0

ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့တွင် ပြန်လည်ကျဆင်း သွားသော်လည်း ဟုမ္မလင်းမြို့ နယ်တွင် ဆက်လက်မြင့်တက်နေ ပြီဖြစ်ရာ အိမ်ခြေ ၈၀၀၀ ကျော် ရေနစ်မြုပ်နေပြီး လူဦးရေ ၄,၅၀၀ ကျော် ရေဘေးဒဏ်ကြုံတွေ့နေရ ကြောင်း ဟုမ္မလင်းမြို့နယ် အုပ် ချုပ်ရေးမှူးဦးသက်ကျော်က ပြော သည်။
ဟုမ္မလင်းမြို့နယ်တွင် စက် တင်ဘာ ၅ ရက်အထိ ချင်းတွင်း မြစ်ရေသည် စိုးရိမ်ရေမှတ် ၃၀၆၅ စင်တီမီတာအထိ မြင့်တက်ခဲ့ပြီး ဟုမ္မလင်းမြို့နယ်ရှိ ကျေးရွာအုပ် စု ၂၉ စုမှ ကျေးရွာပေါင်း ၆၀ကျော် ရေနစ်မြုပ်ခဲ့သည်။ စက်တင်ဘာ ၆ ရက်တွင်မူ မြစ်ရေသည် ၃၀၅၀ ထိ ဖြစ်သွားပြီး ၁၅ စင်တီမီတာ ပြန်လည်ကျဆင်းသွား ကြောင်း ဟုမ္မလင်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ သတင်းရရှိသည်။
‘‘ရေမြုပ်နေတာတော့ သုံး ရက်လောက်ရှိပြီ။ ဒီနေ့တော့ ရေ ပြန်ကျသွားပြီ’’ ဟု အုပ်ချုပ်ရေး မှူးဦးသက်ကျော်က ပြောသည်။
သို့သော် ဟုမ္မလင်းဒေသခံ ဦးအယ်လ်ဘီးပိုင်ကမူ လက်ရှိအ ချိန်ထိ ရေကျဆင်းမှုရှိသေး ကြောင်း ပြောသည်။
‘‘ရေကတော့ မကျသေးဘူး။ မနေ့ကနဲ့ အတူတူပဲ ဖြစ်နေတယ်။ အိမ်ခြေတိုင်ရှည်တွေတော့ အ ပေါ်ထပ်တွေ နေလို့ရပေမယ့် ပုတဲ့အိမ်တွေတော့ အကုန်မြုပ် ကုန်ပြီ’’ဟု ဦးအယ်လ်ဘီးပိုင်က ပြောသည်။ ရေဘေးသင့်ပြည်သူများကို ဟုမ္မလင်းမြို့နယ်တွင် ဘုန်းကြီးကျောင်းများ၊ စာသင်ကျောင်းများ အပါအ၀င် ကယ်ဆယ်ရေးစခန်း၃၃ ခု ဖွင့်လှစ်၍ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေကြောင်း နှင့် လက်ရှိချိန်ထိ ရေကြီး ရေလျှံ မှုကြောင့် ထိခိုက်သေဆုံးမှု တစ်စုံတစ်ရာ မရှိသေးကြောင်း ဦးသက်ကျော်က ပြောသည်။
စက်တင်ဘာ ၂ ရက်နှင့် ၃ ရက်က ချင်းတွင်းမြစ်အထက်ပိုင်း ခန္တီးမြို့တွင်လည်း ချင်းတွင်းမြစ် ရေ စိုးရိမ်ရေမှတ် ၁၅၅၆ စင်တီ မီတာအထိ ရောက်ရှိခဲ့ပြီး ခန္တီး မြို့နယ်အတွင်းရှိ အိမ်ခြေ ၂,၀၄၇ လုံး ရေနစ်မြုပ်ကာ မိသားစု ၂,၂၀၈ စုနှင့် လူဦးရေ ၁၀,၆၄၁ ဦး ရေဘေးသင့်ခဲ့သည်။
စက်တင်ဘာ ၆ ရက်တွင် ခန္တီးမြို့၌ မြစ်ရေ ဆက်လက် ကျဆင်းသွားခဲ့၍ ဒေသခံအချို့ နေအိမ်များသို့ ပြန်လည်ဝင် ရောက်နေထိုင်ကြောင်း ခန္တီးမြို့ နာဂနှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူးဦးနော်အောင်ဆန်းက ပြောသည်။
‘‘အခြေအနေကတော့ ရေ တော်တော်လည်း ကျသွားပြီ။ ပုံ မှန်အနေအထားတော့ မရောက် သေးဘူးပေါ့။ သာစည်တို့၊ နန်း မေတ္တာတို့စတဲ့ ကျန်တဲ့ရွာတွေမှာ တော့ ရေတွေဝင်နေတုန်းပဲ။ သူ တို့ကတော့ နဂိုကလည်း အင်းရေတွေ ၀င်ထားတာဆိုတော့ တော်တော်နဲ့တော့ မကျနိုင်ဘူး ဖြစ်နေတယ်။ ဒီဘက်က မြို့ထဲက ဈေးတွေကတော့ ပုံမှန်နီးပါးအတိုင်း တော့ ဖြစ်နေပြီ။ ဒါပေမဲ့ ရေဘေး သင့်ထားတဲ့ အိမ်တွေကတော့ ၀င်လို့တော့ မရသေးဘူး’’ ဟု ဦးနော်အောင်ဆန်းက ခန္တီးမြို့ အခြေအနေကို ပြောသည်။
စက်တင်ဘာ ၆ ရက်ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့၏ စိုးရိမ်ရေမှတ်ထက်သို့ ကျော်လွန် နေပြီး လာမည့်နှစ်ရက်ထိ စိုးရိမ် ရေအမှတ်အထက်တွင် ဆက် လက်တည်ရှိနေမည်ဖြစ်၍ ဟုမ္မလင်းမြို့နယ်ရှိ မြစ်ကမ်းအနီး နှင့် မြေနိမ့်ပိုင်းနေထိုင်သူများ ရှောင်ရှားကြရန် သတိပေးထုတ် ပြန်ထားသည်။
ရေကြီးရေနစ်မြုပ်နေသော ဟုမ္မလင်းမြို့တစ်နေရာ (ဓာတ်ပုံ−Nok Tun)
7Day Dail

Post a Comment

 
Top