0
ရန်ကုန်၊ ဇူလိုင် ၈-အွန်လိုင်းနှင့် လူမှုကွန်ရက်စာမျက်နှာဖြစ်သော ဖေ့စ်ဘွတ်ခ်မှတစ်ဆင့် လူမျိုးရေး၊ ဘာသာရေး အမုန်းပွားစေ မည့် ပို့စ် များနှင့် ဓာတ်ပုံများကိုဖော်ပြလျက် ရှိသည့် အကောင့်အတုများအား ဖျက်သိမ်းအရေးယူသွားမည့်အပြင် ဖေ့စ်ဘွတ်ခ်နှင့် ဂူဂဲလ်တို့မှတာဝန် ရှိသူများ၏ အကူအညီဖြင့် လူမှု ကွန်ရက်များအားထိန်းကျောင်းသွား မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး မှ အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။

ယင်းသို့လူမျိုးရေး၊ ဘာသာ ရေးပဋိပက္ခနှင့် အမုန်းပွားစေမည့် သွေးထိုးလှုံ့ဆော်မှုများအား လူမှုကွန် ရက်စာ မျက်နှာဖြစ်သော ဖေ့စ်ဘွတ်ခ် မှ တစ်ဆင့် အများ ဆုံးဆောင် ရွက်ကျူး လွန်နေသည်ကို တွေ့ရှိရသည့်အတွက် မန္တလေး၌ ပဋိပက္ခများဖြစ်ပွားနေချိန် တွင် ၎င်းတို့အနေဖြင့် သွေးထိုးလှုံ့ ဆော်မှုများ လျော့နည်းကျဆင်းသွား စေရန်နှင့် လူမှုကွန်ရက် မှတစ်ဆင့် ဖြစ်ပေါ်လျက်ရှိသော ကောလာဟလ နှင့် အမုန်းစကားများ လျော့နည်းကျ ဆင်းစေရန် Facebook နှင့် Silicon valley တို့မှ ပညာရှင်များနှင့် ဆွေး နွေးတိုင်ပင်ခဲ့ကြောင်း၊ ထိုသို့ဆွေးနွေး ရာတွင် Facebook မှ တာဝန်ရှိသူ သုံးဦး ၊ Silicon valley မှ တာဝန်ရှိ သူနှစ်ဦးနှင့် ၎င်းတို့မှ Conference Call ပြုလုပ်ကာ ဆွေးနွေးခဲ့ကြခြင်း ဖြစ်ကြောင်း ၎င်းသမ္မတရုံးအကြီး တန်းအရာရှိက ဆိုသည်။

