0
အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ လုပ်ဖို့ လိုအပ်လာခဲ့ရင် မေလအတွင်း ကျင်းပကြမယ် ဆိုပြီး ပြည်ထောင်စု လွှတ်တော်က သတ်မှတ်ထားချက်ဟာ မဖြစ်နိုင်လောက်တော့ဘူး ဆိုတဲ့ သုံးသပ်ချက် ထွက်ပေါ်လာပါတယ်။
အခြေခံဥပဒေ ပြင်ဆင်ရေး အပါအဝင် မြန်မာ့ နိုင်ငံရေးရဲ့ အရေးတကြီး အကြောင်းကိစ္စတွေကို ၆ ပွင့်ဆိုင် ဆွေးနွေးမှု လုပ်နေတဲ့အထဲ တိုင်းရင်းသား ကိုယ်စားလှယ် အနေနဲ့ ပါဝင်တဲ့ ရခိုင် အမျိုးသားပါတီ ဥက္ကဌ ဒေါက်တာ အေးမောင်က ပြောလိုက်တာ ဖြစ်ပါတယ်။
၆ပွင့်ဆိုင် ဆွေးနွေးပွဲကို ဒုတိယ အကြိမ်အနေနဲ့ ပြုလုပ်ဖို့ရာ မေလ ဒုတိယပတ် ထဲမှာမှ ဖြစ်နိုင်တော့မယ်လို့ ခန့်မှန်းရတဲ့အတွက် ၊ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ လုပ်ဖို့ လိုအပ်တဲ့ အခြေခံ ဥပဒေ ပုဒ်မ ၄၃၆ (က) ကနေ ထိန်းချုပ်ထားတဲ့ ပုဒ်မတွေ ပြင်ဆင်နိုင်မှု ရှိမရှိ ဆိုတာကို မေလထဲ အချိန်မီ ထွက်ပေါ်လာနိုင်လောက်မှာ မဟုတ်ဘူးလို့ ဒေါက်တာ အေးမောင်က ဘီဘီစီကို ပြောပါတယ်။
၆ ပွင့်ဆိုင် ဆွေးနွေးပွဲကနေ အဲဒီ့ ပုဒ်မတွေကို မပြင်ဆင်လိုဘူး ဆိုတဲ့ ရလာဒ် ထွက်လာရင်တော့ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲလည်း ကျင်းပစရာ မလိုတော့ဘူး ဆိုပြီး ဒေါက်တာ အေးမောင်က ပြောပါတယ်။
ဒါပေမယ့် တိုင်းရင်းသားတွေ လိုလားတဲ့ ကိုယ်ပိုင် ပြဌာန်းအုပ်ချုပ်ခွင့် ရရှိလာဖို့ အတွက် ဆိုရင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပဖို့လိုတဲ့ အခြေခံဥပဒေ ပြင်ဆင်ခြင်းမျိုး ပြုလုပ်ရမှာ ဖြစ်တယ်လို့ ဒေါက်တာ အေးမောင် က ဆိုပါတယ်။
ACM Credit To ;BBC Burmese
http://www.ayechanmon-news1.com/

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top