0


လတ်တလော တရုတ်နိုင်ငံမှာ အိုင်ဖုန်းနဲ့ အိုင်ပက်တွေ အများစုကို တိုက်ခိုက်နေတဲ့ ဗိုင်းရပ်စ်တမျိုးကို ရှင်းလင်းဖယ်ရှားဖို့ ကြိုးစားနေတယ်လို့ Apple ကုမ္ပဏီက စက်တင်ဘာ ၂၁ ရက်နေ့က ပြောပါတယ်။

ဒီဗိုင်းရပ်စ်ဟာ တရုတ်နိုင်ငံမှာ Apple Device တွေကို အဓိက တိုက်ခိုက်တာဖြစ်ပြီး Apple App Store ကို တိုက်ခိုက်ခဲ့သမျှထဲမှာ အကြီးဆုံး တိုက်ခိုက်မှုလို့ ဆိုကြပါတယ်။
တိုက်ခိုက်သူ ဟက်ကာတွေဟာ App Store ကနေ Developer Tool တခုကို ရယူစေပြီး App အသစ်တွေကို ရေးစေတာပါ။ အဲဒီ App အသစ်တွေကို ရယူသုံးစွဲမိတဲ့ User တွေရဲ့ လျှို့ဝှက်အချက်အလက်တွေကို ခိုးယူတာ ဖြစ်ပါတယ်။
အဲဒီကနေတဆင့် အကောင့်ပိုင်ရှင်တွေကို လျှို့ဝှက်စာ (Password) တွေနဲ့ တခြား ကိုယ်ရေးအချက်အလက်တွေကိုလည်း လှည့်ဖျားတောင်းဆိုတယ်လို့ ဆိုပါတယ်။
ထိခိုက်ခဲ့တဲ့ app တွေထဲ တရုတ်နိုင်ငံမှာ လူသုံးများတဲ့ WeChat၊ သီချင်းတွေ ဒေါင်းလုပ် လုပ်တဲ့ app တခုနဲ့ Uber (ဦးပါ) Taxi ငှားတဲ့ app တွေ ပါဝင်ပါတယ်။
အခုတော့ Apple ကုမ္ပဏီက အဲ့ဒီ Developer App အတုကို App Store ကနေ ဖယ်ရှားလိုက်ပြီလို့ Apple ပြောခွင့်ရအမျိုးသမီးက ပြောဆိုပါတယ်။
အခုလဆန်းပိုင်းကလည်း Apple Account ၂ သိန်း ၂ သောင်းကျော်ရဲ့ User Name နဲ့ Password တွေ အခိုးခံရတာကို အင်တာနက် လုံခြုံရေးကုမ္ပဏီတခုဖြစ်တဲ့ Palo Alto Networks က စုံစမ်းသိရှိခဲ့ပါတယ်။
အဲဒီတခေါက်မှာတော့ Jailbreak လုပ်ထားတဲ့ အိုင်ဖုန်းတွေကို အဓိကထိခဲ့ပြီး အများစုဟာ တရုတ်နိုင်ငံက အိုင်ဖုန်းအကောင့်တွေ ဖြစ်ခဲ့ပါတယ်။
http://burmese.dvb.no/archives/113029

Post a Comment

 
Top