တရားစီရင်ရေးစ နစ်ကို အယုံအကြည်မရှိသော ကြောင့် သာယာဝတီထောင်အ တွင်းဖမ်းဆီးခံထားရသည့် ကျောင်းသားနှင့် ၀န်းရံပြည်သူများက လာမည့်ရုံးချိန်းများတွင် တရားစီရင်ရေးစနစ်ကို သပိတ်မှောက်မည်ဖြစ်ကြောင်း သိရသည်။
သပိတ်မှောက်ကျောင်းသား နှင့် ၀န်းရံပြည်သူများကို သာယာ ၀တီမြို့နယ် တရားရုံး၌ စက်တင် ဘာ ၈ရက်တွင် ရုံးထုတ်စစ်ဆေး စဉ် သပိတ်မှောက်ကျောင်းသား ခေါင်းဆောင်များက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
‘‘တရားစီရင်ရေးစနစ်ကို အ ယုံအကြည်မရှိဘူး။ ဒီကနေ့ တရားရုံးက အားလုံးကို ပယ်ချလိုက် တယ်။ ဥပဒေကြောင်းအရ ရပိုင်ခွင့်တစ်ခုမှ မရဘူး။ အဲဒီအတွက်ကို ပြည်သူကို သက်သေပြနိုင်သွားပြီ။ ဒီလိုမျိုးပယ်ချသွား မယ်ဆိုရင်တော့ နောက်ပိုင်းမှာ တရားရုံးကို ပြန်ပြီးတော့ သပိတ်မှောက်သွား မယ်’’ဟုကျောင်းသားခေါင်းဆောင် ကိုမင်းသွေးသစ်ကပြောသည်။
အဆိုပါရုံးချိန်းတွင် စွပ်စွဲခံရ သော ကျောင်းသားနှင့် ၀န်းရံပြည်သူများ၏ အကျိုးဆောင်ရှေ့နေ များ လျှောက်ထားခဲ့သည့် အမှု ပယ်ဖျက်ပေးရန်နှင့် ပြည်ထဲရေး ၀န်ကြီးဌာန၊ ရဲတပ်ရင်း(၁)၊(၁၀)၊ (၁၁) နှင့် ဒုရဲမှူးကြီး နန္ဒ၀င်းကို အရေးယူရန် လျှောက်ထားချက် များကိုသာ ယာဝတီမြို့နယ်တရား သူကြီးက ပယ်ချခဲ့သည်။
‘‘အမှု ပယ်ဖျက်ပေးဖို့ လျှောက်ထားချက်ကို ဒါက သူတို့မှာ လုပ်ပိုင်ခွင့်မရှိဘူး။ တိုင်းဒေသကြီး တ ရားလွှတ်တော်ကို တင်ပြရမယ်။ ဒါကို သူတို့အနေနဲ့ တင်ပြပေးပိုင် ခွင့်မရှိဘူးဆိုပြီး ပယ်ချလိုက်တယ်။ ရှေ့နေဒေါ်ခင်ခင်ကျော် လျှောက် ထားချက်ကိုလည်း ဌာနဆိုင်ရာအ နေနဲ့ တရားစွဲလို့ မရဘူးဆိုပြီး တော့ ပယ်တယ်’’ဟု စွပ်စွဲခံရသူ များ၏ အကျိုးဆောင်ရှေ့နေဦးလှ မျိုးမြင့်က ပြောသည်။
သာယာဝတီမြို့နယ် တရား ရုံးတွင် ပြုလုပ်သည့်ရုံးချိန်း၌ သ ပိတ်မှောက်ကျောင်းသားနှင့် ၀န်း ရံပြည်သူများအား လက်ပံတန်း မြို့၌ အကြမ်းဖက်နှိမ်နင်းခဲ့သည့် ဖြစ်စဉ် ခြောက်လပြည့်အခမ်းအ နားပြုလုပ်ခဲ့ပြီး တစ်မိနစ် ငြိမ် သက်ခြင်း၊ ကျောင်းသား သမဂ္ဂ သီချင်းများ သီဆိုခြင်းနှင့် ‘‘စစ် ကျွန်ပညာရေးစနစ် ဖျက်သိမ်း