0


ချစ်ခြင်းများစွာဖြင့် ကျွန်တော့် အမျိုးများအားလုံး မင်္ဂလာပါဗျာ။ ဒီတစ်ပတ်မှာတော့ကားလောကက ဟိုတစ်စဒီတစ်စ အကြောင်းအရာများကို ဖော်ပြသွားမှာဖြစ်ပါတယ်။
အခုအချိန်ဟာဆိုရင် ကိုးလပိုင်းကို ရောက်ရှိနေတာဖြစ်ပြီး ၂၀၁၅ နှစ်ကုန်ဖို့ ကြားထဲမှာ သုံး လနဲ့ ရက်ပိုင်းခန့်သာလိုတော့ တာဖြစ်ပါတယ်။
CIF လား၊ Invoice လား
ပြီးခဲ့တဲ့ ၂၀၁၄ နှစ်ကုန်မှာ ကားအသစ်တွေကို အခွန်ကောက်ခံမှုနဲ့ပတ်သက်ပြီး ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် မှာ အသုံးပြုနိုင်မယ့် ပုံမှန်လုပ်ရိုး လုပ်စဉ် CIF ဇယားကို မထုတ်ပြန် နိုင်ခဲ့ပါဘူး။ Invoice အတိုင်း ကောက်ခံမယ်လို့ပြောတဲ့ အစီ အစဉ်ကလည်း ရေပေါ်အရုပ်ရေး သလို ယောင်ဝါးဝါးနဲ့ ဖြစ်မလာ ပြန်ပါဘူး။ ယခု ၂၀၁၆ ခုနှစ်ကို ပြောင်းဖို့ သုံးလလောက်အလိုမှာ ဘာမူနဲ့ဆက်သွားမလဲဆိုတာကို လည်း မချပြနိုင်သေးပါဘူး။ တရားမဝင်အားလုံးအတည်ပြုပြီး ၂၀၁၅ မှာ လက်ခံကျင့်သုံးနေတာ ကတော့ ၂၀၁၄ ခုနှစ် CIF အဟောင်းကို ၅ ရာခိုင်နှုန်းလျှော့ ပြီး ကောက်ခံနေတာဖြစ်ပါတယ်။ တချို့တချို့ကျပြန်တော့လည်း နိုင်ငံတကာမှာ CIF ဆိုတာမရှိ ဘူး။ မြန်မာနိုင်ငံမှာပဲရှိတယ်။ Invoice အတိုင်း ကောက်တာ အမှန်ဆိုပြီး အငြင်းပွားသူများ လည်းရှိပါတယ်။ ဟုတ်ပါပြီ ကျွန် တော်အရည်ကြိုကတော့ CIF လား၊ Invoice လား အငြင်းမပွား တော့ပါဘူး။ စီးပွားကူးသန်းမှာ ပါမစ်လျှောက်ရင် ရေးတင်ရတဲ့ ဈေးနှုန်းကိစ္စကိုလည်းထည့်မပြောချင်တော့ပါဘူး။
အဓိကက အခွန်ပါ
ကျွန်တော် အဓိကတင်ပြချင်တာက ပြည်တွင်းမှာ ကားဟောင်း တစ်စီးကို အခွန်ပေးဆောင်ရမယ် ဆိုရင် စက်မှုဇုန်ကား၊ နှစ် ၂၀ ကားကို အခွန်ငွေ ၁၃၅,၀၀၀ ပေး ဆောင်ရတယ်ဆိုတာ တစ်နိုင်ငံ လုံးသိအောင်  တရားဝင်ကြေညာ ပေးထားတာဖြစ်ပါတယ်။
