0


ဘင်္ဂလားပင်လယ်အော်၊ မုတ္တမကွေ့နှင့် မြန်မာနိုင်ငံပေါ်တွင် တိမ်ထူထပ်နေသည်ကို ထိုင်းဂြိုဟ်ထုမှတွေ့ရစဉ်(tmd.go.th)
 မုတ်သုံလေပြန်လည် ဆုတ်ခွာပြီး အားကောင်းနေသဖြင့် ဖြစ်ပေါ်နေသည့် မုတ်သုံလေဖိ အားနည်းချိုင့်ဝှမ်းကြောင့် မုတ္တမ ကွေ့နှင့်မြစ်ဝကျွန်းပေါ်တွင် လေ ထုမငြိမ်မသက်ဖြစ်ပြီး  မုန်တိုင်း ဖြစ်နိုင်သည့်အလားအလာ ၁၄ မှ ၁၆ ရာခိုင်နှုန်းရှိကြောင်း မိုးလေဝသပညာရှင်ဒေါက်တာထွန်းလွင်က ခန့်မှန်းသည်။
မုတ်သုံလေပြန်လည်ဆုတ် ခွာစဉ်ဖြစ်ပေါ်လေ့ရှိသည့် မုတ်သုံ လေဖိအားနည်း ချိုင့်ဝှမ်းသည် မုတ္တမကွေ့နှင့်မြစ်ဝကျွန်းပေါ်ဒေ သတွင် ဖြစ်ပေါ်နေပြီး ယင်းလေဖိ အားနည်းချိုင့်ဝှမ်း၌ လေများ လှည့်ပတ်မှုကြောင့် ဖြစ်ပေါ်လာ သည့်လေစိုင်ဝဲ(လေဝဲကတော့) များ အဆက်မပြတ်ဖြစ်ပေါ်ပြီး အနောက်ဘက်သို့ ရွေ့လျားနေ ခြင်းကြောင့် ၎င်းက အထက်ပါ အတိုင်း ခန့်မှန်းခြင်းဖြစ်သည်။
‘‘အခုမှစပြီး အခြေအနေ တွေဖြစ်နေတာဆိုတော့ မုန်တိုင်း ဖြစ်၊ မဖြစ်နဲ့ မုန်တိုင်းဖြစ်ရင်ဘယ် လိုသက်ရောက်မှုတွေ ရှိမလဲဆို တာကတော့ စောင့်ကြည့်ရဦးမှာ ပါ’’ဟု ဒေါက်တာထွန်းလွင်ကပြောသည်။

လက်ရှိအချိန်တွင် မြန်မာ နိုင်ငံမှ ဆုတ်ခွာနေသည့် မုတ်သုံ လေဦးသည် မြစ်ဝကျွန်းပေါ်ဒေသ ၌ ရောက်ရှိနေပြီး ဘင်္ဂလားပင် လယ်အော်တောင်ပိုင်းနှင့်ကပ္ပလီ ပင်လယ်ပြင်တွင် မုတ်သုံအား ကောင်းနေကာ မြန်မာနိုင်ငံ အောက်ပိုင်းဒေသများ၌ မိုးပို လာနိုင်ကြောင်း ဦးထွန်းလွင်က  ခန့်မှန်းသည်။ စက်တင်ဘာ ၁၇ ရက်တွင် ဧရာဝတီ၊ ပဲခူး၊ ရန်ကုန် နှင့် တနင်္သာရီတိုင်းတို့တွင် မိုး ကောင်းခဲ့သဖြင့် ရေပြန်ကျနေပြီ ဖြစ်သည့် မြစ်ဝကျွန်းပေါ်ဒေသ များတွင် ရေဖုံးလွှမ်းခံဒေသများ ပြန်ဖြစ်ပေါ်လာကြောင်း ဆက် လက်ပြောသည်။
လက်ရှိအချိန်တွင် အိန္ဒိယ တိုက်ငယ်၌ ကုန်းတွင်းပိုင်းမုန် တိုင်းဖြစ်ပေါ်နေပြီး  အရှေ့ဘက် တောင်တရုတ်ပင်လယ်မှ မုန် တိုင်း၏ အကြွင်းအကျန်တိမ်တိုက် များသည် မြန်မာနိုင်ငံ တောင်ပိုင်း ဒေသများသို့ ရွေ့လျားလျက်ရှိ နေကြောင်း၊ မုတ်သုံလေကြောင့် ကရင်၊ မွန်ပြည်နယ်နှင့် တနင်္သာ ရီတိုင်းတို့တွင် စက်တင်ဘာ ၁၉ ရက်အထိ မိုးကောင်းနေမည်ဖြစ် ကြောင်း ဒေါက်တာထွန်းလွင်က ပြောသည်။
ဧရာဝတီတိုင်းဒေသကြီးအ တွင်း ဧရာဝတီမြစ်နှင့် ငဝန်မြစ် ရေများမြင့်တက်မှုကြောင့် ယင်း မြစ်ကမ်းများ တစ်လျှောက်ရှိ ကျေးရွာများသို့ ရေများပြန်လည် ဝင်ရောက်လျက် ရှိနေကြောင်း သတင်းရရှိသည်။

http://www.7daydaily.com/story/46680

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top