ဗဟိုဘဏ်က လေးရက်အတွင်း ဒေါ်လာလဲနှုန်း ၈ ကျပ် ဆက်တိုက် တိုးခဲ့ပြီးနောက် ပြင်ပတွင် တစ်ဒေါ်လာ ကျပ် ၁၃၀၀ အထိမြင့်တက် (ရုပ်သံ)
ဗဟိုဘဏ်က လေးရက်အတွင်း ဒေါ်လာလဲနှုန်း ၈ ကျပ်အထိ ဆက်တိုက် တိုးလာပြီးနောက် ပြင်ပဈေးကွက်မှာ စက်တင်ဘာလ ၁၇ ရက်နေ့က တစ်ဒေါ်လာကို ကျပ် ၁၃၀၀ အထိ မြင့်လာပါတယ်။ စက်တင်ဘာလ ၁၇ ရက် နိုင်ငံခြားငွေကြေး လေလံမှာ ဗဟိုဘဏ်က တစ်ဒေါ်လာ ၁၂၉၂ ကျပ်သတ်မှတ် လိုက်ပြီး ပုဂ္ဂလိက ဘဏ်တွေကို အမေရိကန်ဒေါ်လာ ၄ သိန်းဖိုး ထုတ်ရောင်းခဲ့ပါတယ်။ ဗဟိုဘဏ်က နေ့တိုင်းမှာဈေးတိုး သတ်မှတ်နေသလို ပြင်ပဈေးကွက်မှာလည်း တစ်ဒေါ်လာကျပ် ၁၃၀၀ ရောက်တဲ့အထိ မြင့်တက်လာပါတယ်။
Post a Comment