ဆေးကောင်စီဥပဒေ ကြမ်းတွင် ဆရာဝန်က လူနာကို သဘောရိုးဖြင့် ခွဲစိတ်ကုသပြီး ချွတ်ချော်သွားပါက အပြစ်ဒဏ် သတ်မှတ်ခြင်း မပြုရဆိုသည့်အချက်သည် ဆရာဝန်အားလမ်းလွဲလိုက်သွားစေနိုင်ကြောင်း ဆေးပညာအသိုင်းအ၀ိုင်းမှ ပညာရှင်ကြီးများက သုံးသပ်ပြောဆိုကြသည်။
ယင်းအချက်သည် ဆရာဝန် များအား ကာကွယ်ပေးထားသည့် အချက်ဖြစ်သော်လည်း ခြွင်းချက်အနေဖြင့် ခွဲစိတ်မည့် ဆရာဝန်၏လုံလောက်သော အရည်အချင်း၊ရည်ရွယ်ချက်နှင့် လူနာကို တာ ၀န်ယူမှုရှိရမည်ဟု ဆိုသည်။
‘‘အတွေ့အကြုံအရ လက် တည့်စမ်းတာမျိုးတော့ မဖြစ်သင့် ဘူး။ စေတနာကောင်းတာနဲ့ မရ ဘူး။ ဘာလို့ဆိုခွဲတယ်ဆိုတာက အရေးကြီးတယ်။ ဥပဒေအရ ခြွင်း ချက်ထားရမယ်။ ဥပဒေပညာရှင် တွေထားပြီးတော့ စစ်ဆေးရမှာ ပေါ့’’ ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ ကျန်းမာရေးကွန်ရက် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက ဆိုသည်။
အဆိုပါ ဆေးကောင်စီ ဥပဒေကြမ်း၏ အခန်း (၁၆)ပုဒ်မ (၅၆) ၌ ဆေးကုသခွင့်ကိုင်ဆောင် သူတစ်ဦးဦးသည် မိမိ၏လူနာ ကောင်းကျိုးအတွက် ဆောင်ရွက် ရာတွင် ဆေးပညာပိုင်းဆိုင်ရာ ထိုက်သင့်သောစိတ် အာရုံပြုခြင်း တို့ဖြင့် ဆောင်ရွက်ခဲ့ပါလျက် တစ်စုံတစ်ရာ ဘေးအန္တရာယ်ကျရောက်ခဲ့သည်ရှိသော် မိမိ၏တာဝန်အား သဘောရိုးဖြင့် ဆောင်ရွက်ခဲ့ခြင်းအပေါ် ပြစ်မှုကြောင်း အရဖြစ်စေ၊ တရားမကြောင်းအရဖြစ်စေ တရားစွဲဆိုခွင့်မရှိစေရဟု ဖော်ပြထားသည်။
၎င်းအချက်ကို မှားယွင်းစွာ အသုံးပြုမိပြီး လူနာများအား သုတေသနပြုခြင်း၊စမ်းသပ်ခြင်း စသည့် အကျိုးဆက်များ ဖြစ်ပေါ် လာနိုင်သောကြောင့် ယင်းအ ချက်အပေါ် အဓိပ္ပာယ်အကျယ်ဖွင့်ဆို၍ ပြန်လည်ပြင်ဆင်သင့်ကြောင်း ဆရာဝန်ကြီးများက ဆိုသည်။
‘‘သဘောရိုးဆိုတာ ဘာလဲ၊ လူနာကောင်းကျိုးဆိုတာ ဘာလဲ။ အဲဒီလိုမျိုး အကျယ်ဖွင့်ရမယ်။ တစ်ခါတလေကျရင် ဥပဒေထုတ်တယ်။ အကျယ်မဖွင့်တော့ တလွဲထင်သွားမယ်။ ဒါလူနာကောင်းကျိုးအတွက် စမ်းသုံးတယ်။ ဒါမျိုး မလုပ်ရဘူး။ ကျင့်ဝတ်မှာ လူနာကိုအသိပေးရမယ်။ လူနာကို ရှင်းပြပြီး လူနာသဘောတူမှ ကြီးစိုးတဲ့စနစ်ပေါ့။ မဟုတ်ရင် ငါဆရာဝန်၊ ငါတတ်တယ်။ မပြောနဲ့ဆိုတဲ့ကြီးစိုးတဲ့စနစ်ကို အားပေးရာရောက်တယ်’’ ဟု မြန်မာနိုင်ငံဆရာဝန်အသင်း၊ ကျင့်ဝတ်ရေးရာကော်မတီ(အထွေထွေ) အဖွဲ့ဝင် ဒေါက်တာမြင့်ဦးက ဆိုသည်။
၂၀၀၉ ခုနှစ်က ဆရာဝန် ကြီးတစ်ဦးက လူနာကလေးငယ် တစ်ဦးကို မှားယွင်းခွဲစိတ်မိရာမှ အသက်ဆုံးရှုံးသွားခြင်းကြောင့် အဆိုပါ ဆရာဝန်ကြီးကို ဆမ (လိုင်စင်)သက်တမ်း ငါးနှစ် ရုပ် သိမ်းခြင်းစသည်ဖြင့် ဆေးကောင် စီက အရေးယူခဲ့သည့် သာဓက ရှိ ခဲ့သေးကြောင်း သိရသည်။
မြန်မာတစ်နိုင်ငံလုံး၌ ဆရာ ၀န်ဦးရေ စုစုပေါင်း သုံးသောင်း ကျော်ခန့်ရှိပြီး ယခုပြဋ္ဌာန်းမည့် ဆေးကောင်စီဥပဒေကြမ်းကို အခန်း ၁၆ ခန်းပါရှိသည့် အချက် များဖြင့် ဇွန်လ ၁၅ ရက်မှစတင် ၍ နိုင်ငံပိုင်သတင်းစားများ၌ ဖော် ပြထားသည်။
ACM Credit To : 7 Day Daily
http://www.ayechanmon-news1.com/
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.