0

ရန်ကုန် ဧပြီ ၁၉
ပုဇွန်တောင်မြို့နယ်အတွင်း ရှစ်ထပ်တိုက် သုံးလွှာမှ မိန်းကလေးတစ်ဦး ပြုတ်ကျသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပုဇွန်တောင်မြို့နယ် အမှတ်(၂)ရပ်ကွက် နေကြာသာယာကုန်းလမ်း တိုက်အမှတ်(၃၄)နေ အထက (၂)ဗိုလ်တထောင်ကျောင်းမှ နဝမတန်းကျောင်းသူ မဇွန်လေးနွယ်(၁၅ နှစ်)သည် ဧပြီ ၁၈ ရက် နံနက် ၈ နာရီခွဲက ပေ ၃ဝ ခန့်အမြင့်ရှိ တိုက်ရှေ့ဝရန်တာပေါ်မှ ခုန်ချသေဆုံးသွားကြောင်း ရပ်ကွက်မှရာအိမ်မှူး ဦးထွန်းစိန်၏သတင်းပို့အကြောင်းကြားချက်အရ ပုဇွန် တောင်မြို့မရဲစခန်းမှ ဒုရဲမှူး သိန်းအောင်နှင့် တာဝန်မှူး ရဲအရာခံ ဇင်မောင်မောင်ဝင်းတို့က သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ တိုက်ရှေ့လမ်းမပေါ်၌ ပက်လက် အနေအထားဖြင့် နောက်စေ့ပေါက်ပြဲ၊ ဝဲနားသွေးထွက်၊ နှာခေါင်းသွေးထွက်၊ ယာလက်ကောက်ဝတ် ဖူးရောင် ဒဏ်ရာရအနေအထားဖြင့် သေဆုံးနေသည်ကို တွေ့ခဲ့ ရသည်။ ဖြစ်စဉ်အား စုံစမ်းရာ အနီးဝန်းကျင်နေသူများ ၏ပြောပြချက်အရ အဆိုပါမိန်းကလေးမှာ နဝမတန်း စာမေးပွဲဖြေဆိုပြီး စာမေးပွဲကျရှုံးသဖြင့် ၄င်းနေထိုင်ရာ တိုက်ပေါ်မှ ခုန်ချသေဆုံးခြင်းဖြစ်သည်ဟု ဆိုသည်။
မဇွန်လေးနွယ်မှာ ကျောင်းတွင် အနေအေးသူဖြစ် ကြောင်း၊ ကျောင်းအတွင်းမှာလည်း ဘာပြဿနာမှမရှိ ကြောင်း၊ ဘောဂဗေဒဘာသာတွဲ နဝမတန်း(င)မှ ကျောင်းသူဖြစ်ကြောင်း၊ ကလေးဆုံးသည်ကိုကြားသိရ၍ ဆရာမကြီးကိုယ်တိုင် ဆေးရုံသို့လိုက်ခဲ့ကြောင်း၊ သေဆုံး သူ၏မိဘများနှင့် အစ်မဖြစ်သူတို့၏ ပြောကြားချက်အရ ၄င်းအနေဖြင့် ခုန်ချသေဆုံးစရာအကြောင်းမရှိဟု သိရကြောင်း၊ စာမေးပွဲကျရှုံးမှုနှင့်ပတ်သက်၍လည်း ယခုနှစ်ကျရင် နောက်နှစ်ဖြေလို့ရသည်ဟု ဆိုပါကြောင်း၊ ထို့အပြင် ဝရန်တာမှ လျှောကျသည်ဟု သိရပါကြောင်း၊ ယခင်က ခွေး၊ ကြောင်များပင် လျှောကျဖူးသည်ဟု သိရကြောင်း၊ မဇွန်လေးနွယ်မှာ ယင်းနေရာတွင် အမြဲထိုင် နေကျဖြစ်၍ ¤င်း၏မိဘများက မကြာခဏတားဆီး ပြောကြားရသည်ဟု သိရကြောင်း အထက(၂ )ဗိုလ်တထောင် ပညာရေးအသိုင်းအဝိုင်းမှ စုံစမ်းသိရှိရ သည်။
အဆိုပါသေဆုံးအလောင်းကို ယင်းနေ့ နံနက် ၉ နာရီက ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့၍ ဏျွ-၁၇၉ ဖြင့် မှုခင်းဆရာဝန်က စစ်ဆေးလက်ခံဆောင်ရွက်လျက်ရှိ ကြောင်းနှင့် သေဆုံးမှုဖြစ်စဉ်နှင့်စပ်လျဉ်း၍ အမှုဖွင့် ကာ စခန်းမှူး ဒုရဲမှူးသိန်းအောင်က စုံစမ်းစစ်ဆေးလျက် ရှိသည်ဟု သိရသည်။
-------------------------
မြ၀တီ

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top