မြန်မာနိုင်ငံ၏ ငွေကြေး ဖောင်းပွမှုသည် လက်ရှိတွင် အခြားနိုင်ငံများထက်နည်းသဖြင့် စိုးရိမ်စရာမရှိသေးကြောင်း ပြည် သူ့လွှတ်တော်ဘဏ်များနှင့် ငွေ ကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်သောင်းက ပြောကြားသည်။
ယခုနှစ် မြန်မာနိုင်ငံငွေကြေး ဖောင်းပွမှုသည် ၈ ဒသမ ၄ ရာခိုင် နှုန်းရှိကြောင်း အေဒီဘီ၏ ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။ သို့သော် မြန်မာနိုင်ငံတွင် ငွေကြေးဖောင်းပွမှုသည် ၂၀၁၅ နှစ်စမှ စတင်လာပြီး အမေရိကန်ဒေါ်လာ တန်ဖိုးမြင့်တက်ခြင်းကြောင့်ဖြစ် ကြောင်း ဦးအောင်သောင်းက ပြောကြားသည်။
‘‘တစ်ကမ္ဘာလုံးဖြစ်နေတော့ အမေရိကန်ဒေါ်လာကို ခုခံဖို့ ကျွန်တော်တို့အင်အားနဲ့ကယှဉ်ဖို့ ခက်တယ်’’ ဟု ဦးအောင်သောင်း က သတင်းစာရှင်းလင်းပွဲ၌ ပြော ကြားသည်။
မြန်မာနိုင်ငံတွင် ငွေကြေး ဖောင်းပွမှုဖြစ်ရခြင်းမှာ ကုန်သွယ် မှုလိုငွေများနေခြင်း (ပို့ကုန်ထက် သွင်းကုန်ပမာဏ များနေခြင်း)၊ အစိုးရ၏ ဘဏ္ဍာရေးလိုငွေ တစ် နှစ်ထက်တစ်နှစ် မြင့်တက်ခြင်းတို့ ကြောင့်ဖြစ်ရသည်ဟု ၎င်းက ရှင်း ပြသည်။ ကုန်သွယ်မှုလိုငွေပြခြင်း နှင့်ပတ်သက်၍ သက်ဆိုင်ရာဝန် ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်နေ ပြီး ငွေကြေးဖောင်းပွမှုကိုလည်း ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟို ဘဏ်နှင့် ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီတို့ ပူးပေါင်းဆောင်ရွက်နေကြောင်း ဦးအောင်သောင်းက ပြောသည်။
၂၀၁၅ တွင် မြန်မာနိုင်ငံ၌ အစိုးရ အသုံးစရိတ်တိုးမြှင့်မှု၊ ဘတ်ဂျက်လိုငွေပြမှု အပါအဝင် ငွေတန်ဖိုး ဖောင်းပွမှုကို ထိန်း ချုပ်လုပ်ကိုင်သွားရန်လိုအပ်ပြီး ငွေကြေးဖောင်းပွမှုကို မထိန်းနိုင် ပါက စီးပွားရေးမတည်မငြိမ်ဖြစ် နိုင်သည်ဟု အာရှဖွံ့ဖြိုးရေးဘဏ် (ADB) မှ မြန်မာနိုင်ငံဆိုင်ရာ ဒုတိယဌာနေ ကိုယ်စားလှယ်ပီ တာ ဘရင်းဘဲလ်က သတိပေး ထားသည်။
‘‘ကုန်သွယ်မှုလိုငွေပြတာက နိုင်ငံခြားငွေ ဝင်ငွေနဲ့ ထွက်ငွေ မမျှတ ဖြစ်နေလို့ပါ။ နိုင်ငံခြား အရန်ငွေလည်း လျော့နေတော့ ပြည်တွင်းသုံး ကျပ်ငွေတန်ဖိုးကျ ပြီး ငွေဖောင်းပွမှုဖြစ်မယ်။ ကုန် ဈေးနှုန်းတွေတက်လာမယ်’’ ဟု စီးပွားရေး ပညာရှင် ဒေါက်တာ အောင်ကိုကိုက ပြောကြားသည်။
လက်ရှိတွင် ကမ္ဘာပေါ်၌အမေရိကန်ဒေါ်လာ ငွေကြေးတန် ဖိုးမြင့်တက်လာမှုကြောင့် သက် ဆိုင်ရာ နိုင်ငံများမှ ပြည်တွင်းသုံး ငွေကြေးတန်ဖိုး ကျဆင်းပြီး ငွေ ကြေးဖောင်းပွမှုမှာ ၅ ရာခိုင်နှုန်းမှ ၁၃ ရာခိုင်နှုန်းထိ ရှိနေကြောင်း ဦးအောင်သောင်းက ပြောကြား သည်။
ACM Credit To ;7Day Daily
http://www.ayechanmon-news1.com/
http://www.ayechanmon-news1.com/
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.