0
[ Voice of the Day ]

ဌာနပိုင် ငွေကြေးအလွဲသုံးစား လုပ်သည်ဟု တိုင်ကြားခံရခြင်း ကိစ္စမှာ သာသနာရေးဌာနမှ ညွှန်ချုပ်တစ်ဦးကို ရာထူးလျှော့ကာ ချင်းပြည်နယ်သို့ ပို့ခဲ့သည့်အတွက် ယင်းပုဂ္ဂိုလ်က အငြှိုးအတေးထား တိုင်ကြားခြင်း ဖြစ်ကြောင်း ဦးဆန်းဆင့် မိသားစုနှင့် နီးစပ်သူတစ်ဦးက ဧရာဝတီကို ပြောသည်။
“သာသနာရေး ညွှန်ချုပ်ကို အပြောင်းအရွှေ့ လုပ်ခဲ့တာ ရှိတယ်။ ချင်းပြည်နယ် သာသနာရေးမှူး အဖြစ်ပေါ့။ အဲဒီလူက မသွားဘဲ ရန်ကုန်က ကမ္ဘာအေးမှာပဲ နေတယ်။ ပြီးမှ ညွှန်ချုပ်က မကျေနပ်တော့ကာ ဒါတွေကို သိန်း ၁၀၀ အလွဲသုံးစား လုပ်ပါတယ် ဆိုပြီးတော့ တိုင်တာ။ တိုင်တဲ့အခါ သမ္မတကြီးကို တင်ပြတယ်။ သူ့ (ဦးဆန်းဆင့်) ကို အလွဲသုံးစား လုပ်တယ်။ လာဘ်စားပါတယ် ဆိုပြီး တိုင်တယ်။ သမ္မတကြီး သူ့ကိုစစ်ပါ။ တိုင်တဲ့လူကိုလည်း စစ်ပါ။ သူ့မှာ အပြစ်ရှိတယ်ဆိုရင် သူခံမယ်။ ငွေရေးကြေးရေးက သူကိုင်တာ မဟုတ်ဘူး။ ဒုဝန်ကြီးပဲ ငွေကိုင်တာ ဆိုတာ သမ္မတကြီးကို ပြောပြီးပြီ။ ဒါတွေကို စစ်ဆေးလို့လည်း ပြီးသွားပြီ။ အခုကျမှ အဲဒီပြဿနာက ပြန်ပေါ်လာပြီး အခုလို ဖြစ်ကုန်တာ။ ဘယ်လို နားလည်ရမှန်းတောင် မသိတော့ဘူး” ဟု သူကပြောသည်။

ဇွန်လ ၂၉ ရက်နေ့ထုတ် The Irrawaddy ဂျာနယ်ပါ
“ဆောင်းပါးရှင် ဆလိုင်းသန့်စင်/ပုသိမ် ရေးသားသည့် ဦးဆန်းဆင့် ဘယ်လိုလူစားလဲ” ဆောင်းပါးမှ ကောက်နုတ်ချက်

ACM Credit To : The Voice Weekly
http://www.ayechanmon-news1.com/
Photo: [ Voice of the Day ]

Post a Comment

Top