ရန်ကုန်- ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေကို အစအဆုံးဖတ် ကြရန် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီနိုင်ငံလုံးဆိုင်ရာ လူငယ် ညီလာခံသို့ တက်ရောက်လာသည့် ကိုယ်စားလှယ်များကို ဒေါ်အောင်ဆန်းစုကြည်တာဝန်ပေးလိုက်သည်။
‘‘လက်ရှိဖွဲ့စည်းပုံအခြေခံ ဥပဒေထဲမှာ ဘာတွေပါသလဲဆိုတာ ကို ကျွန်မတို့ လူငယ်တွေသိဖို့လိုပါတယ်။ ပထမဦးဆုံးတာဝန်တစ်ခုအနေနဲ့ ပေးလိုက်ပါမယ်။ ဒီညီလာခံကို တက်တဲ့ ညီလာခံကိုယ်စားလှယ်အားလုံး က အခုလက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အစအဆုံးဖတ်ကြပါ’’ဟု ဒေါ်အောင်ဆန်းစုကြည်က ဇူလိုင် ၆ ရက်တွင် ကျင်းပသော လူငယ်ညီလာခံ၌ ပြောကြားခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ဆောင်ရွက်နေသော ဖွဲ့ စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲရေးအတွက် ပြည်သူများကို ထိထိရောက်ရောက်ရှင်းပြနိုင် ရန် ဖွဲ့စည်းပုံအခြေခံဥပဒေကို လူငယ်ကိုယ်စားလှယ်များ ဖတ်ကြရန် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ခြင်းလည်းဖြစ်သည်။
နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမဆုံးအကြိမ်ကျင်းပခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နိုင်ငံလုံးဆိုင်ရာလူငယ်ညီလာခံသို့ တိုင်းနှင့် ပြည်နယ်များ
မှ အဆင့်ဆင့်ရွေးချယ်ခံရသည့် ကိုယ်စားလှယ် ၁၅၀ တက်ရောက်ခဲ့သည်

7 Day Daily
Post a Comment