''Facebook က သုံးယောက်မှာ ဝါရှင်တန်ဒီစီအခြေစိုက်ရုံးချုပ်က တစ်ဦး၊ အိုင်ယာလန်အခြေစိုက် တာဝန်ရှိသူတစ်ဦးနဲ့ အာရှပစိဖိတ် တာဝန်ခံ စင်ကာပူအခြေစိုက် Facebook တာဝန်ရှိသူတစ်ဦးတို့ဖြစ်ပါ တယ်။ ကျွန်တော်တို့ဘက်က ဖေ့စ် ဘွတ်ခ်ကြောင့်ဖြစ်ပေါ်နေရတဲ့ အ ခြေအနေ၊ ကြုံတွေ့နေရတဲ့ စိန်ခေါ် မှုတွေကို ရှင်းပြပြီး သူတို့ဘက်က ဘယ်လိုကူညီနိုင်မ လဲဆိုတာကိုမေး ပါတယ်။ သူတို့ဘက်ကလဲ ကူညီနိုင် မယ့်အနေအထားနဲ့ နည်းပညာဆိုင် ရာစသည်အားဖြင့် ပြန်လည်ဆွေးနွေး ခဲ့ကြပြီးတဲ့နောက် ကျွန်တော်တို့အ နေနဲ့ နံပါတ်(၁)အနေနဲ့ ရေတိုကာ လမှာ ဖေ့စ်ဘွတ်ခ်ပေါ်က သွေး ထိုးလှုံ့ ဆော် မှုတွေ လျော့ကျသွားအောင် ဖေ့စ်ဘွတ်ခ်ရဲ့စည်းကမ်းမူဘောင်နဲ့ အညီ စိစစ်တာတွေ၊ ပိတ်ပင်တာတွေ လုပ်ဖို့ တောင်း ဆိုခဲ့ပါတယ်။ ဥပမာ အားဖြင့် ဖေ့စ်ဘွတ်ခ်စည်းမျဉ်းအရ Fake အကောင့်တွေဆိုရင် ဖြုတ်ချ ပိုင်ခွင့်ရှိပါတယ်။ ဒီလိုမျိုးသူတို့ရဲ့မူ ဘောင်နဲ့လဲညီ၊ ကျွန်တော်တို့ဘက်က လိုလားချက်နဲ့လဲညီတဲ့ နည်းလမ်းတွေ ကို နှစ်ဖက်ဆွေးနွေးတိုင်ပင်ပြီး လုပ် ဆောင်ခဲ့ကြပါတယ်''ဟု ယင်းကရှင်း လင်းပြောကြားသည်။
အဆိုပါဖေ့စ်ဘွတ်ခ်မှ တာဝန်ရှိ သူသုံးဦးမှာ မြန်မာနိုင်ငံနှင့်ပတ်သက် ၍ ဆက်သွယ်ဆောင်ရွက်ရန်အတွက် ဖေ့စ်ဘွတ်ခ်မှ သတ်မှတ်ပေးထားသော သူများဖြစ်ပြီး ၎င်းတို့အနေဖြင့်လိုအပ် ပါက တစ်ပတ်လျှင် ၂၄နာရီပတ်လုံး သွေးထိုးလှုံ့ဆော်မှုများ၊ အမုန်းစကား များ ကောလာဟလများအား စိစစ် ကန့်သတ်ခြင်းနှင့် ဖြုတ်ချခြင်းများ ကို လုပ်ဆောင်ပေးသွားမည်ဖြစ် ကြောင်း၊ ဒုတိယအဆင့်အနေဖြင့် လေ့လာစောင့်ကြည့်ခြင်း (Moni- toring)နှင့် အတည်ပြုသတ်မှတ်ခြင်း (Verification) လုပ်ငန်းစဉ် များကို ဖေ့စ်ဘွတ်ခ်မှ မည်သို့ကူညီပေးမည် ကို မေးမြန်းတောင်းဆိုထားကြောင်း၊ အလားတူမြန်မာနိုင်ငံတွင် ကြုံတွေ့ နေရသော နည်းပညာစိန်ခေါ်မှုများ အား Facebook သာမက Twitter နှင့် Google အပါအဝင် ကူညီဖြေ ရှင်းပေးလိုသော နည်းပညာ ကုမ္ပဏီ အများအပြားရှိပြီး အခြားနိုင်ငံများ တွင် လုပ်ဆောင်နေသည့် Success Story များရရှိရေးနှင့် ပြည်တွင်း ရှိ ဖေ့စ်ဘွတ်ခ် အသုံးပြုသူ များအား မည်သို့အသိပညာပေးကာ တာဝန်ယူ မှုနှင့်တာဝန်ခံမှုရှိသော ဖေ့စ်ဘွတ်ခ် အသုံးပြုသူများ ဖြစ် လာစေရေးအ တွက် ဖေ့စ်ဘွတ်ခ်မှ တာဝန်ရှိသူများ နှင့် တိုင်ပင်ဆွေးနွေးခဲ့ကြကြောင်း ၎င်း ၏ပြောကြားချက်အရ သိရသည်။
''ဆွေးနွေးချက်တွေအရတော့ ကျွန်တော်တို့နဲ့ သူတို့သဘောတူထား တာက Facebook ၊ Google အပါ အဝင် အခြားသင့်လျော် တဲ့နည်းပညာ ကုမ္ပဏီကြီးတွေက တာဝန်ရှိသူတွေ အနေနဲ့ မြန်မာနိုင်ငံကိုလာပြီး ကျွန် တော်တို့ဆီ က ဖေ့စ်ဘွတ်ခ်အသုံးပြုသူ တွေ နည်းပညာရှင်တွေ၊ အထူးသဖြင့် လူငယ်တွေနဲ့တွေ့ဆုံပြီး မြန်မာနိုင် ငံမှာကြုံတွေ့နေရတဲ့ အခက်အခဲနဲ့ စိန်ခေါ်မှုတွေကို ဘယ်လိုပူးပေါင်းဖြေရှင်းမလဲဆိုတာကို ဆွေးနွေးဖို့စီ စဉ်ထားပါတယ်။ ဒီဆွေးနွေးပွဲကို ဒီ လတတိယပတ်ထဲ ဒါမှမဟုတ်နောက် ဆုံးပတ်ထဲမှာ ရန်ကုန်မှာကျင်းပသွား ဖို့ ဆက်သွယ်ရေးဝန်ကြီးဌာနနဲ့ ညှိ နှိုင်းထားပါတယ်''ဟု ယင်းကထပ်မံ ပြောသည်။