အခုတော့ အဲဒီလိုမဟုတ်ဘဲ နိုင်ငံရပ်ခြားကနေ ကားတစ်စီး တင်သွင်းတဲ့အခါမှာ ဘယ်ကား၊ ဘယ်မော်ဒယ်ကို ၂၀၁၅ ခုနှစ်မှာ အခွန်ဘယ်လောက်ကောက်ပါ မယ်ဆိုတာ ပွင့်လင်းမြင်သာစွာ မကြေညာထားပါဘူး။ အမြဲတမ်း ကားလောကမှာနေတဲ့ လုပ်ငန်း ရှင်တွေ၊ ကားသမားတွေပဲသိရှိနိုင် ပါတယ်။ တစ်ခါတစ်ရံမှ ကား တင်သွင်းတဲ့ပြည်သူလူထုမှာ တော့ ဘယ်နေရာကနေ ဘယ်လို ကြည့်ရမယ်ဆိုတာ ရုတ်တရက် မသိရှိနိုင်ပါဘူး။ ဟိုဝါးဝါး ဒီဝါး ဝါးနဲ့ ဟိုမေးဒီမေး စမ်းတဝါးဝါး ဖြစ်နေတာကိုတွေ့ရှိရပါတယ်။ အပ်ကား သံရည်ကျိုကားကို တောင် အခွန်နှုန်းထားအတိအကျ ထုတ်ပြန်နိုင်သေးရင် ကားအသစ် တွေကိုလည်း ကောက်ခံမယ့် အခွန်နှုန်းထားတွေကို တရားဝင်ထုတ်ပြန်ပေးစေချင်ပါတယ်။ အငြင်းပွားမှုတွေကိုမလိုချင်ပါဘူး။ အဓိ ကက နိုင်ငံတော်အခွန်ရဖို့ပါ။ ၂၀၁၆ ခုနှစ်မှာ ဘဏ္ဍာရေးဝန် ကြီးဌာန ကာစတန်အနေနဲ့ သာ မန် ပြည်သူနားလည်တဲ့ ရိုးရှင်း တဲ့ အခွန်ကောက်ခံမှုနှုန်းထား တွေကို လူသိရှင်ကြားတရားဝင် ကြေညာပေးစေချင်ပါတယ်။
၂၀၁၆ မှာ စလစ်တွေဘာဖြစ်နိုင်မလဲ
၂၀၁၆ ခုနှစ်မှာ နှစ်လယ် လောက်ထိ စလစ်ဈေးကွက် ကောင်းနိုင်ပါသေးတယ်။ ပြီးခဲ့တဲ့ ၂၀၁၄ မှ ၂၀၁၅ အကူးအပြောင်း မှာ စလစ်နဲ့ တင်သွင်းရတဲ့ ကား မော်ဒယ်ကို ၂၀၀၀ မော်ဒယ်မှ ၂၀၀၃ မော်ဒယ်အထိ တိုးမြှင့်ပြီး တင်သွင်းမှသာ ခွင့်ပြုခဲ့ပါတယ်။ အဲဒီသီအိုရီအတိုင်းသာဆိုလျှင် လာမယ့် ၂၀၁၆ ခုနှစ်မှာ ကား ဟောင်းစလစ်နဲ့ တင်သွင်းခွင့်ပြု မယ့် မော်ဒယ်ဟာ ၂၀၀၆ ခုနှစ် ဖြစ်ဖို့ သေချာသလောက်ရှိပါ တယ်။ ၂၀၀၆ မော်ဒယ်ကိုပဲ တင် သွင်းရမယ်ဆိုလို့ ၂၀၁၆ မှာ စလစ် ဈေးအေးမသွားနိုင်တာအကြောင်း ပြချက်ကောင်းရှိပါတယ်။ ၂၀၁၅ ခုနှစ်အတွင်းမှာ ၂၀၀၃ မော်ဒယ် တွေကို စလစ်မကပ်ဘဲ အလုံး အရင်းနဲ့ ရှိုးရွမ်းတွေက တင်သွင်း ထားနိုင်လို့ဖြစ်ပါတယ်။ အဲဒီကား တွေကို ကညနမှာ အသက်သွင်း တဲ့အချိန်မှာတော့ စလစ်တစ် စောင်က မဖြစ်မနေလိုအပ်မှာဖြစ် တဲ့အတွက်ဖြစ်ပါတယ်။ ဒါက တော့ ကားဟောင်းပိုင်ရှင် ကျွန် တော့်အမျိုးတွေအတွက် စိတ် သက် သာရစေမယ့် အချက်ဖြစ်ပါ တယ်။
