Written by Mizzima News
------------------------------------
(လန်ဒန်)။ ။ အိမ်ထောင်သည် ဆရာဝန် တစ်ဦးဖြစ်သူက ဆေးခန်းသို့ ရင်ပတ်နာ၍ လာပြသည့် ဆယ်ကျော်သက် မိန်းကလေး တစ်ဦး၏ ရင်သားများကို ကိုင်တွယ်ပွတ်သပ်ခဲ့သဖြင့် ထောင်ဒဏ် ၁၈ လချမှတ်ခံရသည်။
အသက် ၄၃ နှစ်အရွယ်ရှိဒေါက်တာ အံ့ထွန်းမောင်ဆိုသူက ၂၀၁၂ ခုနှစ်အတွင်းက Teesside ကျန်းမာရေး စင်တာတွင် ပုံမှန်စစ်ဆေးမှု ပြုလုပ်စဉ်က ယင်းသို့ လူနာမိန်းကလေးအပေါ် မဖွယ်မရာပြုမှုခဲ့ခြင်းဖြစ်ကြောင်း Durham Crown တရားရုံးက ပြောသည်။
ကလေးတစ်ယောက်အဖေဖြစ်သူ ဒေါက်တာ အံ့ထွန်းမောင်သည် NHS ကျန်းမာရေးဌာနတွင် အလုပ်လုပ်ကိုင်ခဲ့သည့်မှာ ၁၂ နှစ်ကြာရှိပြီး ရူးမိုက်မှုကြောင့် လက်ရှိတွင် အရာရာဆုံးရှုံးသွားပြီဖြစ်ကြောင်း ၎င်း၏ ရှေ့နေက တရားရုံးသို့ပြောခဲ့သည်။
ထိုသို့ မဖွယ်မရာပြုလုပ်မှုသည် ၂၀၁၂ ဇူလိုင်လအတွင်းက ဖြစ်ပွားခြင်းဖြစ်သည်။ လူနာမိန်းကလေးဖြစ်သူက ရင်ဘတ်နာဝေဒနာကြောင့် ၎င်းထံ လာပြရာတွင် ဒေါက်တာအံ့ထွန်းမောင်က အတွင်းခံဘရာစီယာကို ချွတ်ခိုင်းခဲ့ပြီးနောက် ပွတ်သပ်ဖျစ်ညှစ်ခဲ့ခြင်းဖြစ်သည်။
ဒေါက်တာ အံ့ထွန်းမောင်သည် ကျန်းမာရေးပညာရှင် မိသားစုမှ ဖြစ်ပြီး ၂၀၀၀ ခုနှစ်တွင် ဗြိတိန်သို့ ရောက်ရှိခဲ့ကာ NHS တွင် အလုပ်လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။
ယခုပြစ်မှုကြောင့် ၎င်းအား လိင်ပြစ်မှု ကျုးလွန်သူအဖြစ် ဆယ်နှစ်တာ မှတ်တမ်းသွင်းခြင်းကိုလည်း ခံရသည်။
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.