0

မန္တလေးမြို့တွင် ဖြစ်ပေါ်ခဲ့သော ပဋိပက္ခ ဖြစ်စဉ် များနှင့် ပတ်သက်၍ အစိုးရ၏ ကိုင်တွယ် ဖြေရှင်းမှုများ ညံ့ဖျင်းခဲ့ကြောင်း အမျိုးသား နိုင်ငံရေး စောင့်ကြည့်ရေး အဖွဲ့ ၏ နာယက မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခက မီဒီယာ များသို့ မိန့်ကြားသည်။ မန္တလေးမြို့တွင် ယခု ကဲ့သို့ ရုန်းရင်း ဆန်ခတ် ဖြစ်ပွားရခြင်းမှာ အစိုးရမှ ထိထိရောက်ရောက် အရေးမယူ ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း၊ ယခု ကိစ္စအား တရားခံများကို အမြန်ဆုံး ထိထိ ရောက် ရောက် ဖော်ထုတ် အရေးယူ ရမည် ဖြစ်ကြောင်း ဆရာတော်က ဆက်လက် မိန့်ကြားခဲ့သည်။ အခု ကိစ္စက ကိုင်တွယ်တဲ့နေရာမှာ ညံ့ဖျင်းတယ်လို့ ပြောမ လား၊ အားနည်းတယ်လို့ ပြောမလား၊ မသိချင် ယောင်ဆောင်တယ်လို့ ပြောမလား၊ အစိုးရ အနေနဲ့ ကိုင်တွယ်တဲ့ နေရာမှာ အများကြီး အားနည်းမှု တွေရှိ နေတယ် ဟု ဆရာတော်က မိန့်ကြားသည်။

ပျဉ်းမနားမြို့တွင် ဖြစ်ပွားခဲ့သော အဓမ္မ ပြုကျင့်မှုကို ကျူးလွန်သည်ဟု တိုင်ကြားခံရသူ တစ်ဦး မန္တလေးမြို့တွင် ရောက်ရှိနေသည် ဟူသော သတင်းကြောင့် အဆိုပါ ပုဂိ္ဂုလ်အား ထုတ်ပေးရန် တောင်းဆိုရာမှ ဇူလိုင်လ (၁) ရက် နေ့တွင် မန္တလေးမြို့ ၌ ရုန်းရင်း ဆန်ခတ်မှုများ စတင်ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ ဝင် အင်အား (၄၀၀) နှင့် လုံခြုံရေး တပ်ဖွဲ့ဝင် အင်အား (၃၀၀) နီးပါးဖြင့် ထိန်းသိမ်းခဲ့ရသည်။

၎င်း ပဋိပက္ခ အခြေအနေ များကြောင့် သေဆုံးသူ နှစ်ဦးနှင့် ထိခိုက်ဒဏ်ရာရသူ (၁၄) ဦး အထိ ရှိခဲ့ပြီး မန္တလေးမြို့တွင် ညမထွက်ရ အမိန့် ကိုလည်း ထုတ်ပြန်ထားခဲ့ ရကာ မန္တလေးမြို့ ၏ အဓိကကျသည့် လမ်းမများတွင် လုံခြုံရေး တိုးမြှင့် ထားကြောင်း သိရသည်။ အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ ဇူလိုင်လ (၄) ရက်နေ့၊ ညနေ (၃) နာရီခွဲ အချိန်တွင် မကွေးကျောင်းတိုက်ဆရာတော် ဦးပါမောက္ခ ဦးဆောင်ကာ သံဃာအပါး(၂၀) ကျော်ဖြင့် ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်တွင် ငြိမ်းချမ်းစွာ စီတန်း လမ်းလျှောက် ဆန္ဒ ထုတ်ဖော်ခဲ့ကြသည်။

ACM Credit To: Messenger News Journal
http://www.ayechanmon-news1.com/
Photo: မန္တလေးမြို့တွင် ဖြစ်ပေါ်နေသော ပဋိပက္ခဖြစ်စဉ်များနှင့် ပတ်သက်၍ အစိုးရ ကိုင်တွယ်မှု ညံ့ဖျင်းဟုဆို

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

Top