စိတ်သက်သာရာမရစေတဲ့ အချက်ကတော့ တစ်နှစ်ပြီးတစ် နှစ် ကုန်သွားချိန်မှာ ကားဟောင်း အပ်စလစ်နှင့် တင်သွင်းရမယ့် မော်ဒယ်တွေဟာ တဖြည်းဖြည်း မြင့်သွားမှာဖြစ်ပြီး ဖရီးပါမစ်နား ကို ပြေးကပ်သွားမှာဖြစ်ပါတယ်။ အဲဒီအချိန်မှာတော့ ဘယ်သူကမှ အပြီးတော့ ကားဟောင်းတစ်စီး အလုပ်ရှုပ်ခံဝယ် စလစ်ထုတ်ပြီး ကားသွင်းနေတော့မှာမဟုတ်ပါ ဘူး။ ဖရီးပါမစ်ကားတွေကိုသာ ဝယ်ယူကြတော့မှာဖြစ်ပြီး ကား ဟောင်းစလစ်ဆိုတာကြီးလည်း တဖြည်းဖြည်းပျောက်ကွယ်သွား မှာ ဖြစ်ပါတယ်။ အရည်ကျိုကား ဟောင်းပိုင်ရှင် ကျွန်တော့်အမျိုး တွေအနေနဲ့ ညောင်သီးလည်းစား လေးသံလည်း နားထောင်စေချင် ပါကြောင်း တစ်ဆက်တည်း အသိပေးထားလိုပါတယ်။ ကား ဟောင်းစလစ်နဲ့ လုပ်ငန်းဆောင် ရွက်တဲ့ ကျွန်တော့်သူငယ်ချင်း တွေကိုလည်း အလုပ်အသစ်လေး များတစ်ခုခုကို ကြိုတင်ပြီးတွဲလုပ် ထားစေချင်ပါတယ်။
၂၀၁၅ နှစ်ကုန်မှာ ဘာတွေဖြစ်လာနိုင်လဲ
၂၀၁၅ နှစ်ကုန် ၂၀၁၆ အပြောင်းမှာ ဖရီးပါမစ်တွေကို ဘဏ်ထဲငွေထည့်ပြီး အလုံးအရင်း နဲ့ လျှောက်ထားတာတွေဖြစ်လာ နိုင်ပါတယ်။ သီအိုရီအရ ပြီးခဲ့တဲ့ ၂၀၁၄ မှ ၂၀၁၅ အကူးအပြောင်း တုန်းကလည်း ဖရီးပါမစ်တွေကို လျှောက်ထားပြီး ပြန်ရောင်းစား ကြတာတွေဖြစ်ပေါ်ခဲ့ပါတယ်။ စလစ်ဟာ သက်တမ်းမရှိပေမယ့် ပါမစ်တွေက သက်တမ်းရှိပါတယ်။
နောက်တစ်ခုကတော့ ကား ဟောင်းစနစ်နဲ့ ၂၀၀၃ မော်ဒယ် တင်သွင်းချင်တဲ့ ကျွန်တော်အမျိုး တွေဟာ ယခု ၂၀၁၅ ခုနှစ်ထဲမှာ စလစ်ထုတ်ပြီး ပါမစ်ရန်ထားပြီး ကားတင်သွင်းရမှာဖြစ်ပါတယ်။
ဘယ်မောင်းသွင်းစေချင် အခွန် လျှော့ပေး
