အခွန်အပြည့်မရတဲ့ ရန်ကုန်မြို့တော်က အဆင့်မြင့် ဈေးကြီးတွေကို အခွန် အပြည့်ရအောင် ကောက်တော့မှာ ဖြစ်ပါတယ်။ လက်ရှိမှာ အခွန်ထမ်းသူတွေရဲ့ တစ်ဝက်လောက်ပဲ အခွန်ဆောင်နေကြတာပါ။
အဆင့်မြင့်ဈေးကြီးတွေကို သက်ဆိုင်ရာမြို့နယ် အခွန်ဦးစီးမှူးတွေက ကြီးကြပ်ပြီးတော့ အခွန်ကောက်တော့မှာ ဖြစ်တယ်လို့ ပြည်တွင်း အခွန်များ ဦးစီးဌာနထံက သိရပါတယ်။ ဒီအစီအစဉ်ကို ဇူလိုင်လ ၁၄ ရက်နေ့က စတင်မှာ ဖြစ်ပါတယ်။
အဆင့်မြင့် ဈေးတွေဖြစ်တဲ့ မင်္ဂလာဈေး၊ ယုဇနာပလာဇာ၊ သံဈေး၊ ညောင်ပင်လေးဈေး၊ သိမ်ကြီးဈေး၊ ဘုရင့်နောင်ပွဲရုံနှင့် စော်ဘွားကြီးကုန်းပွဲရုံတွေမှာ ရှိတဲ့ အခွန်ဌာနတွေမှာ အခွန်မှူးတွေ သွားရောက် ကြီးကြပ်ကောက်ခံရမှာ ဖြစ်ပါတယ်။
“သူတို့ဆီက အခွန်ကောက်ခံရရှိမှုက ထက်ဝက်နီးပါးလောက် လျော့နေလို့ပါ” လို့ အခုလို အခွန်ကောက်မယ့် အစီအစဉ်နဲ့ ပတ်သက်လို့ ပြည်တွင်းအခွန်များ ဦးစီးဌာနက အကြီးတန်းအရာရှိ တစ်ဦးက ရှင်းပြပါတယ်။
အဆင့်မြင့်ဈေးများတွင် အခွန်ထမ်းဦးရေ တစ်သောင်းကျော်ရှိပေမယ့် အခွန်ပေးဆောင်သူမှာ ၅၀၀၀ ကျော်သာ ရှိတယ်လို့ အခွန်မှူးတွေကို ကြီးကြပ် ကောက်ခံစေတာလို့ သူက ပြောပါတယ်။
http://thevoicemyanmar.com/index.php/news/item/924-ygk
Post a Comment