0

Friday, September 18, 2015
မိုးသည်းထန်စွာရွာသွန်း ချိန်တွင် မိုးကြိုးပစ်ခံရသဖြင့် တစ် ရက်အတွင်း မကွေးတိုင်းဒေသ ကြီးနှင့် ကရင်ပြည်နယ်တို့၌ လူ လေးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ် ဖွဲ့မှ သိရသည်။
စက်တင်ဘာ ၁၆ ရက် မွန်းလွဲ ၁ နာရီက မကွေးတိုင်းဒေ သကြီး၊ မြိုင်မြို့နယ်၊ တဲပင်ကျေး ရွာတွင် နေထိုင်သော မိခင်ဖြစ်သူ နှင့် အသက် (၁၆) နှစ်အရွယ် မိန်း ကလေးတစ်ဦးသည် လယ်ကွင်း အတွင်းနှမ်းစိုက်ပျိုးနေစဉ် မိုးကြိုး ပစ်ခံရသဖြင့် မီးလောင်ဒဏ်ရာ များဖြင့် သေဆုံးခဲ့သည်။
ထို့ပြင် ယင်းနေ့ညနေ ၅ နာရီခွဲက ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ရိုးမဟာကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းပြီး မိုးကြိုးပစ်ခံရသဖြင့် ကောက်စိုက် နေသော အသက် (၄၇) နှစ်အ ရွယ် အမျိုးသမီးတစ်ဦး နှင့် လယ် ထွန်နေသော အမျိုးသားတစ်ဦး သည် ဒဏ်ရာများရကာ သေဆုံးခဲ့ သည်။ သေဆုံးသူများ အနီးတွင် ကောက်စိုက်နေသော အသက် (၄၈) နှစ်အရွယ် အမျိုးသမီး တစ် ဦးလည်း မိုးကြိုးစက်ကွင်းမိသ ဖြင့် ခြေထောက်၌ မီး လောင်ဒဏ် ရာများရရှိခဲ့၍ ကျုံဒိုး တိုက်နယ် ဆေးရုံတွင် ဆေးကုသနေကြောင်း သတင်းရရှိသည်။
အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာနယ်မြေ ရဲစခန်းများက ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်၊ မဟုတ်သိနိုင် ရန် သေမှုသေခင်းဖွင့်ကာ ဆက် လက်စစ်ဆေးနေကြာင်း မြန်မာ နိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ် ပြန်ထားသည်။
မိုးကြိုးပစ်ခံရခြင်းနှင့် မိုးကြိုး စက်ကွင်းကြောင့် နှစ်စဉ်လူ ၇၀ ကျော်သေဆုံးနေရာ ယခုနှစ်ပိုင်း တွင် မိုးကြိုးပစ်၍ သေဆုံးမှုများ လာသည်။
‘‘မိုးတိမ်တောင်တွေ ဖြစ် ထွန်းတာကြောင့် မိုးကြိုးပစ်တာ မို့ မုတ်သုံအ၀င်နဲ့ မုတ်သုံအ ဆုတ်မှာ မိုးကြိုးပစ်လေ့ရှိတယ်။ ဒီနှစ်တွေ အတွင်းမှာ ခန့်မှန်းခြေ လူတစ်ရာကျော် သေဆုံးတာ သိ ရတယ်’’ဟု မိုးလေ၀သပညာရှင် ဦးထွန်းလွင်က ပြောသည်။
7Day Daily

Post a Comment

 
Top