Published on: July 4, 2014
Written by: နေမျိုးထွန်း
ဇူလိုင် ၃ ရက်ညပိုင်းတွင် ပြည်တွင်း၌ Facebook လူမှုကွန်ရက်အွန်လိုင်းစာမျက်နှာ
ထိုသို့ဖြစ်ပွားခြင်းမှာ ည ၉ နာရီဝန်းကျင်ခန့်တွင် စတင်ခဲ့ပြီး ည့ဉ်နက်ပိုင်းအထိ လိုင်းပြတ်တောက်နေဆဲဖြစ်ကြောင်း သိရသည်။ မိုဘိုင်းApp ဖြင့် သုံးစွဲသူများရော Desktop ဖြင့် သုံးစွဲသူများပါ ကြုံတွေ့ခဲ့ရခြင်း ဖြစ်ကြောင်းသိရသည်။
ထိုသို့ဖြစ်ရခြင်းမှာ ပြည်တွင်း ISP (Internet Service Provider) မှ ပိတ်လိုက်ခြင်း ဖြစ်နိုင်ကြောင်း အိုင်တီပညာရှင်အချို့က သုံးသပ်ခဲ့ကြသည်။ နိုင်ငံတကာတွင် Facebook ကို ပုံမှန်အတိုင်း သုံးစွဲနေနိုင်ကြောင်းလည်း သိရသည်။
“ခုလိုဖြစ်သွားတာက ISP ကနေ ပိတ်လိုက်တာလည်း ဖြစ်နိုင်ပါတယ်။ ဒါမျိုးကို ISP ကနေလုပ်လို့ရပြီး ဒါကလွယ်ပါတယ်။ သေချာချင်ရင်တော့ Proxy နဲ့ကျော်ဝင်တဲ့အခါ Facebook တက်သေးတယ်ဆိုရင် ISP က ပိတ်လိုက်တာ သေချာပါတယ်”ဟု မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းမှ အလုပ်အမှုဆောင် ဦးဇော်ဝင်းထွန်းက ပြောကြားခဲ့သည်။
“Facebook မရတော့တာက ISP က ပိတ်လိုက်တာကြောင့် ဖြစ်နိုင်ပါတယ်။ ပထမတော့ အင်တာနက်လိုင်း မကောင်းလို့ မတက်တော့တာများလား ထင်မိသေးတယ်။ နောက်တော့မှ လုံးဝသုံးလို့ မရတော့တာဖြစ်သွားတယ်။ Twitter မှာ ပြည်ပကသုံးစွဲသူတွေ ပြည်တွင်းမှာတော့ Facebook ပိတ်လိုက်ပြီဆို ပြီးပြောဆိုနေကြတာတွေ ရှိတယ်”ဟု MIDO မှ မထိုက်ထိုက်အောင်က ပြောကြားသည်။
“ည ၈ နာရီကျော်ကျော်တုန်းကတောင် Facebook ကို သုံးလို့ရသေးတယ်။ ည ၉ နာ ရီလောက်မှာ ဝင်ကြည့်တော့ လုံးဝမရတော့ဘူး။
ဒါပေမဲ့ Proxy နဲ့ကျော်ဝင်ကြည့်တော့ ရတယ်။ အဲဒါကြောင့် ပြည်တွင်းမှာပဲ မရတော့တာ ဖြစ်ပါတယ်။ ခုလို အွန်လိုင်းမှာပွက်လောရိုက်ပြီး ရှုပ်ထွေးနေတဲ့အချိန်မှာ သုံးလို့မရတော့တာလည်း တစ်မျိုးကောင်းပါတယ်။ ဒါပေမဲ့ တခြားကိစ္စတွေအတွက် သုံးစွဲသူတွေအနေနဲ့ ကသိကအောက် ဖြစ်ရပါတယ်”ဟု Facebook သုံးစွဲသူ ကိုတိုးက ဆိုသည်။ ဇူလိုင် ၄ ရက် နံနက် ၂း၃ဝ နာရီအထိ Facebook အသုံးပြု၍ မရရှိသေးကြောင်းသိရသည်။
ပြီးခဲ့သော ၂ဝ၁၄၊ ဇွန် ၁၉ ရက် မွန်းလွဲပိုင်းတွင်လည်း Facebook လူမှုကွန်ရက်မှာ မိနစ် ၂ဝ ခန့် ပြတ်တောက်မှုဖြစ်ပွားခဲ့ပြီး ယင်းသို့ ဖြစ်ပွားမှုမှာ ပြည်တွင်း၌သာမက နိုင်ငံတကာတွင်ပါ ကြုံတွေ့ခဲ့ရခြင်း ဖြစ်ကြောင်းသိရသည်။ ယင်းမှာFacebook ဆာဗာမှ ဖြစ်ပွားခဲ့ခြင်းဟု သိရသည်။ ပြည်တွင်း၌ Facebook သုံးစွဲသူ အရေအတွက်မှာ တစ်သန်းကျော်ရှိနေပြီး အများစုမှာ မိုဘိုင်းဖုန်းဖြင့် သုံးစွဲကြခြင်းဖြစ်ကြောင်း သိရသည်။ မန္တလေးမြို့တွင် ဇူလိုင် ၁ ရက် ညပိုင်းက လူစုလူဝေးနှင့် ပဋိပက္ခအသွင်ဖြစ်ပေါ်ခဲ့ပြီး ယင်းမှာ Facebook စာမျက်နှာတွင် ကောလာဟလသတင်းများ ပျံ့နှံ့မှုနှင့်ဆက်နွှယ်နေခဲ့ကြေ
ACM Credit To :Eleven Media Group
http://
Post a Comment