0

ရန်ကုန်၊ ဖေဖော်ဝါရီ ၈
တက္ကသိုလ် ဝင်တန်းဖြေဆိုရန် အတွက် ဝင် ခွင့်ကတ်ပြားများ (Identity Card)ကို တိုင်းနှင့်ပြည်နယ်သီးသီးရှိစာစစ်ဌာန များတွင် ဝင်ရောက်ဖြေဆိုမည့် ကျောင်း သားကျောင်းသူများသည် ဖေဖော်ဝါ ရီ ၂၃ရက်မှစတင်ပြီး စာမေးပွဲရက် မတိုင်မီအထိ ထုတ်ယူနိုင်ပြီဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း မှဖြေဆိုမည့်ကျောင်းသား၊ ကျောင်း သူများသည် ယခု ၂၅ရက်မှ စတင်ပြီး ထုတ်ယူနိုင်ကြောင်း သိရသည်။
အခြေခံပညာအထက်တန်း ကျောင်း၊ (ကျောင်းခွဲ)နှင့် အခြေခံ ပညာအထက်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများသည် မိမိတို့၏ စာမေးပွဲဝင်ခွင့်ကတ်ပြားများ ကို မိမိတို့ကျောင်းအုပ်ကြီးများထံမှ လည်းကောင်း၊ ပြင်ပမှဖြေဆိုသူများ သည် စာမေးပွဲဝင်ခွင့်ကတ်များကို ဖြေဆိုရမည့် စာစစ်ဌာနကြီးကြပ်ရေး မှူးများထံမှလည်းကောင်းအသီးသီး ထုတ်ယူနိုင်ကြကြောင်း ဝင်ခွင့်ကတ် များထုတ်ယူရာတွင် တစ်စုံတစ်ရာ အခက်အခဲရှိပါက သက်ဆိုင်ရာစာစစ် ဌာန ကြီးကြပ်ရေးမှူးများ၊ မြို့နယ် ပညာရေးမှူးများ၊ မြန်မာနိုင်ငံစာစစ် ဌာနတို့ထံ တိုက်ရိုက်စုံစမ်းနိုင်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနကကြေညာ ထားကြောင်း သိရသည်။
''ဝင်ခွင့်ကတ်တွေကိုပြနိုင်မှသာ လျှင် စာဖြေခန်းထဲကိုဝင်ခွင့်ပေးမှာ ဖြစ်တဲ့အတွက် ကျောင်းသား၊ ကျောင်း သူတွေအနေနဲ့ ဝင်ခွင့်ကတ်တွေကို သေချာထုတ်ယူပြီး သေချာထိန်းသိမ်း ထားဖို့လိုအပ်ပါတယ်။ စာမေးပွဲအ ခန်းကိုစောင့်ကြပ်တဲ့ဆရာတွေက သေချာစိစစ်မှာပါ။ ဒါကြောင့်ဝင်ခွင့် ကတ်တွေကို မပျောက်ရှအောင်ထိန်း သိမ်းပါလို့ပြောချင်ပါတယ်''ဟု မြန်မာ နိုင်ငံစာစစ်အဖွဲ့ဦးစီးဌာနမှ အရာရှိ တစ်ဦးက ပြောသည်။
တက္ကသိုလ်ဝင်တန်းအဆင့်အ ကြိုစစ်ဆေးခြင်းကို ယခု ၁၉ရက်မှ ၂၆ရက်အထိ တစ်ရက်လျှင် တစ်ဘာသာနှုန်းဖြင့် ကျင်းပသွားမည် ဖြစ်ကြောင်း၊ အတန်းတင်စာမေးပွဲကို မတ် ၁၁ရက်မှ ၂ဝရက်အထိကျင်း ပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ စာစစ်အဖွဲ့ဦးစီးဌာနမှ ကြေညာထား သည်။
ယခင်နှစ်က တက္ကသိုလ်ဝင်တန်း သို့ဝင်ရောက်ဖြေဆိုခဲ့သည့် ကျောင်း သား၊ ကျောင်းသူဦးရေမှာ ငါးသိန်း ကျော်ရှိခဲ့ပြီး၊ ယခုနှစ်တွင် ဖြေဆိုမည့် တက္ကသိုလ်ဝင်တန်းကျောင်းသား ကျောင်းသူဦးရေမှာ ခြောက်သိန်းကျော် အထိရှိမည်ဖြစ်ကြောင်း သိရသည်။
ATK
- ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။
Yangon Media Group

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top