ဖနွမ်းပင်၊ ဖေဖော်ဝါရီ ၈
နာမည်ကျော် အန်ကောဝပ် ဘုရားကျောင်းဝင်းအတွင်း ဝတ်လစ် စားလစ်ဖြင့် ဓာတ်ပုံရိုက်မှုဖြင့် ပြစ် ဒဏ်ပေးခံခဲ့ရသည့် ကမ္ဘာလှည့်ခရီး သွား အမေရိကန်ညီအစ်မနှစ်ဦးကို ကမ္ဘောဒီးယားအာဏာပိုင်များက စနေနေ့ညတွင် ၄င်းတို့နိုင်ငံသို့ ပြန် ပို့ခဲ့ကြောင်း သိရသည်။
ကမ္ဘောဒီးယားအာဏာပိုင်များ ၏အဆိုအရ အသက် ၂၂နှစ်အရွယ် လင်ဆေးအဒမ်နှင့် ¤င်း၏ညီမဖြစ် သူ အသက် ၂ဝအရွယ် လစ်လီတို့ သည် ရှေးဟောင်းအမွေအနှစ်စာရင်း ဝင် ဘုရားကျောင်းအတွင်းရှိ ပရက် ခန်ဘုရားကျောင်းအတွင်း တစ်ဦးကို တစ်ဦး ဝတ်လစ်စားလစ်ဖြင့် ဓာတ် ပုံရိုက်နေသည်ကို သောကြာနေ့တွင် ဖမ်းမိခဲ့သည်ဟု သိရသည်။
၎င်းတို့ ညီအစ်မနှစ်ဦးသည် လူမြင်ကွင်းတွင် ဖုံးကွယ်အပ်သည်ကို ဖော်ထုတ်ခြင်း၊ လိင်အသားပေး ဓာတ်ပုံရိုက်ခြင်း စသော စွပ်စွဲချက်များဖြင့် စနေနေ့ တွင် ဆိုင်းငံ့ထောင်ဒဏ် ခြောက်လ စီ ချမှတ်ခံခဲ့ရပြီး ကမ္ဘောဒီးယားနိုင်ငံ သို့ လေးနှစ်ဝင်ရောက်ခွင့် ပိတ်ပင် ခံရမည်ဟု ကမ္ဘောဒီးယားအစိုးရ ရှေ့နေတစ်ဦးက ဆိုသည်။
''တရားရုံးက ¤င်းတို့နှစ်ဦးကို တိုင်းပြည်မှ နှင်ထုတ်ဖို့ ဆုံးဖြတ်ခဲ့ ကြောင်းနှင့် ထိုအမျိုးသမီးနှစ်ဦးက လဲ ¤င်းတို့ ဝတ်လစ်စားလစ်ဖြင့် ဓာတ်ပုံရိုက်ခဲ့ကြောင်း ဝန်ခံကာ ဒဏ်ငွေ ဒေါ်လာ ၂၅ဝ ချမှတ်ခံခဲ့ရ သည်''ဟုလည်း ယင်းက ဆက်လက် ပြောကြားသည်။
သောကြာနေ့ဖြစ်ရပ်သည် ကမ္ဘာကျော်ဘုရားကျောင်းဝင်းအ တွင်း ကမ္ဘာလှည့်ခရီးသည်များ ဒုတိ ယအကြိမ်မြောက် ဝတ်လစ်စားလစ် ဖြင့် ဓာတ်ပုံရိုက်ခြင်းဖြစ်ပြီး လွန်ခဲ့ သော သီတင်းပတ်ကုန်ပိုင်းကလည်း ဘုရားကျောင်းဝင်းရှိ တခြားနေရာ တစ်ခုတွင် ဝတ်လစ်စားလစ်ဓာတ်ပုံ ရိုက်ခဲ့သည့် ပြင်သစ်ခရီးသွားသုံးဦး ကိုလည်း ဖမ်းမိခဲ့သည်။ ထို့ပြင် ပြင် သစ်အမျိုးသားသုံးဦးသည်လည်း အမေရိကန်ညီအစ်မကဲ့သို့ပင် တူညီ သောပြစ်ဒဏ်များ ချမှတ်ခံခဲ့ရသည်။
Ref: The Telegraph
Yangon Media Group
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.