0
ရန်ကုန်၊ ဧပြီ ၁၉
သင်္ကြန်ကာလဖြစ်သော ဧပြီလ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ လေးရက်အတွင်း မြန်မာတစ်နိုင်ငံလုံးတွင် ယာဉ်မတော်တဆမှု ၃၈၃ မှု ဖြစ်ပွားခဲ့ရာ ၁၁၅ သေဆုံးပြီး ၉၂၈ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ယာဉ်ထိန်းတပ်ဖွဲ့မှူး ရုံးထံမှ သိရှိရသည်။
“ယာဉ်မတော်တဆမှုတွေမှာ အရက်သောက်စားပြီး မောင်းနှင်တာ တစ်ချို့ရေပက်ခံကားတွေမှာ Over Weight တင်မောင်းကြတာတွေကြောင့် ယာဉ်မတော်တဆမှုတွေ ဖြစ်ရတာကို အများဆုံး စစ်ဆေးတွေ့ရှိရတယ်” ဟု အဆိုပါ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
အဆိုပါ ယာဉ်မတော်တဆမှု ၃၈၃ မှုကြောင့် အမျိုးသား ၉၆ ဦးနှင့် အမျိုးသမီးကိုးဦး သေဆုံးကာ အမျိုးသား ၆၅၆ ဦးနှင့် အမျိုးသမီး ၂၇၂ ဦးတို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ယာဉ်မတော်တဆမှုများတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်မတော်တဆမှု ၅၀ မှုအထိ အများဆုံး ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရှိရသည်။
“သင်္ကြန်ကာလ ရန်ကုန်မှာ ယာဉ်မတော်တဆမှုကြောင့် ၁၁ ဦး သေဆုံးခဲ့ပြီး ၁၃၄ ဦး ဒဏ်ရာရခဲ့တယ်။ သင်္ကြန်နဲ့ ဆက်နွယ်ပြီး ယာဉ်မတော်တဆမှုမှာ ရေပက်ခံကား ရှစ်စီး တိမ်းမှောက်ခဲ့ပြီး နှစ်ယောက်သေခဲ့တယ်။ ၆၂ ယောက် ထိခိုက်ဒဏ်ရာ ရခဲ့တယ်” ဟု အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး လင်းထွဋ်က ပြောကြားသည်။
မြန်မာနိုင်ငံအတွင်း သင်္ကြန်ကာလ ယာဉ်မတော်တဆမှု ဒုတိယမြောက် အများဆုံး ဖြစ်ပွားခဲ့သော မန္တလေးတိုင်းဒေသကြီးတွင် ယာဉ်မတော်တဆမှု ၄၇ မှု ဖြစ်ပွားခဲ့ရာမှ ၁၀ ဦး သေဆုံးကာ ၁၂၇ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။
သင်္ကြန်ကာလမတိုင်မီ ယာဉ်ထိန်းရဲတပ်ဖွဲ့က ယာဉ်မတော်တဆမှုများ လျော့နည်းကျဆင်းစေရန် ယာဉ်မောင်းများကို မူးယစ်ဆေးဝါးနှင့် အရက်သေစာများ သုံးစွဲကာ ယာဉ်မမောင်းနှင်ရန်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ လိုက်နာမောင်းနှင်ရန် မတ်လမှ စတင်ကာ ကြိုတင်အသိပေး နှိုးဆော်ချက်များကို မြန်မာနိုင်ငံရှိ ဒေသအနှံ့ ဆောင်ရွက်ခဲ့ကြောင်း မြန်မာနိုင်ငံ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရှိရသည်။
ACM Credit To ;The Voice Weekly
http://www.ayechanmon-news1.com/

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top