အသည်းကြားက မဲတစ်ပြား ဒီမိုကရေစီခေတ်ကြီးမှာ ၂၀၁၆ မှာ ဘယ်မောင်းတွေပဲသွင်းရတော့မယ်ဆိုတဲ့ကိစ္စက လုံးဝမဖြစ်နိုင် ပါဘူး။ လမ်းစနစ်နဲ့ကိုက်ညီတဲ့ ဘယ်မောင်းစနစ်နဲ့ တင်သွင်းခွင့် ပေးသင့်တယ်လို့ တအုန်းအုန်းနဲ့ ပညာရှင်တွေပြောနေကြပါတယ်။ ဘယ်မောင်း၊ ညာမောင်းကိစ္စဟာ တဖြည်းဖြည်းနဲ့ ပြုပြင်ပြောင်းလဲ သွားရမှာဖြစ်ပါတယ်။ ပညာရှင်တွေပြောသလို အရမ်းကို ဘယ် မောင်း မြန်မြန်ပြောင်းချင်လိုပါ လျှင် ကျွန်တော်အရည်ကြိုပြော တဲ့နည်းကိုသာ သုံးလိုက်ပါ။ တစ် နိုင်ငံလုံးအားလုံး ဘယ်မောင်း တွေဖြစ်သွားရစေမယ်လို့ ဝမ်း သာအားရ အမျိုးတွေကိုယ်စား ပြောကြားလိုပါတယ်။
ကျွန်တော် အရည်ကြိုက တော့ လမ်းစနစ်နဲ့ကိုက်ညီတဲ့ ဘယ်မောင်းကားတွေကို ပြည်သူ လူထုအတွက် အခွန်တစ်ဝက် (သို့) အခွန်လုံးဝလျှော့ပေးပါလို့ အစိုးရကို တွန်းအားပေးပြောကြား လိုပါတယ်။ ဘယ်မောင်း ဘယ် မောင်း အခွန်လျှော့ပေးပါဆိုတဲ့ စကားကိုလည်း ပညာရှင်ကြီးတွေ အသံတွေကိုလည်း ကျွန်တော့်အမျိုးတွေကိုယ်စားကြားသိလိုပါတယ်။
ကားလောက အကူးအပြောင်း ဘယ်အချိန်မှာ ဖြစ်နိုင်သလဲ
လက်ရှိအချိန်ကတော့ ထူး ခြားတဲ့အကူးအပြောင်းတွေဖြစ် ပေါ်လာမယ့် အရိပ်အယောင် မတွေ့ရသေးပါဘူး။ ကြားဖြတ် ရွေးကောက်ပွဲမတိုင်ခင်မှာ ယာဉ် အိုယာဉ်ဟောင်းဖျက်သိမ်းစီမံ ချက်ထွက်ပေါ်ခဲ့တဲ့ အကူးအ ပြောင်းတစ်ခုကို လက်ရှိအစိုးရက ဖော်ဆောင်ခဲ့ပြီး ကားပါမစ်ဗဟို ချုပ်ကိုင်မှုကြီးကို ဖျက်သိမ်းခဲ့ပါ တယ်။ ရွေးကောက်ပွဲနီးချိန်မှာ ကားလောကအတွက် ပြည်သူလူ ထုအကြိုက် အပြောင်းအလဲကြီး ကြီးမားမားလာချင်လည်း လာနိုင် သလို မလာချင်ရင်လည်း မလာ နိုင်ပါဘူး။ ဒါပေမဲ့ ကျွန်တော့် အမျိုးတွေရဲ့ ပိုက်ဆံတွေဟာ အလကားရထားတာ မဟုတ်တဲ့ အတွက် အထူးသတိထားပြီး စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ရွေးကောက်ပွဲပြီးချိန်မှာ အကူးအ ပြောင်းလာနိုင်မလားလို့ မျှော် လင့်ရင်တော့ ၂၀၁၆ ငါးလပိုင်း ခန့် အစိုးရအဖွဲ့ ဖွဲ့စည်းပြီးချိန် နောက်ပိုင်းမှသာ ကားလောက အတွက် ထူးခြားတဲ့ အကူးအ ပြောင်းများ တွေ့ကြုံရမည်ဖြစ်ပါ ကြောင်း ပြောကြားရင်း... ။

http://www.7daydaily.com/

Post a Comment

 
Top