Victor. Paa Tung on 2014-07-04 11:04
ရုပ်ရှင်ဇာတ်ကား ပထမဆုံးအကြိမ် အ၀တ်အစားဗလာ သရုပ်ဆောင်တဲ့ Cameron Daiz ပါ။ သရုပ်ဆောင်သည် မကြာမီရုံတင်ပြသမယ့် Sex Tape ဇာတ်ကားထဲမှာ ကိုယ်တုံးလုံးသရုပ်ခဲ့ကြောင်း Esquire မဂ္ဂဇင်း သို့ ဖွင့်ဟ၀န်ခံလိုက်ပါတယ်။
ဒါကျွန်မအတွက် ပထမဆုံးအကြိမ်ပါ။ ဒါပေမဲ့ Jasom Segel လည်း အကျီဗလာနဲ့ပါ။ အဲဒါကဇာတ်လမ်းရဲ့ အစိတ်အပိုင်းလေးတစ်ခုပါပဲ။ ဒါ့ကြောင့်ကျွန်မလုပ်ခဲ့တာပါ။ အကုန်လုံးကိုမြင်ရတာပေါ့ ဆို ပြီး အသက်၄၁နှစ်ရှိ အကျော်အမော်တစ်ဦးက ရှင်းပြသွားပါတယ်။
၎င်းဇာတ်ကားဟာ အိမ်ထောင်သက်တမ်း ၁၀ နှစ်ကြာပြီးကလေး ၃ ယောက်ည ရတဲ့အချိန်မှာ Karma Sutra ကဖြစ်ခဲ့သမျှ လိုက်တုပြီး သူတို့ကိုသူတို့ ဗီဒီယို ရိုက်ခြင်းဖြင့် ကာမဘ၀ကို တိုးမြင့်လိုက်ဖို့ဆုံးဖြတ်ကြတဲ့ Jay နှင့် Annie အကြောင်းကို အခြေခံထားပါတယ်။ အဲဒီအခွေ ပေါက်ကြားသွားတဲ့အချိန်မှာ အခြေအနေ ဆိုးဆိုးဝါးဝါးဖြစ်သွားခဲ့တာကြောင့် သူတို့ အထင်ကို မဖျက်ဆီးခင် ရအောင်ပြယူရမှာဖြစ်တယ်။
သူမနဲ့ အတူတွဲသရုပ်ဆောင်တဲ့ Daiz က Segel နဲ့ TV ဖန်သားပြင်ပေါ်မှာကောင်းမှုကုသိုလ်လုပ်ရတာ ကျေနပ်မှုရှိပါတယ်လို့ ပြောခဲ့တယ်။ ယောက်ျားစစ်စစ်တစ်ယောက်နှင့် အတူနေစရာမလိုပါဘူး။ မင်းယုံကြည်စိတ်ချရတဲ့သူနှင့်သာရှိဖို့သာလိုတယ်။ အပေါင်းအသင်းဖွဲ့ခြင်းသက်သက်ပါပဲ ဟု သူမကပြောပါတယ်။
ကျွန်ပ်တို့တစ်ယောက်နှင့်တစ်ယောက် ခင်မင်မှုကောင်းကောင်းရခဲ့ကြတယ်။ ကျွန်မတို့နေ့ရက်တွေကကျွန်မအသီးက သူ့မျက်နှာရှေ့မှာ သူ့အထုပ်ကကျွန်မမျက်နှာမှာ ပြောရမလို ဖြစ်ခဲ့ကြတယ် ဟု သူမက ဒီနှစ်အစောတွင် People Magazine ကို ပြောခဲ့ပါတယ်။
Daiz ဟာ လိင်ကိစ္စနဲ့ ပတ်သက်ရင် အရမ်းဖွင့်လင်းတယ်။ သူမက The Body Book စာအုပ်ကို ဒီနှစ်အစောပိုင်းတွင် ပုံနှိပ်ထုတ်ဝေခဲ့ပြီး အမျိုးသမီး ကိုယ်ရေးကိုယ်တာ ပိုပြီးဂရုပြုဖို့ နှင့် သူတို့ရဲ့ လိင်ပိုင်းဆိုင်ရာ အင်္ဂါရပ်တွေကို beautiful flowers ကဲ့သို့သဘောထားသင့်ပါတယ် ဟု ဆွေးနွေးထားတယ်။ ဂရုစိုက်သင့်တာတွေဂရုစိုက်ရမယ်။ ရေလောင်းပေးတာ၊ မြေသြဇာထည့်ပေးတာ တို့ပေါ့။ အာဟာရလိုအပ်တယ်။ ဆာလောင်မွတ်သိပ်ကြတာပါပ။ဲ
Sex Tape ဇာတ်ကားကို ဇူလိုင်လ ၁၈ ရက်နေ့မှာ ရုံတင်ပြသသွားမှာဖြစ်တယ်။
Ref: http://www.starpulse.com/
ACM Credit To : http://www.trend.com.mm/
http://www.ayechanmon-news1.com/
Post a Comment