0

နေပြည်တော် စက်တင်ဘာ ၂၂
ငြိမ်းချမ်းရေးနှင့် ပတ်သက်၍NCA လက်မှတ်ရေးထိုးရန် အဆင့် သို့ရောက်ရှိနေပြီး တပ်မတော်အနေ ဖြင့် ငြိမ်းချမ်းရေးသဘောတူညီချက် လက်မှတ်ရေးထိုးရန် အဆင်သင့်ဖြစ် ကြောင်းကို ကြေညာထားပြီးဖြစ် ကြောင်း၊ အရေးကြီးသည်မှာ ငြိမ်းချမ်း ရေးကို အမှန်တကယ်လိုချင်ပြီး နိုင်ငံ ရေးအရအမြတ်မထုတ်ဘဲ တိုင်းပြည် တည်ငြိမ်အေးချမ်းပြီး အမှန်တကယ် တိုးတက်အောင်လုပ်မည်ဆိုသည့်စိတ် ရှိရန်ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့နံနက် ၉ နာရီတွင် ဂျပန်နိုင်ငံဒုတိယဝန်ကြီး ချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီး H.E. Mr. Taro ASO အား ဇေယျာ သီရိဗိမာန်ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံစဉ် ပြောကြားသည်။
တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ညှိနှိုင်း ကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ပူးတွဲတာဝန်ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ တက် ရောက်ကြပြီး ဂျပန်နိုင်ငံ ဒုတိယ ဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီး H.E. Mr. Taro ASO နှင့်အတူ ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ Mr. Hideo WATANABE ၊ နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ Mr. Yohei SASAKAWA နှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Tateshi HIGUCHI နှင့်အဖွဲ့ဝင်များ တက် ရောက်ကြသည်။
တွေ့ဆုံစဉ် ဧည့်သည်တော်က မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖော် ဆောင်မှုတွင် နိုင်ငံတော်အစိုးရနှင့် တပ်မတော်တို့၏ ကြိုးပမ်းမှုများ ကြောင့်NCAလက်မှတ်ရေးထိုးရန် အဆင့်သို့ ရောက်ရှိနေကြောင်း၊ နိုင်ငံတစ်ခုတွင် တည်ငြိမ်အေးချမ်း မှုသည် အရေးကြီးပြီး တည်ငြိမ် အေးချမ်းမှသာ စီးပွားရေးဖွံ့ဖြိုး တိုးတက်မည်ဖြစ်ကြောင်း၊ တိုင်းပြည် တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက် ရေးအတွက် တပ်မတော်၏ အခန်း ကဏ္ဍမှာ လွန်စွာအရေးကြီးကြောင်း။
မြန်မာနိုင်ငံ၏ ရေဘေးသင့်ဒေသ များတွင် တပ်မတော်က ကယ်ဆယ် ရေး လုပ်ငန်းများ၊ ပြန်လည်ထူထောင် ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အပေါ် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ပေးခြင်းကြောင့် တပ်မတော်အပေါ် ပြည်သူလူထု၏ယုံကြည်အားကိုးမှုပိုမိုရရှိမည် ဖြစ် ကြောင်း၊ ရေဘေးဒဏ်ကြောင့် စာသင် ကျောင်းများပျက်စီးဆုံးရှုံးမှုများအား ပြန်လည်ထူထောင်ရေးနှင့် ရေဘေး သင့် ဒေသများတွင် သောက်သုံးရေ ရရှိရေးတို့အတွက် ကူညီဆောင်ရွက် ပေးမည်ဖြစ်ကြောင်း၊ ဂျပန်-မြန်မာ နှစ်နိုင်ငံ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့် ဆောင်ရွက်လာသည်ကို တွေ့ရှိရပြီး ဆက်လက်မြှင့်တင်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ပြောကြားသည်။
တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်က သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ တပ်မတော်အနေဖြင့် ရနိုင်သမျှ ထုတ်နုတ်ဆောင်ရွက်ပေး ခဲ့ကြောင်း၊ ယခင်က လုပ်ဆောင်ပေးခဲ့ သော်လည်း ပြည်သူမှ များစွာမသိရှိ ကြောင်း၊ ယခုအခါ မီဒီယာများနှင့် ထိတွေ့မှုများပြီး Public Relation များ ပိုမိုလုပ်ဆောင်ခြင်းကြောင့် တပ်မတော်အပေါ် ပြည်သူကပို၍ သိရှိနားလည်လာပြီး ယုံကြည်မှုပိုမို ရရှိလာပါကြောင်း၊ တပ်မတော်၏ အင်အားနှင့် ပေါင်းစပ်ခြင်းဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုအတွက် ပိုမိုအရှိန်ရရှိစေပါကြောင်း၊ စာသင် ကျောင်းများအတွက် ဂျပန်နိုင်ငံမှ ယန်း ငါးဘီလီယံကူညီမည့်အတွက် ကျေးဇူးတင်ရှိကြောင်း၊ တပ်မတော် မှလည်း စာသင်ကျောင်းများအပါ အဝင် ရေဘေးသင့်ဒေသများ အမြန် ဆုံးပြန်လည်ထူထောင်နိုင်ရန် ကူညီ ဆောင်ရွက်နေပါကြောင်း၊ ရေကောင်း ရေသန့်ရရှိရေး၊ စိုက်ပျိုးရေရရှိရေး လိုအပ်ပြီး မိမိတို့အနေဖြင့် ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် လေးနှစ်ကျော်ကာလ ရောက်ပြီဖြစ်ရာ အတိုင်းအတာတစ်ခုအထိ အောင်မြင် မှုများရှိပြီး ကျော်လွှားရန် ကြိုးစားနေ ရမှုများလည်းရှိကြောင်း၊ နိုင်ငံတော် နှင့် တပ်မတော်အနေဖြင့် ယင်း လမ်းကြောင်းပေါ်တွင် ခိုင်ခိုင် မာမာ ဆက်လက်လျှောက်လှမ်းနိုင်ရန် သန္နိဋ္ဌာန်ချပြီး လုပ်ဆောင်လျက်ရှိ ပါကြောင်း၊ လာမည့်နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲနှင့်ပတ်သက်၍ တပ်မတော်အနေဖြင့် ရွေးကောက်ပွဲ အောင်မြင်ရန်၊ လွတ်လပ်ပြီး တရား မျှတမှုရှိရန် အစွမ်းကုန်ကြိုးစား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးတိုးမြှင့်လုပ်ဆောင်သွား မည်ဖြစ်ပြီး ဂျပန်နိုင်ငံသို့ သင်တန်း သားများ ပိုမိုစေလွှတ်နိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း၊ ဂျပန် နိုင်ငံသို့ သွားရောက်ခဲ့သည့် မြန်မာ့ တပ်မတော်အဆင့်မြင့် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ခရီးစဉ်များသည် လည်း မိမိတို့၏ခေတ်မီ တပ်မတော် တည်ဆောက်ရေးအတွက် အတွေ့ အကြုံများ ရရှိစေပါကြောင်း ပြန်လည် ဆွေးနွေးပြောကြားခဲ့သည်။
(မြဝတီ)

Post a Comment

 
Top