0

မန္တလေး-ဇူလိုင်-၆

မန္တလေးမြို့တွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့် ပတ်သက်၍ ပြစ်မှုကျူးလွန် သူများအား ဥပဒေအရ အမှုဖွင့် အရေး ယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၂ ရက်မှ ၅ ရက်အထိ စုစုပေါင်းအမှု ၁၅ မှုရှိကြောင်း၊ ယင်းတို့ အနက် လူသတ်မှု နှစ်မှု၊ နာကျင်စေမှု သုံးမှု၊ မီးရှို့မှု တစ်မှု၊ ပြစ်မှု ပုဒ်မ ၃၂၄/ ၁၁၄ တစ်မှုတို့မှာ တရားခံ စုံစမ်း ဆဲဖြစ်ပြီး ကျန်အခြားအမှု ၃ မှု၊ လက်နက်ပုဒ်မ ၁၉ (က) နှစ်မှု၊ ရဲအက်ပုဒ်မ ၃၅ ဃ သုံးမှု တို့မှ ပြစ်မှုကျူးလွန်သူ ၁၆ ဦးတို့အား ဖမ်းဆီး၍ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ဇူလိုင် ၃ ရက်တွင် မန္တလေးမြို့၌ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသော်လည်း လိုက်နာမှုမရှိသူများအား အရေး ယူခဲ့ရာ ဇူလိုင် ၃ ရက်တွင် အောင်မြေ သာစံမြို့နယ်၊ ချမ်းအေးသာစံမြို့ နယ်၊ မဟာအောင်မြေမြို့နယ်၊ ချမ်းမြ သာစည်မြို့နယ် ၊ ပြည်ကြီးတံခွန်မြို့နယ်နှင့် အမရပူရမြို့နယ်တို့မှ တွေ့ရှိသူ ၁၄၅ ဦးအား ပညာပေး ကိုယ်တိုင် ခံဝန်ချက်ဖြင့် ပြန်လည်စေလွှတ်ခဲ့ပြီး ဇူလိုင် ၄ ရက်တွင် မန္တလေး ခရိုင်အတွင်းရှိ မြို့နယ် ၇ မြို့နယ်မှ ၁၀၀ ၊ ဇူလိုင် ၅ ရက်တွင် ၁၀၁ ဦးတို့အား ပုဒ်မ ၁၈၈ ဖြင့် အရေးယူဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။
Moi Webportal

Post a Comment

 
Top