0


ကောင်းမြတ်သူ-စုစည်းသည်
မိမိဟာ ကမ္ဘာ့အဆင့်မီ အကောင်းဆုံး ဘောလုံးသမားလေးဦးနဲ့အတူ အလုပ်တွဲလုပ်ခဲ့ပြီး အောင်မြင်မှုတွေ ရယူနိုင်ခဲ့သူဖြစ်တယ်လို့ မန်ယူနည်းပြ ဟောင်း ဖာဂူဆန်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
မန်ယူနည်းပြအဖြစ် ၂၆ နှစ်တာ တာဝန်ယူခဲ့စဉ် ကာလအတွင်းမှာ ကမ္ဘာ့ အဆင့် ထိပ်တန်းကစားသမားလေးဦးဖြစ်တဲ့ ပေါလ်စခိုး၊ အဲရစ်ကန်တိုနာ၊ စီရော်နယ်ဒိုနဲ့ ရိုင်ယံဂစ်နဲ့အတူ မန်ယူအသင်းကို အောင်မြင်မှုတွေရအောင် ဆောင်ကြဉ်းပေးနိုင်ခဲ့လို့ သူ့ဘဝမှာတော့ အကောင်းဆုံး ကစားသမားလေးဦး ပဲဖြစ်တယ်လို့ ဖာဂူဆန်က ဆိုခြင်းဖြစ်ပါတယ်။
သူတို့ဟာ မတူညီတဲ့ အရည်အချင်းတွေနဲ့ ထူးခြားတဲ့ စွမ်းဆောင်မှုတွေကို အသင်းအောင်မြင်မှုအတွက် ပေးဆပ်ခဲ့သူတွေ ဖြစ်ပါတယ်လို့ အသက်၇၃ နှစ် အရွယ်ရှိ ဖာဂူဆန်က ပြောပါတယ်။ ကင်တိုနာဟာ ၁၉၉၂ခုနှစ် နိုဝင်ဘာလက လိဒ်ယူနိုက်တက်အသင်းက မန်ယူအသင်းကို ပြောင်းရွှေ့ရောက်ရှိလာသူဖြစ် ပြီး မန်ယူအသင်းကို အောင်မြင်မှုတွေရရှိအောင် စွမ်းဆောင်ပေးခဲ့သူဖြစ်ပါ တယ်။ ရိုင်ယံဂစ်နဲ့ ပေါလ်စခိုးတို့ကတော့ ငယ်စဉ်ကတည်းက မန်ယူအတွက် ရှင်သန်ခဲ့သူတွေဖြစ်ပြီး သူတို့နှစ်ဦးရဲ့ စွမ်းဆောင်မှုတွေက မန်ယူအသင်း အောင်မြင်မှုအတွက် အဓိကနေရာက ပါဝင်ခဲ့ပါတယ်။ ပင်ကိုပါရမီရှိပြီး ထူးခြားတဲ့ စွမ်းဆောင်မှုတွေ ရှိကြတဲ့သူတွေဖြစ်ပါတယ်လို့ ဖာဂူဆန်က ပြော ပါတယ်။
စီရော်နယ်ဒိုကလည်းတိုက်စစ်မှူးအနေနဲ့ရော တောင်ပံကစားသမား တစ်ဦးအနေနဲ့ရော ပြီးပြည့်စုံတဲ့ ကစားသမားတစ်ဦးလို့ ဖာဂူဆန်က ပြောပါ တယ်။ ရွန်းနေ၊ ဒေးဗစ်ဘက်ခမ်း၊ ရွိုင်ကိန်း၊ ကားလို့တီဗက်ဇ်၊ ဖာဒီနန်နဲ့ ပီတာရှမိုက်ကယ်တို့လည်း ထိပ်တန်းကစားသမားတွေပါပဲလို့ ပြောပါတယ်။

Myanmaalinn

Post a Comment

 
Top