ပရီးမီးယားလိဂ် အမှတ်ပေးဇယားတွင် ထိပ်ဆုံးမှဦးဆောင်နေသည့် မန်စီးတီး အသင်းမှာ အိမ်ကွင်းတွင်ပင် ၀က်စ်ဟမ်းအသင်းကို (၁-၂)ဂိုးဖြင့် မထင်မှတ်ဘဲ အရေးနိမ့်သွားခဲ့ရသည်။ ၀က်စ်ဟမ်းအသင်းမှ မိုဆက်စ်၊ ဆာခို တို့၏သွင်းဂိုးများဖြင့် (၂)ဂိုးပြတ်ဦးဆောင်နေပြီးမှ ဒီဘရိုင်းက ပထမပိုင်းနာကျင်
အချိန်ပိုတွင် ချေပဂိုးတစ်ဂိုးပြန်သွင်းခဲ့ပြီး ဒုတိယပိုင်းတွင် နှစ်သင်းစလုံးဂိုးထပ်မံ
သွင်းယူနိုင်ခြင်းမရှိသောကြောင့် မန်စီးတီးအသင်းမှာ ယခုရာသီ ပထမဆုံးရှုံးပွဲ
နှင့်ရင်ဆိုင်သွားခဲ့ရသည်။ ၀က်စ်ဟမ်းအသင်းမှာ ယခုရာသီကစားပြီးသည့် အဝေးကွင်း(၃)ပွဲတွင် အာဆင်နယ်၊ လီဗာပူးလ်၊ မန်စီးတီး စသည့်ထိပ်သီးအသင်းများကို အနိုင်ယူထားခဲ့ခြင်းဖြစ်သည်။ အမှတ်ပေးဇယားအောက်ဆုံးမှ ဆန်းဒါးလန်း၊ နယူးကာဆယ်အသင်းများမှာ ရှုံးပွဲကိုယ်စီတွေ့ခဲ့သော်လည်း ဂိုးကွာခြားချက်အရ နယူးကာဆယ်က အဆင့် (၁၉)နှင့် ဆန်းဒါးလန်းက အဆင့်(၂၀)စသဖြင့် အထက်အောက် အပြောင်းအလဲ ဖြစ်ခဲ့သည်။

ပွဲစဉ်-၆(စနေနေ့ရလဒ်များ)
ချယ်လ်ဆီး ၂-၀ အာဆင်နယ်
ဘုန်းမောက် ၂-၀ ဆန်းဒါးလန်း
အက်စတွန်ဗီလာ ၀-၁ ၀က်စ်ဘရွန်း
နယူးကာဆယ် ၁-၂ ၀က်ဖို့ဒ်
စတုတ်စီးတီး ၂-၂ လက်စတာ
ဆွမ်ဆီး ၀-၀ အဲဗာတန်
မန်စီးတီး ၁-၂ ၀က်စ်ဟမ်း
ချယ်လ်ဆီး ၂-၀ အာဆင်နယ်
ဘုန်းမောက် ၂-၀ ဆန်းဒါးလန်း
အက်စတွန်ဗီလာ ၀-၁ ၀က်စ်ဘရွန်း
နယူးကာဆယ် ၁-၂ ၀က်ဖို့ဒ်
စတုတ်စီးတီး ၂-၂ လက်စတာ
ဆွမ်ဆီး ၀-၀ အဲဗာတန်
မန်စီးတီး ၁-၂ ၀က်စ်ဟမ်း
Photos:AFP
Post a Comment