0

မော်စကို၊ စက်တင်ဘာ ၎
အစွန်းရောက်ဝါဒ တိုက်ဖျက်ရေး အပြည်ပြည်ဆိုင်ရာ ညွန့်ပေါင်းအဖွဲ့ ဖွဲ့စည်းရန် ရုရှားသမ္မတ ဗလာဒီမာပူတင်က တောင်းဆိုလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
ညွန့်ပေါင်းအဖွဲ့ ဖွဲ့စည်းရေးအတွက် တူရကီ၊ ဆော်ဒီအာရေးဗီးယား၊ ဂျော်ဒန်နှင့် အခြားသော နိုင်ငံခေါင်းဆောင်များနှင့် ဆွေးနွေးခဲ့ကြောင်း အရှေ့တိုင်း စီးပွားရေးဖိုရမ်တွင် သမ္မတပူတင်က ပြောကြားသွားသည်။
ထို့အပြင် အဆိုပါကိစ္စနှင့် ပတ်သက်၍ အမေရိကန်သမ္မတ အိုဘားမားနှင့်လည်း ဆွေးနွေးခဲ့သေးကြောင်း ရုရှားသမ္မတက ဆက်လက်ပြောကြားသည်။
“အကြမ်းဖက်ဝါဒနှင့် အစွန်းရောက်ဝါဒ တိုက်ဖျက်ရေး အပြည်ပြည်ဆိုင်ရာ ညွန့်ပေါင်းအဖွဲ့ ဖွဲ့စည်းဖို့ လိုပါတယ်။ အဲဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီးလည်း အမေရိကန်သမ္မတ အိုဘားမားနဲ့ ပုဂ္ဂိုလ်ရေးအရ ပြောဆိုထားပြီး ဖြစ်ပါတယ်” ဟု ပူတင်က ပြောကြားသွားသည်။
ရုရှားနိုင်ငံသည်လည်း အခြားသော နိုင်ငံများကဲ့သို့ပင် အကြမ်းဖက်ဝါဒ အန္တရာယ်ကို ရင်ဆိုင်နေရပြီး ၂၀ ရာစု အကုန်ပိုင်းမှ စတင်ကာ မော်စကိုမြို့တော်တွင် ဗုံးခွဲတိုက်ခိုက်မှုများ၊ ဓားစာခံ ဖမ်းဆီးမှုများနှင့် ကြုံတွေ့လာရသည်။
၂၀၁၃ ခုနှစ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုပေါင်း ၆၆၁ ခုနှစ် ဖြစ်ပွားခဲ့ပြီး လူပေါင်း ၄၀ ခန့် သေဆုံးခဲ့ကာ ဒါဇင်ပေါင်းများစွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ရုရှားစုံစမ်းရေး ကော်မတီက ထုတ်ပြန်ထားသည်။
လက်ရှိတွင် အီရတ်နှင့် ဆီးရီးယားနိုင်ငံများရှိ အစ္စလာမ္မစ်နိုင်ငံတော် စစ်သွေးကြွများကို ချေမှုန်းနိုင်ရန် အမေရိကန် ဦးဆောင်သည့် ညွန့်ပေါင်းတပ်ဖွဲ့တစ်ရပ် ဖွဲ့စည်းထားသော်လည်း နိုင်ငံအများစု ပါဝင်သည့် အပြည်ပြည်ဆိုင်ရာ ညွန့်ပေါင်းအဖွဲ့ ဖွဲ့စည်းနိုင်ခြင်း မရှိသေးပေ။
The Voice Weekly

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top