ပစ်’’စာတန်းပါ အင်္ကျီများကို ၀တ် ဆင်ခြင်းတို့ပြုလုပ်ခဲ့သည်။ ‘‘ဒီနေ့ လက်ပံတန်း သပိတ်ဖြိုခွဲခံရတဲ့ ခြောက်လပြည့် အခမ်းအနားကို တရားရုံးမှာ လုပ်ခဲ့ပါတယ်။ အခု အကျဉ်းထောင်ထဲမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကျောင်းသား တွေ၊ ၀န်းရံပြည်သူတွေ ခြောက် လလုံးလုံး ကျွန်မတို့ရဲ့ အရည်အ သွေးတွေ၊ အနာဂတ်တွေ ပျောက် ဆုံးပြီးတော့ ထိန်းသိမ်းခံထားရ တာဖြစ်ပါတယ်။ အခုအချိန်အထိ လည်း တရားစီရင်ရေးစနစ်အရ ရော၊ တရားခွင်ရဲ့ပုံစံအရရော ရှေ့ရောက်သွားတာမတွေ့ရဘူး။ အခုအချိန်အထိ တရားလိုတစ် ယောက်တည်း စစ်တာမပြီးသေးဘူး။ လက်ရှိအစိုးရရော၊ နောက်တက်လာမယ့် အစိုးရရောဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေရဲ့ ဘ၀ရော၊ တိုင်းပြည်အတွက်ပါ ထည့်သွင်းစဉ်းစားဖို့လိုပါတယ်’’ဟုကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင်က ပြောသည်။
စက်တင်ဘာ ၈ ရက်တွင် ပြု လုပ်သည့် ရုံးချိန်၌ တရားလို ရဲမှူးဖုန်းမြင့်ကို စွပ်စွဲခံရသူများ၏ အကျိုးဆောင် ရှေ့နေများက ဆက်လက်စစ်မေးခဲ့ပြီး စက်တင် ဘာ ၁၅ ရက်သို့ ရုံးချိန်းထပ်မံချိန်း ဆိုခဲ့သည်။ ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်းကို လက်ပံ တန်းမြို့တွင် မတ်လ ၁၀ ရက်၌ ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွင်းခဲ့ ပြီး ကျောင်းသားနှင့် ၀န်းရံပြည်သူ များအား သာယာဝတီထောင်တွင် ဖမ်းဆီးထားသည်။
သာယာဝတီမြို့နယ် တရား ရုံးသည် သာယာဝတီထောင်၌ ဖမ်းဆီးထားသည့် ကျောင်းသား များ အပါအ၀င် ၀န်းရံပြည်သူများ နှင့် ရန်ကုန်မြို့တွင် ဖမ်းဆီးခံရသည့် ကျောင်းသားခေါင်းဆောင် ကိုနန္ဒစစ်အောင်တို့ကို ဥပဒေနှင့် ဆန့်ကျင်သော အစုအဝေး၌ ပါဝင်မှု ပုဒ်မ ၁၄၃၊ လူစုခွဲရန် အမိန့်ပေးပြီးနောက် ဆက်လက်ပါဝင်မှု ပုဒ်မ ၁၄၅၊ ရုန်းရင်းဆန်ခတ်ဖြစ် စေမှု ပုဒ်မ ၁၄၇၊ တာဝန်ထမ်း ဆောင်နေသော ၀န်ထမ်းကို နာ ကျင်စေမှု ပုဒ်မ ၃၃၂ နှင့် နိုင်ငံ တော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)တို့ဖြင့် တရားစွဲဆိုခဲ့ သည်။
http://www.7daydaily.com/
Post a Comment