ထိုဆွေးနွေးပွဲအား လူအများ လာရောက်လေ့လာနိုင်ရန်အတွက် မြန်မာအင်ဖိုတက်ခ်၌ ပြုလုပ်ရန် စီစဉ်ထားရှိပြီး လူငယ်အများ စုအား အဓိကထား၍ ဖိတ်ကြားသွားမည်ဖြစ် ကြောင်း၊ အလားတူရေရှည်အစီအ စဉ်အရ ပြည်တွင်းရှိလူမှုအဖွဲ့ အစည်း များ အနေဖြင့် လူမှုကွန်ရက်များအား မည်သို့ထိန်းကျောင်းသွားမည်ကို ဆွေးနွေး သွားကြမည်ဖြစ်သည့်အ ပြင် ဆိုက်ဘာဥပဒေနှင့် ပတ်သက်၍ ညှိနှိုင်းဆောင်ရွက်သွားရန် စီစဉ်ထား ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် လူမှုအဖွဲ့အစည်းများနှင့် နည်းပညာ ကျွမ်းကျင်သူများ၏ အကြံဉာဏ်များ နှင့် အတွေ့အကြုံများကို ရယူကာ ပြည်သူလူထုပါဝင်သော မူဘောင်တစ် ရပ်ကို ချမှတ်သွားမည်ဖြစ်ကြောင်း၊ လူမှုကွန်ရက်များတွင် မိုဘိုင်းဖုန်း များကို ဈေးချိုချိုဖြင့် ဝယ်ယူရနိုင် တော့မည့်အနေအထား သို့ ရောက် ရှိလာတော့မည် ဖြစ်သည့်အတွက် နောင်လာမည့်မျိုးဆက်များအတွက် ပါ အကျိုးသက်ရောက်မှုများ ရှိစေ နိုင်လိမ့်မည်ဖြစ်ကြောင်း ယင်းက ဖြည့်စွက်ပြောကြားသည်။

အလားတူ မြန်မာနိုင်ငံကွန်ပျူ တာ ပညာရှင်အသင်းမှ ကိုနေလင်း သန်းက ''ဖေစ့်ဘွတ်ခ်တို့ အင်တာနက် တို့ကို သုံးတဲ့အခါမှာ ကောင်းတဲ့ဟာကို သုံးသလို မကောင်းတဲ့ဟာကိုလဲ သုံး တာကို တွေ့ရပါတယ်။ မကောင်းတဲ့ ဟာကို သုံးတာကို ပိုတွေ့ရပါတယ်။ လူဆိုတာကမကောင်းမှုမှာပိုမွေ့လျော် တယ်။ အင်တာနက်တို့ ဖေ့စ်ဘွတ်ခ် တို့ဆိုတာက အကောင်းအဆိုး ဒွန်တွဲ နေတာလေ။ လက်ရှိဆိုရှယ်ဝက်တွေ ကနေတစ်ဆင့် လူမျိုးရေးဘာသာရေး ဆိုက်ဘာကရိုင်းတွေ၊ ပြစ်မှုတွေကျူး လွန်လာ တာဟာ အသုံးချမှုမှားပြီး တော့ဆိုးကျိုးတွေဖြစ်လာတာပါ။ ဒါ ပေမဲ့မသုံးဖို့ကိုကျတော့ တားဆီးပိတ် ပင်လို့မရဘူး။ ဒီလိုပြဿ နာတွေ က ဖွံ့ဖြိုးဆဲနိုင်ငံတွေ၊ ဖွံ့ဖြိုးပြီးနိုင်ငံတွေ မှာက ဖြစ်နေကျတွေလေ။ ဒါကိုကျင့် သားရဖို့ နည်းလမ်းတွေ ပညာပေးရ ပါမယ်။ မိဘတွေလဲလိုတယ်။ လူမှု ပတ်ဝန်းကျင်ကလဲ ဆုံးမလမ်းညွှန် ဖို့လိုအပ်တယ်။ ရေရှည်မှာလဲ လက် ကိုင်ဖုန်းတွေနဲ့ အင်တာနက် အသုံး ပြုမှုတွေ များလာတာနဲ့အမျှ အခု လိုလူမျိုးရေး ဘာသာရေးဆိုက်ဘာ မှုခင်းတွေ၊ ပြစ်မှုတွေကျူးလွန်လာ မှုတွေ ပိုပြီးဖြစ်လာနိုင်ပါတယ်''ဟု ဆိုသည်။

သို့သော်မြန်မာနိုင်ငံတွင် ဆိုက် ဘာမှုခင်းများစွာလူမသိသူမ သိဖြစ် ပေါ်လျက်ရှိနေသော် လည်း ထိုသို့အင် တာနက် အသုံးပြု၍ ကျူးလွန်ခဲ့သော ရာဇဝတ်မှုအပါအဝင်တရားမမှုများ နှင့်ပတ်သက်၍ တရားရုံးနှင့်ရဲစခန်း များသို့ တင်ပြတိုင်တန်းသော အလေ့ အထမှာ မြန်မာနိုင်ငံတွင် မရှိသ လောက်နည်းပါးနေသေးကြောင်း ဥပဒေပညာရှင် တစ်ဦးဖြစ်သူ တရား လွှတ်တော်ရှေ့နေဦး သက်နိုင်ဖြိုးက သုံးသပ်ပြောကြားသည်။

TRT,KMZ
[--Democracy today Daily Newspaper--]

ACM Credit To:Yangon Media Group
http://www.ayechanmon-news1.com/

Post a Comment

 
Top