တူညီ နေကြတယ်။ ကြီးမားတဲ့ကွာဟ ချက်တော့ ဖြစ်လာမှာ မဟုတ် ဘူး။ ပေါင်းစပ်နိုင်ဖို့ကို ဘယ်လို ညှိနှိုင်းဆောင်ရွက်ကြမလဲဆိုတာ သာ ပိုအရေးကြီးပါတယ်။ ဒီထက်ခက်ခဲတာတွေလည်း ကြုံတွေ့ ကောင်း၊ ကြုံတွေ့နိုင် ပါသေးတယ်။အဲဒီကျရင် ကျွန်တော်တို့ ဒီထက် ပိုနီးကပ်သွားနိုင်ပါတယ်။
ကတ္တီပါလမ်းခွဲလို့ ပြောကြ တယ်။ တကယ့်အဖြစ်မှန်က ဘာ လဲဗျ။
ကတ္တီပါလမ်းခွဲလို့တော့ ပြောကြတယ်။ ကျွန်တော်တော့ လက်မခံဘူးဗျ။ လမ်းခွဲသွားကြ တယ်ဆိုတဲ့ အဓိပ္ပာယ်က မျဉ်း ပြိုင်နှစ်ကြောင်းလို ခွဲသွားကြတာ လား၊ ထောင့်တစ်ခုလို ချိုးပြီးခွဲ သွားကြတာလား၊ ဘယ်လိုအဖြေ ထုတ်ကြသလဲတော့ မပြောတတ် ဘူး။ လမ်းခွဲက နှစ်မျိုးရှိတယ်လေ။ မျဉ်းပြိုင်ခွဲတာလား။ ထောင့်တစ်ခုကိုဖြတ်ပြီး တစ်နေရာမှာ ပြန်ဆုံ မှာလား။ အဓိပ္ပာယ်ဖွင့်ကြသူတွေ အပေါ် မူတည်တာပေါ့။ ကျွန်တော့်သဘောအရဆိုရင် ယုံ ကြည်ချက်တွေ အမြင်တွေတူ နေရင် အခြေအနေတစ်ခု တွန်း ပို့လာတဲ့အခါ သွားပြီး ပြန်ပေါင်း စပ်ကြမှာပါ။ ညီညွတ်ကြမှာပါ။ သာဓကတွေလည်း ရှိခဲ့ပြီးပါပြီ။
ဘာများဖြည့်စွက် ပြောချင် တာရှိပါသလဲ။
နိုင်ငံသားတစ်ယောက်ရဲ့ မဲပေးပိုင်ခွင့်ဟာ ဥပဒေအရသော် လည်းကောင်း၊ လူ့အခွင့်အရေး အရသော်လည်းကောင်း၊ အလေးထား ဆောင်ရွက်ရမယ့်ကိစ္စ ဖြစ်တယ်။ ဒီအခွင့်အရေးကို လေးစားစေချင်တယ်။ ဒီအချိုးအကွေ့မှာ သူတို့ရဲ့ ဆန္ဒအမှန်ပေါ် ထွက်လာဖို့ မဲပေးပိုင်ခွင့်တွေ မဆုံးရှုံးရ အောင် ၀ိုင်းလုပ်ပေးကြပါလို့ မေတ္တာရပ် ခံချင်ပါတယ်။
အခုလို ဖြေကြားပေးတဲ့အ တွက် ကျေးဇူးတင်ပါတယ်။

Post a Comment