0

”ဖယ်ဒရယ်ပြည်ထောင်စု မြန်ဆန်အေးချမ်းစွာ ပေါ်ထွန်းလာရေး ဟာယနေ
့ဒီမိုကရေစီနေ့အတွက် ဆု တောင်းပဲဖြစ်ပါတယ်” ဟုဒေါ်အောင်ဆန်းစုကြည်က ၂ဝ၁၅ ခုနှစ် အပြည် ပြည်ဆိုင်ရာဒီမိုကရေစီနေ့ အခမ်း အနားတွင်
ပြောကြားခဲ့သည်။
၂ဝ၁၅ ခုနှစ်စက်တင်ဘာလ ၁၅ ရက်နေ့ ပြည်ထောင်စုလွှတ် တော်ဝင်းအတွင်း ကျင်းပသော အ ပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားဝယ် စာတမ်း
ဖတ် ကြားရာတွင် ၄င်းက အထက်ပါ အတိုင်း ထည့်သွင်းဖတ်ကြားခဲ့ခြင်း ဖြစ်သည်။
‘မြန်မာနိုင်ငံအား ငြိမ်းချမ်း သာယာပြီး ဖယ်ဒရယ်ဒီမိုကရေ စီနိုင်ငံအဖြစ် ထူထောင်တည် ဆောက်နိုင်ရန်အတွက် နောက်ကျ နိမ့် ကျနေသောဘဝမှ နိုင်ငံတကာ နှင့်ရင်ပေါင်တန်းနိုင်သော အခြေ အနေသို့ရောက်ရှိအောင် ဆောင်
ရွက်နိုင်ရန် ပြည်သူများ ပါဝင်ဆောင်ရွက်ရန် လိုအပ်ကြောင်း” ကိုလည်း အဆိုပါ အခမ်းအနား တွင်ပင် ပြည်ထောင်စုလွှတ်တော် နာယကသူရ
ဦးရွှေမန်းက ပြော သည်။
ယခုနှစ် ဆောင်ပုဒ်ဖြစ်သည့်”ဒီမိုကရေစီအရေး၊ ပြည်သူအား လုံးပါဝင်ရေး “Public Participation for Democrazy” ကို အားလုံးပါ ဝင်ရန်
ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက တိုက် တွန်းခဲ့သည်။
ထို့ပြင်လွတ်လပ်၍တရားမျှ တသည့်သန့်ရှင်းသောရွေးကောက် ပွဲဖြစ်မြောက်ရန်အတွက်ရွေးကောက် ပွဲကော်မရှင်နှင့် နိုင်ငံတော်ကို ဝိုင်း ဝန်းဆောင်ရွက်ရန် လိုအပ်ကြောင်း ၄င်းက ဆက်ပြောသည်။
ပြည်သူများ၏ အသိပညာရေ ချိန်မြင့်မားလာအောင် ပြုစုပျိုး ထောင်၍ ဒီမိုကရေစီ၏ အနှစ်သာ ရများကို ပိုမိုရရှိခံစားနိုင်ရန်လည်း အားလုံးကြိုးပမ်းဆောင်
ရွက်ပေး ကြရန် လိုအပ်ကြောင်း နိုင်ငံတော် သမ္မတဦးသိန်းစိန် ပေးပို့သော
သဝဏ်လွှာတွင် ဖော်ပြထားသည်။
ဒီမိုကရေစီ၏ အဖျက်မျိုးစေ့ သည် ဒီမိုကရေစီ စနစ်အတွင်းမှာပင် ပါဝင်လာတတ်သည်။ ထိုမျိုး စေ့မှာအစွန်းရောက်မှုပင်ဖြစ်သည် ဟု အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၏ သဝဏ်လွှာ တွင် ဖော်ပြထားသည်။
အဆိုပါ အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ကို ၂ဝဝ၇ ခုနှစ်က ကမ္ဘာ့ကုလသ
မဂ္ဂ အထွေထွေညီ လာခံတွင်ဆုံးဖြတ်ခဲ့ပြီး ၂ဝဝ၈ ခု နှစ် မှစကာ ကမ္ဘာ့ဒီမို
ကရေစီနိုင်ငံ များတွင်အထိမ်းအမှတ်နေ့ ကျင်းပ ခဲ့သည်။ မြန်မာနိုင်ငံတွင် ၂ဝ၁၁ ခုနှစ်မှ စတင်ကျင်းပခဲ့ပြီး ယခုအ ကြိမ်အပါအဝင် (၅) ကြိမ်မြောက်
ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
စိုင်းလမင်း၊ ဇေဝေယံ

Popular News Journal

Post a Comment

 
Top